အောင်ဇံဝေ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၈၈ -
 
==ပညာရေး==
ရန်ကုန်မြို့ [[အ.ထ.က(၆)ဗိုလ်တထောင်|စိန်ပေါလ်အထက်တန်းကျောင်း]]တွင် ပညာသင်ကြားသည်။ ထို့နောက် [[သီရိလင်္ကာနိုင်ငံ]] ကိုလံဘိုမြို့ရှိလံဘိုမြို့ရှိ မဟာဗောဓိကောလိပ်တွင် ဆက်လက် ပညာသင်ကြားရာ လန်ဒန် မက်ထရစ် အောင်သည်။ [[ပထမ ကမ္ဘာစစ်]] ဖြစ်ပွားချိန်တွင် ပညာသင်ရပ်၍ စစ်တွေမြို့ သို့ ပြန်ခဲ့ရာ ကာလကတ္တားမြို့တွင် သောင်တင် နေခိုက် ဘုံဘေပြည်နယ် ပူးနားမြို့ ရှိ စိုက်ပျိုးရေး သိပ္ပံကျောင်း တွင် စိုက်ပျိုးရေး ပညာရပ်များကို သင်ကြားဆည်းပူးခဲ့သည်။
 
ပထမ ကမ္ဘာစစ်ကြီး ပြီး၍ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်လာသော အခါ မှော်ဘီ၊ ပျဉ်းမနား၊ တပ်ကုန်း၊ မန္တလေး စသော မြို့များရှိ စိုက်ပျိုးရေး ဥယျာဉ်များ တွင် စိုက်ပျိုးရေး ပညာကို လက်တွေ့လုပ်ကိုင်ရင်း ဆက်လက် လေ့လာ ဆည်းပူးခဲ့သည်။ ၁၉၃၁ တွင် မြန်မာဘုရင်ခံ [[ဆာ ချားလ် အင်းနစ်]]၏ စိုက်ပျိုးရေး ပညာ နှင့် စပ်လျဉ်းသော ဂုဏ်ထူးဆောင် လက်မှတ် နှင့် ရွှေတံဆိပ်ဆုကို ချီးမြှင့်ခံခဲ့ရသည်။