[၁] အတ္တာနုဝါဒဘေး, ပရာနုဝါဒဘေး, ဒဏ္ဍဘေး, ဒုဂ္ဂတိဘေး-ဟူသော ဘေးတစ် မျိုးမျိုးနှင့် တွေ့ကြုံရင်ဆိုင်ရမည်ကို ရှုဆင်ခြင်သူသည် ဒုစရိုက်တရားများကို ပယ်စွန့်၍ သုစရိုက်တရားများကို ပွားများပုံ၊ မိမိကိုယ်ကို စင်ကြယ်အောင် စောင့်နိုင်ပုံကို အကျယ် ရှင်းလင်း ဟောကြားတော်မူသည့်သုတ်။

ဤသုတ်ဝယ် ဒဏ္ဍဘေးကို ဟောရာ၌ (၂၅) ပါးသော ဘေးသရုပ်ကို ဟောကြားတော်မူသည်။

အဋ္ဌကထာ၌ -ဒဏ္ဍဘေးဟူသည် (၃၂)ပါးသော ကံကြမ္မာကို စွဲ၍ ဖြစ်သော ဘေးဟု ဖွင့်သည်။ အတ္တာနုဝါဒဘေးနှင့် ဒုဂ္ဂတိဘေးတို့ကို ရှုဆင်ခြင်သူ၌ ဟိရိဖြစ်ပုံ, ပရာနုဝါဒဘေး ရှုဆင်ခြင်သူ၌ ဩတ္တပ္ပဖြစ်ပုံ, ထိုဟိရိနှင့် ဩတ္တပ္ပသည် ထိုပုဂ္ဂိုလ်အား စတုပါရိသုဒ္ဓိသီလဖြစ်ပုံ၊ သီလ၌တည်၍ ဝိပဿနာကို ပွားများလျှင် အရဟတ္တဖိုလ်၌ တည်နိုင်ပုံကို ဖွင့်ပြတော်မူသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၁၊၄၃၆-၈။ အံ၊မြန်၊၁၊၄၄၉-၄၅၁။ အံ၊ဋ္ဌ၊၂၊၃၃၁။ အံ၊ဋီ၊၂၊၃၂၆။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ တတိယပဏ္ဏာသက၊ (၁၃)၃-ဘယဝဂ္ဂ၊ ပဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ