ထီးလှိုင်ရှင်စေတီ: တည်းဖြတ်မှု မူကွဲများ

No edit summary
ရှမ်ပြည်လားရီူးshwehmoneaလေမောင်ပြုံးsoeLinရာဇဝင်
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁ -
ရှမ်ပြည်နယ်လားရီူးshwehmonea‌ေလ‌ေမာင်ပြုံးsoeLinရာဇဝင်'''ထီးလှိုင်ရှင်စေတီ'''သည် [[အင်းဝ|အင်းဝမြို့ဟောင်း]] စည်တိုပုံမြို့ရိုးအတွင်း [[မယ်နုအုတ်ကျောင်း]]၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။ [[ပုဂံခေတ်]]တွင် [[ကျန်စစ်သား|ကျန်စစ်သားမင်း]]သည် [[အနော်ရထာ]]မင်း၏ အမျက်ဘေးမှ တိမ်းရှောင်စဉ်က ဤကုန်းမြေကို ရောက်ရှိခဲ့သည်။ ဤကုန်းမြေတွင် နားနေစဉ် နောက်မှ ထပ်ကြပ်မကွာလိုက်ပါလာသော တပ်များသည် ကျန်စစ်သားအား မျက်စိအောက်တွင် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်၍ ကြောက်စိတ်ဝင်ပြီး ရှောင်ပြေးကြသည်ဟု ဆိုသည်။ ဤအဖြစ်ကို တွေ့မြင်သော ကျန်စစ်သားသည် ဤကုန်းမြေအား အောင်မြေအဖြစ် သတ်မှတ်ခဲ့သည်။ နန်းစံဘုရင်အဖြစ်သို့ရောက်သောအခါ ဤနေရာတွင် ထီးလှိုင်ရှင်ဘွဲ့အမည်ဖြင့် စေတီတည်ထားသည်။ မြန်မာသက္ကရာဇ် ၇၂၆-ခုနှစ်တွင် သတိုးမင်းဖျားသည် ဤထီးလှိုင်ရှင်ကုန်းကို အမှီပြု၍ အင်းဝနေပြည်တော်ကို တည်ထောင်ခဲ့သည်။
 
[[ဘကြီးတော်မင်း]] လက်ထက်တွင် မိဖုရားခေါင်ကြီး မယ်နုသည် ဤစေတီကြီးကို ရွှေသင်္ကန်းကပ်လှူပူဇော်၍ ထီးတော်သစ် တင်လှူပူဇော်စေခဲ့သည်။ စေတီမှာ မြေစိုက်စေတီအမျိုးအစားဖြစ်သည်။ ဂေါပကအဖွဲ့မှ အနီးကပ်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပြီး [[ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန]]အနေဖြင့်လည်း လိုအပ်သော အကြံဉာဏ် ကျွမ်းကျင်မှုဆိုင်ရာ အကူအညီများပေး၍ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။