အထက်မြန်မာပြည်ဓါတ်ပုံအသင်း

မြန်မာနိုင်ငံရှိ ဓာတ်ပုံအသင်းကြီးများထဲတွင် တစ်ခုအပါအဝင်ဖြစ်သော NGO အသင်းတစ်ခုဖြစ်သည်

အထက်မြန်မာပြည်ဓာတ်ပုံအသင်းသည် မြန်မာနိုင်ငံရှိ ဓာတ်ပုံအသင်းကြီးများထဲတွင် တစ်ခုအပါအဝင်ဖြစ်သော NGO အသင်းတစ်ခုဖြစ်သည်။

အထက်မြန်မာပြည်ဓာတ်ပုံအသင်း
Upper Myanmar Photographic Society
အတိုကောက်UMPS
ဖွဲ့တည်ချိန်၉ ဧပြီ ၁၉၇၂ (၁၉၇၂-၀၄-၀၉)
တည်ထောင်သူဗိုလ်မှူးဗတင် (ပထမဆုံးဥက္ကဋ္ဌ)
အမျိုးအစားဓာတ်ပုံအသင်း
တည်နေရာ
ဝန်ဆောင်မှုနည်းလမ်းPhoto Contest
ဥက္ကဋ္ဌဦးစစ်သွေးကျော်
အရေးကြီးပုဂ္ဂိုလ်များ
ဦးထွန်းထွန်း (အတွင်းရေးမှူး)
အထက်မြန်မာပြည်ဓာတ်ပုံအသင်းဖွဲ့စည်းစဉ်လက်ရေးမူ မူပိုင်−ဦးသောင်းထွဋ်
ဖိုင်:UMPS2019-2020.jpg
၂၀၁၉−၂၀၂၀ အလုပ်အမှုဆောင်များ

အသင်းကြီး စတင်တည်ထောင်သောနေ့ရက်နှင့် ဖွဲ့စည်းစဉ်က ပါဝင်သော ပုဂ္ဂိုလ်များမှာ ၁၉၇၂ ခုနှစ် ဧပြီလ (၉)ရက် တနင်္ဂနွေနေ့ (၁၃၃၃ ခုနှစ် နှောင်းတန်ခူးလပြည့်ကျော် ၁၁ ရက်) တွင် အသင်းသား (၄၉) ယောက်က လျှို့ဝှက် ဆန္ဒမဲပေး၍ ဥက္ကဋ္ဌ  ဗိုလ်မှူးဗတင်၊ ဒု ဥက္ကဋ္ဌ  ဦးအောင်ဒင်၊ အတွင်းရေးမှူး ဦးခင်မောင်လေး(ဟံသာဝတီ)၊ တွဲဖက်အတွင်းရေးမှူး ဦးအေးမောင်(ချယ်ရီ)၊ ပြန်ကြားရေးမှူး ဦးလှမြင့် (ကြေးမုံ)၊ ဘဏ္ဍာရေးမှူး ဦးဘသိန်း(ရွှေကျေး)၊ စာရင်းစစ် ဦးသိန်းမောင်(မလွန်)၊ အဖွဲ့ဝင်များအဖြစ် ဦးမောင်မောင်လွင်(အင်းဝ)၊ ဦးချစ်ဝိန်၊ ဦးခင်မောင်ညီ၊ ဦးမြတ်ကျော်(မိုးကျော်သူ)၊ ဦးအောင်သန်း(ပိုက်ကျုံး)၊ ဦးအောင်ကြီး(ဝါးတန်း) တို့ပါဝင်သော အမှုဆောင်အဖွဲ့ကို ရွေးချယ်ပြီး အထက်မြန်မာပြည်ဓာတ်ပုံ အသင်းကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။[၁]

ယခုအခါ အသင်းရုံးခန်းအား ရတနာပုံ စူပါစင်တာ စတုတ္ထအထပ် ၊ ၃၄ လမ်း၊ ၇၇ နှင့်၇၈ လမ်းကြား ၊ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့တွင် ဖွင့်လှစ်ထားသည်။[၂]

လုပ်ဆောင်ချက်များ ပြင်ဆင်ရန်

မော်ဒယ် အလှ ရိုက်ကူးခြင်း၊ ခရီးတို ခရီးရှည် ထွက်၍ ဓာတ်ပုံရိုက်ကူးခြင်း၊ လူသစ်တန်း နှင့် အကြီးတန်း ခွဲ၍ လစဉ် ဓာတ်ပုံပြိုင်ပွဲများကျင်းပခြင်း၊ Online ဓာတ်ပုံပြိုင်ပွဲများကျင်းပခြင်း၊ နှစ်စဉ် ဇန်နဝါရီလ တွင် နှစ်ပတ်လည် ဓာတ်ပုံပြိုင်ပွဲများ ကျင်းပခြင်း၊ ဓာတ်ပုံပညာ ပြန့်ပွား‌ရေးအတွက်  သင်တန်းများဖွင့်လှစ်ခြင်း၊ Workshop နှင့် စကားဝိုင်းများ ဟောပြောပွဲများကျင်းပခြင်းတို့ကိုဆောင်ရွက်လျက်ရှိသည်။


အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၏  ဖိတ်ခေါ်ဓာတ်ပုံ ပြိုင်ပွဲများ၊ ဓာတ်ပုံသင်တန်းများကိုလည်း စီစဉ် ကျင်းပပေးလျက်ရှိသည်။ အစိုးရဌာနများအတွက် ဖွင့်လှစ်သော ဓာတ်ပုံပညာရပ်ဆိုင်ရာ သင်တန်းများတွင်လည်း အသင်းမှ ပါဝင်ဆောင်ရွက်ပေးလျက်ရှိသည်။[၂]

အသင်းကြီး၏သက်တမ်း ပြင်ဆင်ရန်

၂ဝ၂၂ ခုနှစ် တွင်  နှစ်(၅ဝ) ရွှေရတု ပြည့်မည်ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. အထက်မြန်မာပြည်ဓာတ်ပုံအသင်းဖွဲ့စည်းစဉ်လက်ရေးမူ မူပိုင်−ဦးသောင်းထွဋ်
  2. ၂.၀ ၂.၁ မန္တလေးလမ်းညွှန် − Mandalay Directory[လင့်ခ်သေ]

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်

 
2020-2021 အမှုဆောင်များစာရင်း