ဇောတိက (မဟာမြိုင်တောရ ဆရာတော်)

၁၆:၀၅၊ ၂၈ ဇွန် ၂၀၂၀ နေ့က Dhawell.hlugalay (ဆွေးနွေး | ပံ့ပိုး) (ဆရာတော်ဦးဇောတိက စာမျက်နှာကို ဖန်တီးလိုက်သည်။) တည်းဖြတ်သည့်မူ

ဆရာတော်ဦးဇောတိကသည် ဗုဒ္ဓဘာသာ ရဟန်းတော်တပါးဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် ထင်ရှားကျော်ကြားသော စာရေးဆရာတစ်ယောက်လည်း ဖြစ်သည်။

လူဝတ်ကြောင်ဘဝ

ဆရာတော်ဦးဇောတိကကို ၁၉၄၇-ခုနှစ် ဩဂုတ်လ ၅-ရက်နေ့တွင် မော်လမြိုင်မြို့တွင် မွေးဖွားခဲ့သည်။ သူသည် အခြေခံပညာရေးကို ရိုမန်ကက်သလစ် သာသနာပြုကျောင်းတွင် သင်ကြားခဲ့သည်။ သူငယ်ရွယ်စဉ်ကာလတွင် မည်သည့်ဘာသာရေးကိုမှ ဘာသာဝင်အဖြစ် ပါဝင်ပတ်သက်ခြင်းမရှိခဲ့သော်လည်း ဘာသာတရားပေါင်းစုံတို့၏ သဘောတရားတို့ကို လေ့လာပြီး နားလည်အောင်ကြိုးစားခဲ့သည်။ အနောက်တိုင်း ဒဿနိကဗေဒနှင့် စိတ်ပညာဘာသာရပ်များကို လေ့လာလိုက်စားခဲ့သည်။ ၁၉၇၃-ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်မှ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့သည်။[၁]

ရဟန်းဖြစ်လာခြင်း

လူအများစုသည် သူတို့ဘဝ၏ တန်ဖိုးရှိသောအချိန်များကို ချမ်းသာကြွယ်ဝအောင်ပြုလုပ်ခြင်း၊ လောကီစည်းစိမ်များကို ခံစားခြင်း၊ ကျော်ကြားမှု၊ ဩဇာအာဏာနှင့် ရာထူးနေရာကောင်း ရရှိရေးအတွက် အသုံးချရင်း ကုန်ဆုံးနေကြသော်လည်း ဘဝ၏ ရလာဒ်များအပေါ် ကျေနပ်နှစ်သက်မှုမရှိကြသည်ကို သူကတွေ့ခဲ့ရသည်။ ဗုဒ္ဓနည်းကျ တရားထိုင်ခြင်းဖြင့် စိတ်တည်ငြိမ်အေးချမ်းမှုရသဖြင့် တရားထိုင်မှုအပေါ် သူအလွန်စိတ်ဝင်စားလာခဲ့သည်။ ထိုကြောင့် အသက် ၂၆-နှစ်အရွယ်တွင် မိသားစုကို စွန့်ခွာခဲ့ပြီး ရှင်သာမဏေ အဖြစ်ကို ခံယူခဲ့သည်။ ၁၉၇၄-ခုနှစ်တွင် မိတ္ထိလာမြို့ တောင်ပုလုတောရ၌ တောင်ပုလုဆရာတော်ကြီးအား ဥပဇ္ဈာယ်ပြု၍ ရဟန်းဘဝသို့ ရောက်ရှိခဲ့သည်။[၁]

ကိုးကား

  1. ၁.၀ ၁.၁ Sayadaw U Jotika။ 2020-06-28 တွင် ပြန်စစ်ပြီး။