ခမာလူမျိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - be:Кхмеры
စာကြောင်း ၄ -
=== မွန်ခမာအစုခွဲများ ===
ယင်းဘာသာစကားကို ပြောဆိုသော သူတို့မှာ ယခင်က ပြင်သစ်ပိုင် အင်ဒိုချိုင်းနားနိုင်ငံများတွင် အာနမ်ပြည်မှအပ နိုင်ငံရေးအရ လည်းကောင်း၊ ယဉ်ကျေးမှုအရလည်းကောင်း အရေးကြီးဆုံးဖြစ်သည့် မဲခေါင်မြစ်ဝှမ်းတောင်ဖက်ပိုင်းရှိ ကမ္ဗောဇနိုင်ငံတွင် အများဆုံး နေထိုင်ကြသည်။ ထိုဒေသ၏ အနောက်ဖက် ယိုးဒယားနိုင်ငံနှင့် အရှေ့ဖက် ကိုချင်ချိုင်းနား နိုင်ငံတို့တွင်လည်း ခမာစကားပြောဆိုသူ အချို့တို့ကို တွေ့နိုင် ပေသေးသည်။
ယင်းတို့နှင့် ဘာသာစကားတူဖြစ်သော အခြားမွန်ခမာ အစုခွဲတွင် ပါဝင်သည့် ဘာသာစကားတို့ကို ပြောဆိုသူများကို ယခု ဗီယက်နမ်နိုင်ငံတွင် ပါဝင်သော မြောက်ဘက် တုံကင်းနယ်မှ အာနမ်တောင်ရိုးတစ်လျောက် တောင်ဘက် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသများ ရှိ ကိုချင်ချိုင်းနားပြည်အထိလည်းကောင်း၊ ရှေ့ဘက် တုံကင်းနယ်မှ လာအိုနယ် ယိုးဒယား မြောက်ပိုင်တို့ကို ဖြတ်၍ အနောက်ဖက်မြန်မာပြည် ကျိုင်းတုံနယ်အထိ ဖြစ်သော ဒေသထိလည်းကောင်း တွေ့ရသည်။ ထိုမှတစ်ပါး မြန်မာနိုင်ငံအတွင်းရှိ မွန်များ၊ ပအိုဝ်းများ၊ ပလောင်များ၊ ဝ များသည်လည်း ယင်းတို့နှင့် အနွယ်တူ ဖြစ်ရာ ကမ္ဗောဒီးယားနေ ခမာတို့မှာ မြန်မာနိုင်ငံ တိုင်းရင်းသားအချို့နှင့် အနွယ်တူနေကြသူများလည်း ဖြစ်ပေသည်။ အခြားအနွယ်တူ လူမျိုးများမှာ အာသံပြည်ရှိ ခါစီလူမျိုးများ၊ အိန္ဒိယပြည် အလယ်ပိုင်းရှိ မုဏ္ဍာလူမျိုးများနှင့် နကဗရီကျွန်းသားများ ဖြစ်သည်။
 
=== လူမျိုးအလိုက်အနွယ် ===
မွန်ခမာအစုခွဲဝင် ဘာသာစကားများကို ပြောဆိုကြသော လူမျိုးတို့အနက်အချို့မှာ မူလတိုင်းဦးသားများ ဖြစ်ကြ၍ အချို့မှာ နောက်ကာလများမှ ရွေ့ပြောင်းဝင်ရောက်လာကြသော တောင်ပိုင်းမွန်လူမျိုးစုများ ဖြစ်ကြရာ လူမျိုးရေအရဆိုသော် ခမာတို့မှာ မွန်မြန်မာတို့ကဲ့သို့ များသောအားဖြင့် တောင်ပိုင်း မွန်ဂိုလူမျိုးစုဝင်များ ဖြစ်ကြသည်။ လွပ်လပ်သော လူမျိုးအဖြစ် အချုပ်အချာအာဏာပိုင် နိုင်ငံနှင့် နေထိုလျက်ရှိသော ယခုခေတ်ခမာတို့မှာ ကမ္ဗောဇပြည်သားများ ဖြစ်ကြပေသည်။