ငရဲ: တည်းဖြတ်မှု မူကွဲများ

→‎ငရဲကြီး ရှစ်ထပ်: ဆဋ္ဌမငရဲမှာ သောတာပန်ငရဲဖြစ်နေတယ်။ တာပနငရဲ ဖြစ်ရမှာ
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲ: နောက်ပြန်ပြင်ခဲ့ပြီး
စာကြောင်း ၃၃ -
 
==ငရဲကြီး ရှစ်ထပ်==
၁၂၆၃
၁၂၆၃ ခုနှစ်တွင် ဘီးလင်းမြို့နေ စစ်ကဲတော်ကြီး ဦးရွှေနော်စီရင်သော အာဒိကပ္ပ ကမ္ဘာဦးကျမ်းအလိုအားဖြင့် ငရဲဘုံ ဖြစ်တည်ခြင်းအကြောင်းမှာ ဤသို့တည်း။
<gallery>
'ကမ္ဘာဖြစ်တည်ခြင်းနှင့် တစ်ပြိုင်နက်ဖြစ်သော အပါယ်ငရဲရှစ်ထပ်တို့၏ တည်ရာအရပ် အစောက်သည်ကား အပေါ်ပထမဖြစ်သော သိဉ္ဇိုဝ်းငရဲ၏ တည်ရာဌာနသည်ကား ယူဇနာ ရှစ်ထောင့်ခြောက်ရာ ရှိ၏။ ယင်းအောက် ဒုတိယဖြစ်သော ကာလသုတ်ငရဲ တည်ရာဌာနသည်ကား ယူဇာနာရှစ်ထောင့်ရှစ်ရာရှိ၏။ ယင်းအောက် တတိယဖြစ်သော သင်္ဃာငရဲတည်ရာဌာနသည်ကား ယူဇနာ ကိုးထောင်ရှိ၏။ ယင်းအောက် စတုတ္ထငရဲဖြစ်သော ရောရုဝ ငရဲတည်ရာဌာနသည်ကား ယူဇနာကိုးထောင့်
Example.jpg|Caption1
နှစ်ရာ ရှိ၏။ ယင်းအောက် ပဉ္စမဖြစ်သော မဟာရောရုဝငရဲ တည်ရာဌာနသည်ကား ယူဇနာ ကိုးထောင့်လေးရာ ရှိ၏။ ယင်းအောက် ဆဋ္ဌမဖြစ်သော တာပနငရဲသည်ကား ယူဇနာကိုးထောင့်ခြောက်ရာ ရှိ၏။ ယင်းအောက် သတ္တမဖြစ်သော မဟာတာပန ငရဲတည်ရာဌာနသည်ကား ယူဇနာ ကိုးထောင့် ရှစ်ရာရှိ၏။
Example.jpg|Caption2
ယင်းအောက် အဋ္ဌမဖြစ်သော မဟာအဝီစိ ငရဲ တည်ရာဌာနသည်ကား ယူဇနာ တစ်သောင်းရှိ၏။ ထိုငရဲ တစ်ဘုံနှင့် တစ်ဘုံအခြား အကွာယူဇနာ ခုနစ်ရာစီချည်းနှင်နှင်ခြား
</gallery>
ကွာ၏။ ထိုငရဲရှစ်ထပ်တို့၌ တစ်ခဲနက် သံမြေခံကုန်၏။ နံရံလေးဖက်သည်လည်း တစ်ခဲနက် သံမြေပင်ကာရံလျက် ဖြစ်၏။ အထက် အပေါ်ကလည်း ထို့အတူ တစ်ခဲနက် သံမြေ လွှမ်းမိုး၏။ ထိုငရဲဲရှစ်ထပ်နှင့် တစ်ပြိုင်နက်တည်ရာ အသူရကာယ်တို့သည် ဝေဟပ္ဖိုလ် ဗြဟ္မာ့ဘုံမှ မိမိတို့ ကုသိုလ်ကံကုန်သည် ဖြစ်၍၊ မိမိတို့ ပြုဘူးသော ကုသိုလ်ကံ တိုက်တွန်းသဖြင့်၊ ကမ္မက္ခယစုတေခြင်းဖြင့် စုတေခဲ့ပြီးလျှင်၊ မိမိတို့အကုသိုလ်ကံနှင့် လျော်သင့်ရာ၊ နှစ်ကြိမ် သုံးကြိမ်ကာလ အခြားမရှိ၊ စုတိ ပဋိသန္ဓေဖြစ်၍ သိဉ္ဇိုဝ်း၊ ကာလသုတ်၊ သင်္ဃာတ၊ ရောရုဝ၊ မဟာရောရုဝ၊ တာပန၊ မဟာတာပန၊ မဟာအဝီစိ ဟူသော ငရဲကြီးရှစ်ထပ် တို့၌ အသူရကာယ်ဖြစ်သော ငရဲသူတို့သည်
#REDIRECT [[
ရွှေအဆင်းကဲ့သို့ ချည်းနှင်နှင် အသီးအသီး များစွာ ဖြစ်ကြကုန်၏။ ထိုနှင့် တစ်ပြိုင်နက် ဘုံနန်းဗိမာန်၊ ရေကန်ဥယျာဉ်၊ သစ်ပင်နွယ်ကြိမ်၊ တောအုံ ချုံမြက်၊ အိုင်အင်း တောင်ကမ်းနှင့် တကွ၊ ဓား၊ လှံ၊ ခက်ရင်း၊ ရဲတင်း၊ ပုဆိန်၊ သံတံကျင်၊ သန်လျက်၊ သနတည်းဟူသော အသုံးအဆောင်မျိုးတို့သည် ဖြစ်ကြကုန်၏။ အဝန်း ယူဇနာ ကိုးဆယ်၊ အစောက်ယူဇနာ သုံးဆယ်ရှိသော တစ်ခဲနက် သံအိုးကင်းကြီးတစ်ခု၊ ယင်း သံအိုးကင်းကြီးတစ်ခုကို အဝန်း ယူဇနာသုံးဆယ်၊ အစောက် ယူဇနာ တစ်ဆယ်၊ တစ်ခဲနက် ပြီးသော သံအိုးကင်းငယ် တစ်ဆယ့်ခြောက်လုံး စီရံလျက်၊ ငရဲကြီးတစ်ထပ် တစ်ထပ်တို့ ဖြစ်ကြကုန်၏။ ထို့ပြင် ငရဲကြီး ရှစ်ထပ်တို့တွင် တစ်ထပ်
{| class="wikitable"
တစ်ထပ်မှာ ရှစ်မျက်နှာ၊ ရှစ်မျက်နှာတို့တွင် အငယ်ဖြစ်သော ဥဿဒ္ဒရက်ငရဲ၊ တစ်မျက်နှာကို နှစ်လုံးနှစ်လုံးစီ၊ ယူဇနာ တစ်ထောင့်ငါးရာစီ ခြားလျက် ရံ၍ ဖြစ်ကြကုန်၏။'
|+ Caption text
ငရဲကြီးရှစ်ထပ်တို့တွင် မည်သို့ပင် သတ်ဖြတ် ညှဉ်းဆဲသောလည်း ကံမကုန်သမျှ အဖန်ဖန် အသက်ရှည်၍ ခံရသောငရဲကား၊ သိဉ္ဇိုဝ်းငရဲတည်း။ မည်းနက်သော တစ်မျဉ်းကြိုးဖြင့် ချတိုင်း၍ သစ်ရွေ သကဲ့သို့ လှီးဖြတ်ခြင်းခံရသော ငရဲကား ကာလသုတ် ငရဲတည်း။ သံတောင်သံခဲကြီးတို့ဖြင့် အဖန်ဖန် လှိမ့်မွှေကြိတ်ချေ ညှဉ်းဆဲခြင်းခံရသော ငရဲကား သင်္ဃာတ ငရဲတည်း။ မီးတောက် မီးလျှံတို့ဖြင့် အဖန်ဖန် လောင်ကျွမ်းနှိပ်စက်ခံရ၍ ကျယ်လောင်စွာ အော်ဟစ်မြည်ကြွေးသော အသံ
|-
ရှိသည့် ငရဲကား ရောရုဝ ငရဲတည်း။ မီးခိုးမီးအုံတို့ဖြင့် ပိတ်ဖုံး နှိပ်စက်ခံရ၍ ကယ်ပါယူပါ ပြင်းစွာ အော်မြည်နေရသော ငရဲကား မဟာရောရုဝတည်း။ သံတံကျင်ကြီးတို့ဖြင့် ထိုးဖောက်ခြင်းကို ခံရ၍ တစ်ကိုယ်လုံး မီးလျှံစွဲအောင် သံတွေခဲထဲ၌ အမြဲကင်ဖုတ် ခံရေသော ငရဲကား တာပနငရဲတည်း။ အလျှံ ရဲပြောင်နေသော သံတောင်ကြီးပေါ်သို့ ရိုက်နှက် မောင်းတင်ခြင်း ခံနေရ၍ မြေထက်၌ စိုက်ထောင်ထားသော လှံသွားများပေါ်သို့ ဦးခေါင်းပြောင်းပြန်ကျသော ငရဲကား မဟာတာပန
! ခေါင်းစဉ် စာသား !! ခေါင်းစဉ် စာသား !! ခေါင်းစဉ် စာသား
တည်း။ မီးလျှံနှင့် ငရဲသားပါ ဆင်းရဲဒုက္ခနှင့်အတူ အကြားမရှိ ပြည့်နှက်နေသော ငရဲကား အဝီစိငရဲတည်း။
|-
 
| ဥပမာ || ဥပမာ || ဥပမာ
ဒေဝဒူတသုတ်အရ ငရဲကြီးရှစ်ထပ်တွင် တစ်ထပ်တစ်ထပ်၌ လေးမျက်နှာစီရှိရာ တစ်မျက်နှာလျှင် ဥဿဒ္ဒရက် ငရဲငယ် ငါးမျိုးစီ ခြံရံနေရကား ငရဲကြီးတစ်ထပ်၏ ပတ်ဝန်းကျင်၌ ငရဲငယ်ပေါင်း ၂ဝ ရှိလေသည်။ ထိုငရဲငါးမျိုးကား ဂူထပုတိက ခေါ် ဘင်ပုတ်ငရဲ၊ ကုက္ကုလုဏှခေါ် ပြာပူငရဲ၊ သိမ္ဗလိခေါ် လက်ပံတော်ငရဲ၊ အသိပတ္တခေါ် သန်လျက်တောငရဲ၊ ခါရောဒက ခေါ် ကြိမ်ပိုက်မြစ်ငရဲ ဟူလေသည်။ မန်လည်ဆရာတော်ဘုရား၏ မဃဒေဝလင်္ကာစကားအရ တစ်နည်းအားဖြင့် ငရဲငယ် ဆယ်ပါးရှိ၏။ ယင်းတို့ကား သားငါးတို့ကို ကျိုဘိသကဲ့သို့သော လောဟကုမ္ဘီခေါ် ကြေးနီအိုးငရဲ၊ သင်ဓုန်းဓားဦးဖျားကဲ့သို့ အဆူးရှိသော လက်ပံငရဲ၊ သန်လျက်ဖြင့် ဖြတ်သကဲ့သို့သော အသိခနငရဲ၊ ပွက်ပွက်လျှံဝေ၊ ကြေးနီရေဖြင့် လောင်းသကဲ့သို့သော တမ္ဗောဒကငရဲ၊ မီးကျီလျှံသို့ ပူသော အယောဂုဠငရဲ၊ သံမီးရောင်ထသော ကျောက်တောင်ကဲ့သို့သော သေလပဗ္ဗတငရဲ၊ ဆူပွက်သည့် မြစ်ချောင်းကဲ့သို့သော ဘုသနဒီငရဲ၊ ရိုးတွင်းခြင်ဆီ ချမ်းအောင်အေးသော သီတနဒီငရဲ၊ ခွေးဘီလူးတို့ ကိုက်ခဲသော ခွေးငရဲ၊ သွေးချောင်း
|-
စီးသော ယန္တပါသာငရဲဟူတည်း။
| ဥပမာ || ဥပမာ || ဥပမာ
 
|-
သိုးဆောင်းစာပေတွင် ဒန်တီ၏ ငရဲခန်းသည် ထင်ပေါ်ကျော်ကြားသကဲ့သို့ မြန်မာစာပေတွင် မြန်မာသက္ကရာဇ် ၉ဝဝ ခန့်က ရှင်အဂ္ဂသမာဓိ ရေးသားသော နေမိငရဲခန်းပျို့သည် ထင်ပေါ်ကျော်ကြားပေသည်။ ရှင်အဂ္ဂသမာဓိသည် နေမိဇာတ်တော်ကို နိက္ခမခန်း (နေမိမဂ္ဃစိုးခန်း)ပျို့၊ ငရဲခန်းပျို့၊ ဘုံခန်းပျို့ဟူ၍ သုံးပိုင်းခွဲကာ ပျို့သုံးစောင် စီရင်ခဲ့ရာ၊ ယင်းပျို့ သုံးစောင်စလုံးသည် မြန်မာစာပေသမိုင်းတွင် ဥဒါန်းတွင်ရစ် ခဲ့ပေသည်။ အထူးသဖြင့် ငရဲခန်းပျို့နှင့် ဘုံခန်းပျို့တို့ကို 'ငရဲခန်းက ခြောက်လွန်းသည်၊ ဘုံခန်းက မြေ|ာက်လွန်းသည်'ဟု မြန်မာတို့ ဆိုစမှတ်ပြုကြကုန်၏။ သို့သော် ရှင်အဂ္ဂသမာဓိ၏ ရည်ရွယ်ချက်ကား ငရဲခန်း၌ သတိသံဝေဂ ရကြစေ၍ ဘုံခန်း၌ ကောင်းမှုကုသိုလ်ဖြင့် ကောင်းမြတ်ရာ သုဂတိသို့ လားကြရန် ရည်သန်ရင်းဖြစ်လေရာ အထူးသဖြင့် ငရဲခန်းကို ထိတ်လန့်၍ ကြက်သီးမွေးညင်း ထလောက်သော စကားတို့ဖြင့် ဖွဲ့နွဲ့စပ်ဆိုခဲ့ လေသည်။ ငရဲ၏ ဒုက္ခကို လူတို့စိတ်၌ ကွင်းကွင်းကွက်ကွက် ပေါ်လေအောင် ဖွဲ့နွဲ့ရာ၌ 'မျက်ဆန်ခါတုတ်လေ၏တည်း'၊ 'အရေခွာဆုတ်လေ၏တည်း'၊ 'လွေ့လွေ့သတ်ပုတ်လေ၏တည်း'၊ 'ဦးခေါင်းဖြတ်ခုတ်လေ၏တည်း'၊ 'ဆင်းရဲ အလှေ အလှောင်းတည်း'၊ 'ကြွေးဟစ်ငိုကြ သောင်းသောင်းတည်း' ဟူသော သာမန် အရပ်သူအရပ်သားတို့ အဓိပ္ပာယ် သိလွယ်မြင်လွယ်သော စကားတို့ကို သုံးနှုန်းထားလေရာ လူ၏စိတ်ကိုများစွာ ထိခိုက်စေလေသည်။ ယင်းသို့ သံဝေဂတရား ပွားများစေသော စိတ်ကို နှိုးဆွပြီးမှ၊ 'ထွေထွေပြားပြား၊ မှတ်သားကုန်ပါ၊ လူတကာတို့၊ ဇရာမရဏ၊ အနိစ္စသည်၊ မြဲမတည်သည့်၊ လူ့ပြည်နတ်ရွာ၊ ဗြဟ္မာမလွတ်၊ ဖြစ်ပျက်တတ်၏၊ လူနတ်ဗြဟ္မာ၊ သတ္တဝါတို့၊ ခန္ဓာဟူသည်၊ အတည်မရ၊ မရဏတည့်၊ ဒုက္ခရောက်မည်၊ အမှတ်
| ဥပမာ || ဥပမာ || ဥပမာ
တည်၍၊ ရွှေပြည်နိဗ္ဗာန်၊ ချမ်းသာမွန်သို့၊အမှန်ရောက်ကြောင်း၊ ဘုန်းသစ်လောင်း၍၊ ကောင်းကောင်း ကျင့်ကုန်ကျရာ၏တည်း' ဟု သံသရာဝဋ်ဆင်းရဲအပေါင်းမှ လွတ်ကင်းရာ လွတ်ကင်းကြောင်းကို ညွှန်ပြလေသည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)</ref>
|}
]]
 
==ကိုးကား==
"https://my.wikipedia.org/wiki/ငရဲ" မှ ရယူရန်