အတ္တရံတံတား (ချောင်းနှစ်ခွ)

အတ္တရံတံတား(ချောင်းနှစ်ခွ)သည် မွန်ပြည်နယ် တွင်ရှိသည့်တံတား တစ်စင်းဖြစ်သည်။ ချောင်းနှစ်ခွရွာ၊ ကျိုက်မရောမြို့နယ် အနီး အတ္တရံမြစ် ကိုဖြတ်သန်းတည်ဆောက်ထားသည့် တံတား ဖြစ်ကာ မုဒုံ - ကြာအင်းဆိပ်ကြီး အဝေးပြေးလမ်းမ ပေါ်တွင်ရှိသည်။[၁] သံမဏိသံပေါင်တံတားဖြစ်သည်။၂၈၀ မီတာ(၉၉၈ ပေ)ရှည်သည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် တံတားမှာ မိုင်းထိမှန်ပျက်စီးကာ ကျိုးကျသွားခဲ့သည်။[၂][၁]

ကိုးကား ပြင်ဆင်ရန်