မြန်မာနိုင်ငံ ဆန္ဒပြမှုများ (၂၀၂၁-လက်ရှိ): တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၈၇ -
တပ်မတော်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော မြန်မာနိုင်ငံ၏ အာဏာရပါတီ [[အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်]]အား နိုင်ငံအုပ်ချုပ်သူနေရာမှ ဖယ်ရှားလိုက်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့နံနက်ခင်းတွင် မြန်မာနိုင်ငံ အာဏာသိမ်းမှု စတင်ခဲ့သည်။ ထိုနေ့ နံနက်အစောပိုင်းမှစ၍ တယ်လီဖုန်း ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားပြီး နံနက် ၈ နာရီ ခန့်တွင် ဝိုင်ဖိုင်ဝန်ဆောင်မှုများပါ ပြတ်တောက်သွားပြီးနောက် တစ်နိုင်ငံလုံး အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ ထို နံနက် ၈နာရီ တွင် [[မြဝတီရုပ်မြင်သံကြား|တပ်မတော်ပိုင် မြဝတီရုပ်သံလိုင်း]]မှ နိုင်ငံတော်အာဏာကို ယာယီသမ္မတ ဦးမြင့်ဆွေ မှ [[တပ်မတော်ကာကွယ်ရေးဦးစီးချုပ်]]ထံသို့ လွှဲအပ်ပြီး [[မြန်မာနိုင်ငံ|နိုင်ငံတော်]]ကို အရေးပေါ်အခြေအနေ တစ်နှစ် ကြေညာခဲ့သည်။ ထိုနေ့ ည‌ပိုင်း မှစတင်ကာ [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ]]ကို ဖွဲ့စည်းကာ [[တပ်မတော်အစိုးရ (၂၀၂၁)|တပ်မတော်အစိုးရ]]အသစ်တစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ [[အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၂၀|၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ]]တွင် အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းကျိန်ဆိုမည့် [[ပြည်ထောင်စုလွှတ်တော်]] မခေါ်ယူမီ တစ်ရက်အလိုတွင် အာဏာသိမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။<ref>{{cite web|date=1 February 2021|title=Myanmar military seizes power, detains elected leader Aung San Suu Kyi|url=https://news.trust.org/item/20210201014444-5u7cm|url-status=live|archive-url=https://web.archive.org/web/20210201053645/https://news.trust.org/item/20210201014444-5u7cm|archive-date=1 February 2021|access-date=1 February 2021|website=Thomson Reuters Foundation News|agency=Reuters}}</ref><ref>{{cite web|date=1 February 2021|title=Myanmar gov't declares 1-year state of emergency: President's Office|url=http://www.xinhuanet.com/english/2021-02/01/c_139712581.htm|url-status=live|archive-url=https://web.archive.org/web/20210201102057/http://www.xinhuanet.com/english/2021-02/01/c_139712581.htm|archive-date=1 February 2021|access-date=1 February 2021|agency=Xinhua News Agency}}</ref><ref>{{cite web|title=Myanmar Leader Aung San Suu Kyi, Others Detained by Military|url=https://www.voanews.com/east-asia-pacific/myanmar-leader-aung-san-suu-kyi-others-detained-military|date=1 February 2021 |website=voanews.com|publisher=VOA (Voice of America)|access-date=1 February 2021|archive-date=3 February 2021|archive-url=https://web.archive.org/web/20210203131316/https://www.voanews.com/east-asia-pacific/myanmar-leader-aung-san-suu-kyi-others-detained-military|url-status=live}}</ref> ထိုနေ့မှာပင် [[မြန်မာနိုင်ငံ၏ သမ္မတ|နိုင်ငံတော်သမ္မတ]] [[ဝင်းမြင့် (နိုင်ငံတော်သမ္မတ)|ဦးဝင်းမြင့်]]နှင့် [[နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်|အတိုင်ပင်ခံပုဂ္ဂိုလ်]] [[ဒေါ်အောင်ဆန်းစုကြည်]]တို့အပါအဝင် [[ပြည်ထောင်စုအစိုးရအဖွဲ့|ပြည်ထောင်စုဝန်ကြီးများ]]၊ ဒုဝန်ကြီးများ၊ [[ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ|တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များ]]၊ ရွေးကောက်ခံကိုယ်စားလှယ်များနှင့် အခြားအရေးပါသူများ ဖမ်းဆီးခံခဲ့ရသည်။<ref name=":0">{{cite news|last=Beech|first=Hannah|date=31 January 2021|title=Myanmar's Leader, Daw Aung San Suu Kyi, Is Detained Amid Coup|newspaper=The New York Times |url=https://www.nytimes.com/2021/01/31/world/asia/myanmar-coup-suu-kyi.html|access-date=31 January 2021|issn=0362-4331|archive-date=31 January 2021|archive-url=https://web.archive.org/web/20210131235036/https://www.nytimes.com/2021/01/31/world/asia/myanmar-coup-suu-kyi.html|url-status=live}}</ref><ref>{{cite news|last1=Mahtani|first1=Shibani |author2=Kyaw Ye Lynn|title=Myanmar military seizes power in coup after detaining Aung San Suu Kyi|url=https://www.washingtonpost.com/world/asia_pacific/myanmar-aung-sun-suu-kyi-arrest/2021/01/31/c780ce6a-6419-11eb-886d-5264d4ceb46d_story.html|date=1 February 2021|access-date=1 February 2021|newspaper=The Washington Post|archive-date=1 February 2021|archive-url=https://web.archive.org/web/20210201182106/https://www.washingtonpost.com/world/asia_pacific/myanmar-aung-sun-suu-kyi-arrest/2021/01/31/c780ce6a-6419-11eb-886d-5264d4ceb46d_story.html|url-status=live}}</ref>
 
စစ်အာဏာသိမ်းမှုသည် [[မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှု|ကိုဗစ်-၁၉ ကပ်ရောဂါ]]ကာလအတွင်း ဖြစ်ပေါ်ခဲ့သည့်အတွက် ကျန်းမာရေးအခြေခံအဆောက်အဦကောင်းများ မရှိသည့် မြန်မာနိုင်ငံအတွက် [[အရှေ့တောင်အာရှ]]တွင် ကိုဗစ်ဖြစ်ပွားမှု ဆိုးရွားသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။ အာဏာသိမ်းမှု မဖြစ်ပွားမီ ရက်အနည်းငယ်အလိုတွင် မြန်မာနိုင်ငံ၌ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်း စတင်ဆောင်ရွက်စဉ် ဖြစ်သည်။<ref name=":51">{{cite news|date=9 February 2021|title=Coronavirus testing collapses in Myanmar after coup|work=Reuters|url=https://www.reuters.com/article/us-health-coronavirus-myanmar-coup-idUSKBN2A90CK|access-date=21 March 2021|archive-date=8 March 2021|archive-url=https://web.archive.org/web/20210308203830/https://www.reuters.com/article/us-health-coronavirus-myanmar-coup-idUSKBN2A90CK|url-status=live}}</ref><ref>{{cite journal|last=Mahase|first=Elisabeth|date=12 March 2021|title=Covid-19: Military coup in Myanmar sees virus response crumble as doctors are arrested|url=https://www.bmj.com/content/372/bmj.n704|journal=BMJ|volume=372|pages=n704|doi=10.1136/bmj.n704|issn=1756-1833|pmid=33712414|s2cid=232199858|doi-access=free|access-date=21 March 2021|archive-date=16 March 2021|archive-url=https://web.archive.org/web/20210316200934/https://www.bmj.com/content/372/bmj.n704|url-status=live}}</ref><ref name=":52"/> ကပ်ရောဂါကြောင့် [[မြန်မာနိုင်ငံ၏ စီးပွားရေး|နိုင်ငံ၏ စီးပွားရေး]]ထိခိုက်ခဲ့ကာ ၂၀၂၀ ခုနှစ်အတွင်း ၁၃ % ကျဆင်းခဲ့သည်။<ref>{{cite web|title=Myanmar's Economy Hit Hard by Second Wave of COVID-19: Report|url=https://www.worldbank.org/en/news/press-release/2020/12/15/myanmars-economy-hit-hard-by-second-wave-of-covid-19-report|access-date=21 March 2021|publisher=World Bank|archive-date=30 March 2021|archive-url=https://web.archive.org/web/20210330125227/https://www.worldbank.org/en/news/press-release/2020/12/15/myanmars-economy-hit-hard-by-second-wave-of-covid-19-report|url-status=live}}</ref>
 
=== ရွေးကောက်ပွဲ ရလဒ် အသိအမှတ်ပြုမှု အခြေအနေ ===
၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များက အာဏာသိမ်းအစိုးရ၏အာဏာသိမ်အစိုးရ၏ တရားဝင်မှုအား အသိအမှတ်မပြုကြပေ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် NLD မှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ၇၀ ခန့်သည် ဥပဒေပြုရေးအတွက် ငါးနှစ်တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း နေပြည်တော်တွင်ပင် ကျမ်းကျိန်ဆိုခဲ့သည်။<ref>{{cite web|date=4 February 2021|title=NLD lawmakers in Nay Pyi Taw defy military, take oath of office|url=https://www.frontiermyanmar.net/en/nld-lawmakers-in-nay-pyi-taw-defy-military-take-oath-of-office/|access-date=6 February 2021|publisher=Frontier Myanmar|archive-date=4 February 2021|archive-url=https://web.archive.org/web/20210204125351/https://www.frontiermyanmar.net/en/nld-lawmakers-in-nay-pyi-taw-defy-military-take-oath-of-office/|url-status=live}}</ref> နောက်တစ်ရက်တွင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၃၀၀ ကျော် တွေ့ဆုံကြသည့် အွန်လိုင်းဇွန်းမ်(Zoom) အစည်းအဝေး၌ အဖွဲ့ဝင် ၁၅-ဦးဖြင့် [[ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ]] (CRPH) ကို ဖွဲ့စည်းခဲ့သည်။<ref name=":16">{{Cite web|date=8 February 2021|title=Amid Coup, Myanmar's NLD Lawmakers Form Committee to Serve as Legitimate Parliament|url=https://www.irrawaddy.com/news/burma/amid-coup-myanmars-nld-lawmakers-form-committee-serve-legitimate-parliament.html|access-date=8 February 2021|publisher=The Irrawaddy|archive-date=27 December 2021|archive-url=https://web.archive.org/web/20211227061607/https://www.irrawaddy.com/news/burma/amid-coup-myanmars-nld-lawmakers-form-committee-serve-legitimate-parliament.html|url-status=live}}</ref><ref>{{cite web|date=5 February 2021|title=Myanmar politicians defy coup, say they are true government|website=[[Associated Press]]|url=https://apnews.com/article/myanmar-coup-politicians-a576dcd73070070877e8d567ec5e8a5c|access-date=6 February 2021|agency=AP NEWS|archive-date=20 October 2021|archive-url=https://web.archive.org/web/20211020032215/https://apnews.com/article/myanmar-coup-politicians-a576dcd73070070877e8d567ec5e8a5c|url-status=live}}</ref><ref>{{cite news|date=8 February 2021|title=After a decade of change in Myanmar, fear of the past drives anti-coup protests|work=Reuters|url=https://www.reuters.com/article/us-myanmar-politics-past-idUSKBN2A70HI|access-date=8 February 2021|archive-date=22 October 2021|archive-url=https://web.archive.org/web/20211022070405/https://www.reuters.com/article/us-myanmar-politics-past-idUSKBN2A70HI|url-status=live}}</ref>
 
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် [[ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်]]၊ [[လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ]]၊ [[ကရင်အမျိုးသားပါတီ]]နှင့် [[အရှိုချင်းအမျိုးသားပါတီ]] အပါအဝင် နိုင်ငံရေးပါတီများက [[နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ]]တွင် ပါဝင်ရန် ကမ်းလှမ်းမှုများအား လက်မခံကြောင်း ထုတ်ပြန်ခဲ့ကြသည်။<ref name=":5">{{cite web|title=SNLD, DPNS reject offer to participate in new government|url=https://elevenmyanmar.com/news/snld-dpns-reject-offer-to-participate-in-new-government|access-date=6 February 2021|newspaper=Eleven Media Group Co., Ltd|archive-date=6 February 2021|archive-url=https://web.archive.org/web/20210206053301/https://elevenmyanmar.com/news/snld-dpns-reject-offer-to-participate-in-new-government|url-status=live}}</ref> အာဏာသိမ်းခြင်းအား ကန့်ကွက်ကြောင်း၊ တပ်မတော်နှင့် လက်ရှိအာဏာရအစိုးရတို့အကြား တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဖြင့် ပြေလည်နိုင်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါအား ကာကွယ်ထိန်းချုပ်ရေးလုပ်ဆောင်နေစဉ်ကာလအတွင်း အာဏာသိမ်းခြင်းက အခက်အခဲများဖြစ်ပေါ်စေကြောင်း [[ကရင်နီအမျိုးသားတိုးတက်ရေးပါတီ]]က ကြေညာချက် ထုတ်ပြန်ခဲ့သည်။<ref>{{cite web|date=8 February 2021|title=Karenni National Progressive Party urges NLD and Tatmadaw to negotiate|url=https://www.mmtimes.com/news/karenni-national-progressive-party-urges-nld-and-tatmadaw-negotiate.html|access-date=8 February 2021|newspaper=The Myanmar Times|archive-date=19 August 2021|archive-url=https://web.archive.org/web/20210819063030/https://www.mmtimes.com/news/karenni-national-progressive-party-urges-nld-and-tatmadaw-negotiate.html|url-status=dead}}</ref>
 
စစ်အာဏာသိမ်းခြင်းသည်တပ်မတော်မှအာဏာရယူချင်းသည် ပြစ်မှုမြောက်ပြီး [[အိမ်စောင့်အစိုးရ (၂၀၂၁)|စစ်အစိုးရ]]အားနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် တရားဝင်မှုမရှိသည့်အတွက် ဖျက်သိမ်းကြောင်း ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ထုတ်ပြန်ခဲ့သည်။<ref name=":16"/> အရပ်သားအစိုးရအပေါ် တပ်မတော်က ကျူးလွန်ခဲ့ခြင်းသည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၆ အရ ပြစ်မှုမြောက်ကြောင်း ကော်မတီက ဆိုသည်။<ref name=":16"/> ကုလသမဂ္ဂ သံတမန်များနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် တရားဝင်အစိုးရရေးရာများအတွက် CRPH အား ဆက်သွယ်ရန် ကော်မတီက ပြောဆိုခဲ့သည်။<ref name=":16"/>
 
ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံးက ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာ လတ်တလော ဆန္ဒပြမှုများအား ထောက်ခံကြောင်း၊ စစ်အာဏာသိမ်းခြင်းသည် အာဏာရှင်စနစ် သက်ဆိုးရှည်စေနိုင်ကြောင်းနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ညှိနှိုင်းဆွေးနွေးအဖြေရှာကြရန် တိုက်တွန်းကြောင်းများ ပါဝင်ခဲ့သည်။<ref>{{Cite web|date=14 February 2021|title=တပ်မတော်မှ အာဏာကို သိမ်းယူပြီးနောက် ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံ၏ သဘောထားထုတ်ပြန်ချက် |url=https://www.knuhq.org/admin/resources/statements/pdf/final%2020210214_KNU_Statement_After%20Coup(Burmese_Version)%20Final%20-1(14%20Feb%202021).pdf|url-status=live|archive-url=https://web.archive.org/web/20210215034954/https://www.knuhq.org/admin/resources/statements/pdf/final%2020210214_KNU_Statement_After%20Coup(Burmese_Version)%20Final%20-1(14%20Feb%202021).pdf|archive-date=15 February 2021|access-date=18 February 2021|publisher=Karen National Union|language=my}}</ref>