လွှတ်တော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.6.4) (ရိုဘော့က ပေါင်းထည့်နေသည် - kk:Парламент
No edit summary
စာကြောင်း ၆၉ -
* စီမံခန့် ခွဲရေး ကဏ္ဍ၊
* တရား စီရင်ရေး ကဏ္ဍ တို့ကို ခွဲခြား ဖော်ပြထား သည်။

လွှတ်တော်ဟူသော ဝေါဟာရသည် မြန်မာဘာသာ ဝေါဟာရဖြစ်၍ ရှင်ဘုရင်အမိန့်အာဏာတောအတိုင်း
လိုက်နာဆောင်ရွက်ရသော ဌာနကိုဆိုလိုသည်။ မြန်မာဘုရင်
များလက်ထက်ကလွှတ်တော်သည် နန်းတော်မှတပါး တနိုင်ငံ
လုံးတွင် အမြင့်ဆုံးနှင့်အကြီးဆုံးဌာနဖြစ်၍ လွှတ်တော်က
ဆောင်ရွက်ရ ဆင့်ဆိုရသော အရေးကိစ္စများမှာလည်း လွန်စွာ
ကျယ်ဝန်းများပြားသည်။ လွှတ်တော်သည် သာသနာတော်ရေး
နှင့် တိုင်းရေးပြည်ရေးရှိသမျှကို အုပ်ချုပ်ဆင့်ဆိုဆောင်ရွက်ရ
သည်။
လွှတ်တော်ဟူသော ဝေါဟာရတွင် 'လွှတ်'ဆိုသော စကား
သည် သြဇာအာဏာလွှတ်ခြင်း၊ အမိန့်တော်၊ အမှာတော်
လွှတ်ခြင်း၊ အခွင့်လွှတ်ခြင်း၊ ကိုယ်တိုင်ပိုင်နက်မှ လက်လွှတ်
ခြင်း၊ ပြတ်ကင်းခြင်း၊ လှူခြင်း၊ ပေးခြင်းနှင့်သက်ဆိုင်သည်။
လွှတ်ဟူသောဌာနတွင် ဆင်းရဲသား ပြည်သူတို့က မင်းဧကရာဇ်
ထံ အခွန်အတုတ် လွှတ်မြဲ၊ ဆက်သမြဲဖြစ်သည်။ ထိုအခွန်
အတုတ်များကို ကသောင်းမြောင်း တိုက်တော် (လွှတ်တော်
ငွေတိုက်) မှာ ထားရသည်။ သို့ဖြစ်၍ ဆင်းရဲသား ပြည်သူ
တို့ အခွန်အတုတ်လွှတ်ရာ။ ဆက်သရာဌာနကို လွှတ်ဟူ၍
ခေါ်ဝေါ်သမုတ်သည်ဟုလည်း ဆိုသည်။
'တော်' ဟူသော ဝေါဟာရသည် မြန်မာစကားဖြစ်၍ အသျှင်
ခေါ်ခြင်း၊ ဘုရားခေါ်ခြင်းများနှင့်ဆိုင်သည်။ ရှင်ဘုရင်နှင့် စပ်
ဆိုင်သော အမှတ်အသားများမှာ တော်ကြီးဟူ၍ ရေးသားထိုး
မှတ်လေ့ရှိသည်။ ထို့ကြောင့် နန်းတော်၊ ဥယျာဉ်တော်ဟု
ဆိုလျှင် ရှင်ဘုရင်နှင့် ဆိုင်ကြောင်းကို ပြသည်။
ရွှေဘုံနိဒါန်းကျမ်းတွင် ပုဂံပျူစောထီးမင်း လက်ထက်က စ၍
လွှတ်တော်ပေါ်ကြောင်းနှင့် လွှတ်တော်ဟုခေါ်ကြောင်းများ ဖော်
ပြပါရှိသည်။ ထိုကျမ်းအဆိုမှာ မဇ္ဈိမဒေသမှ ပုဂံသို့ရောက်လာ
သော မင်းမျိုးလေးယောက်ကို ဘွဲ့ထီးအစီးအနင်း၊ မင်းခမ်း
မင်းနား ပေးကမ်းချီးမြ|င့်အရေးလွှဲအပ်လျှင် အဆောက်အဦသို့
အမတ်လေးယောက်တက်ရောက်၍ ပြည်ထဲရေးလေးမျက်နှာကို
စီရင်စေရန် အခွင့်လွှတ်သောကြောင့် ထိုအဆောက်အဦ ကို
လွှတ် ဟူ၍ခေါ်သည်။
ထိုပြင် ပုဂံမင်းဆက် နရပတိစည်သူမင်းသည် ထီးနန်းကို
သားတော်ကြီးလေးပါးသို့ မပေးအပ်ပဲ၊ မင်းပရိယာယ်ဖြင့်
သားတော်ငယ် ဇေယျသိင်္ခမင်းသားကို ပေးအပ်ခဲ့သည်။ သို့
ရာတွင် တိုင်းရေးပြည်ရေးကို လေးပါးသော နောင်တော်တို့
နှင့် တိုင်ပင်ဆွေးနွေးပြီးလျှင် စီရင်ဆုံးဖြတ်ရမည်ဟု နတ်ရွာစံ
ခါနီးဆဲဆဲ၌ မှာထားခဲ့သည်။ ဇေယျသိင်္ခမင်းသားသည် ထီးလို
မင်းလိုမင်း ဘွဲ့ကိုခံ၍ ထီးနန်းဆက်ခံပြီးနောက် ခမည်းတော်
မှာထားခဲ့သည့်အတိုင်း နောင်တော် မင်းသားလေးပါးအိမ်သို့
တအိမ်စီ တအိမ်စီ လှည့်လည်သွားရောက်ဝတ်ပြုရခြင်း၊ ဆွေး
နွေးတိုုင်ပင် စီရင်ဆုံးဖြတ်ရခြင်းကိုပြုလုပ်ရသည်။ ရှင်ဘုရင်
ဖြစ်သူညီတော်သည် နောင်တော်များထံ လာရဖန်များသည့်အခါ
နောင်တော်များက အားနာည|ာတာပြီးလျှင် နန်းရင်ပြင်၌ အဆောက်
အဦးကြီး တခုကို ဆောက်စေ၏ နောင်တော်လေးပါးတို့ ထို
အဆောက်အဦးကြီးသို့သွားရောက်စုံညီသောအခါ ညီတော်ရှင်ဘုရင်
လာ၍ခစားဝတ်ပြုခြင်း၊ တိုင်းရေးပြည်ရေးများကို ဆွေးနွေးဆုံး
ဖြတ်ခြင်းပြုရန် ညီတော်ကို ခွင့်လွှတ်၍၊ ညီတော် ထီးလိုမင်းလို
မင်းကလည်း နောင်တော်တို့သည် ညီတော်ကိုယ်စား ပြည်ထဲ
ရေးများကို ခန့်ထားစီရင်ဆုံးဖြတ်ပါတော့ဟု အရေးပေးသဖြင့်
ခွင့်လွှတ်ပြန်သည်။ ထိုကဲ့သို့ အပြန်အလှန် ခွင့်လွှတ်သော
အဆောက်အဦ နေရာကို လွှတ်ဟု ခေါ်သည် ဟူ၍လည်း
ရာဇဝင်ကျမ်းများနှင့် ရွှေဘုံနိဒါန်းတွင် ဆိုသည်။
လွှတ်တော်အဆောက်အဦမှာ နှစ်ဆောင်တွဲဖြစ်သည်။ အနောက်ဖက်
အဆောင်သည် သုံးထပ်လည်ပေါ်ဆောင်ဖြစ်၍ ဇေတဝန်ဆောင်ဟု
ခေါ်သည်။ ထိုဇေတဝန်ဆောင်သို့ ရှင်ဘုရင် လွှတ်တော်မြဲဖြစ်
သောကြောင့် ရာဇပလ္လင်သည်လည်း မြေနန်းရာဇပလ္လင်ကဲ့သို့ပင်
ယမနေသားဖြင့်လုပ်သော ခြင်္သေ့ရုပ်ခံ သီဟာသနရာဇပလ္လင်ဖြစ်သည်။
လွှတ်တော်ဇေတဝန်ဆောင်တွင် အကာမာရဘင်များ၊ တိုုင်များ
အပြောက်အမွမ်းများကို ရွှေပိန်းချရသည်။
လွှတ်တော်အရှေ့ဆောင်သည် နှစ်ထပ်လည်ပေါ်ဆောင်ဖြစ်၍ ဝန်ကြီး
များနေသော ကွန်းစင်တိုင်ကြီး လေးလုံးကိုသာ ရွှေပိန်းချရသည်။
ထိုတိုင်ကြီးလေးလုံးမှတပါး သည်မသည်ရံစသော တိုင်းများနှင့်
အပြောက်အမွမ်းကို အနီတစုရွှေနှစ်စုခြယ်လှယ်ရသည်။
လွှတ်တော်ကွန်းစင်အခန်းကြီးများအတွင်းသို့ မင်းသားများနှင့် ဝန်ကြီး
များမှတပါး မည်သူမျှဝင်ခွင့်မရ။ အခြားလွှတ်တော်အရာရှိများအတွက်
နေရာသီးခြားစီရှိကြသည်။ထိုနေရာများတွင် ကွမ်းသွေးပေါက်တပေါက်
စီ ဖောက်ထားသည်။ ဝန်ကြီးတို့ ဆေးတံသောက်ရှူသည့်အခါ လွှတ်
အောက်ကနေ၍ ကွမ်းသွေးပေါက်တွင်းမှ အဆောင်ကိုင်တို့က ဆေးတံ
ထိုးပေးရသည်။ ဝန်ထောက်လေးနေရာမှ ဝန်ကြီးမင်းများ နေရသော
ကွန်းစင်ပြင်ဖက်နားက ကွမ်းသွေးပေါက်လေးပေါက် ဖောက်ထားသည်။
နားခံ၊ စာရေးတော်ကြီး၊ အမှာတော်ရေး၊ အသုံးစာရေး၊ အဝေးရောက်
စသောအရာရှိများမှာလည်း ကွမ်းသွေးပေါက်လေးပေါက်စီ ရှိကြ
သည်။ ကွမ်းသွေးပေါက်ရသူများသာ ကွမ်းသွေးပေါက်အတွင်းဝင်ပြီး
လျှင် ထိုင်ခွင့်ရသည်။ လွှတ်တော်အရာရှိများမှ တပါး အခြားအရာရှိ
အဝေးအရာရှိတို့သည် ကွမ်းသွေးပေါက်အတွင်း ဝင်ပြီးလျှင် ကွန်းစင်
တိုင်ကိုမှီ၍ ထိုင်ခွင့်မရကြချေ။ သို့ရာတွင် နားခံတော်များသည်
အမိန့်တော်ပြန်ရန် အတွက် ကွန်းစင်တိုင်တွင်းသို့ ခေတ္တဝင်၍
ရာဇပလ္လင်ရှေ့မှာ အမိန့်တော် ပြန်ခွင့်ရသည်။
လွှတ်တော်ပေါ်တွင် ညဉ့်အိပ်သည်မှတပါး နေ့အခါ၌ မည်သည့်
အရာရှိမျှ ဖျာ၊ သင်ဖြူးခင်း၍ ထိုင်ခွင့်မရ။ ထိုပြင်မည်သူမျှ
လွှတ်တော်ပေါ်သို့ အင်္ကျီမပါ၊ ခေါင်းပေါင်းဖြူမပါပဲ မတက်ရ။
လွှတ်တက်ဆဲအခါ၌လည်း မည်သူမျှ မြောက်လှေကားက မတက်ရ။
အမိန့်တော်ခန့် ဗိုလ်များမှ တပါးအခြား မည်သူမျှ ခါးတောင်းကျိုက်
၍ လွှတ်တော်ပေါ်သို့ မတက်ရ။ လွှတ်တော်ပေါ်သို့ ဖိနပ်များကို
လည်း မတင်ရချေ။
လွှတ်တော် တည်ရာဌာနသည် နန်းတော်နယ်မြေတွင်သစ်တပ်
အုတ်မြို့ရိုး ကာထားသော နန်းတော်အတွင်း မြေနန်းတော်ရှေ့
တံခါးနီ၏ လကျာ်ဖက်ဖြစ်သော တောင်မျက်နှာ၌ တည်ရှိသည်။
တံငါနီပြင်ဖက်ကလည်း လွှတ်တော်ပေါ်သို့တက်ရန် လှေကား
ရှိသည်။
လွှတ်တော်ဆိုင်ရာ အရာရှိတို့သည် သီတင်းနေ့များမှတပါး
အခြားနေ့များတွင် တနေ့နှစ်ကြိမ် လွှတ်တော်သို့ တက်ရောက်
ရမြဲဖြစ်သည်။ နံနက် တချက်မတီးမီ (စက်နာရီ ၉ နာရီ)
လွှတ်တော် မြောက်နှရောင်မှာ စု၍ (တရားရာဇဝတ်မှုမှတပါး)
လျှောက်လွှာ အသေးအဖွဲများကို လက်ခံသည်။ မြောက်နှရောင်
ဆိုသည်မှာ လွှတ်တော် နှစ်ဆောင်အနက်အရှေ့ဆောင် မြောက်
မျက်နှာကထိပ်ဝကို ဆိုလိုသည်။ နံနက်တချက်တီးလျှင်
နန်းတော်သို့ဝင်၍ ရှင်ဘုရင်ရှေ့တော်မှာ အရာရှိအစုံအညီ
ညီလာခံကြသည်။ နံနက် ညီလာခံသည် မွန်းမတည့်မီ ပြီးစီးလေ့
ရှိသည်။ နံနက်ညီလာခံတါင် ရှင်ဘုရင်ရှေ့တော်သို့ ဝင်ရောက်
ကြသည့်အခါ လက်နက်များကို လျို့ဝှက်ယူတောင်လာမည်
စိုးရိမ်၍ အထူးခွင့်ပြုထားသူများမှတပါး မည်မျှလောက်ပင်
ချမ်းလှသော်လည်း မည်သည့်အရာရှိမျှ စောင်၊ သက္ကလတ်
ညဉ့်ရုံခြုံတည် စသည်များ ခြုံရုံခစားခွင့် မရှိချေ။
နေ့နှစ်ချက်တီး (စက်နာရီ ၁၂ နာရီ) အချိန်တွင်လွှတ်တက်
ကြပြန်သည်။ ထိုအခါ တရား ရာဇဝတ်ဖက်ဆိုင်ရာ
လျှောက်လွှာများကို လက်ခံသည့်အပြင်ဘ အမှုများကိုလည်း
စစ်ဆေးဆုံးဖြတ်သည်။ ညနေ သုံးချက်တီး (စက်နာရီ
၃ နာရီ) အချိန်တွင် လွှတ်ဆင်းမြဲ ဆင်းသည်။ သို့ရာတွင်
ဆုံးဖြတ်ရန်အဆုံးမသတ်သေးသော အမှုများကို အခြားနေရာ
သို့ရွေ့ပြောင်း၍ ဆက်လက်ဆောင်ရွက်ရသည်။
ရှင်ဘုရင်များသည် လွှတ်တော်သို့တက်၍ တရားဆုံးဖြတ်
ရမြဲဖြစ်သည်။ ရှင်ဘုရင် လွှတ်တော်သို့ မတက်သည့်အခါ
အိမ်ရှေ့မင်းရှိလျှင် အိမ်ရှေ့မင်းက တက်ရသည်။ အိမ်ရှေ့မင်း
မရှိလျှင် ရှင်ဘုရင်၏ ညီတော်ကြီး၊ သားတော်ကြီးများက
လွှတ်တက် စီရင်ရသည်။ အိမ်ရှေ့မင်းနှင့် မင်းသားကြီး
များမရှိမှသာလျှင် ဝန်ကြီးများ တက်၍ စီရင်ရသည်။
လွှတ်တော်ကဆုံးဖြတ်ရသော အမှုများသည် အပိုင်းအခြား
တန်ဖိုးမရှိ။ သို့ရာတွင် ငွေ ၅ ဝဝဝိ (ငါးထောင်) တန်
ထက်ပိုလျှင် ရှင်ဘုရင်ထံ အယူခံဝင်နိုင်သည်။ ရှင်ဘုရင်
က ဆုံးဖြတ်ရသော အမှုများမှာ အပိုင်းအခြား တန်ဖိုး
လည်းမရှိ၊ အယူခံခွင့်လည်းမရှိချေ။ အခြားရုံးများက
စီရင်သော အမှုများသည် ငွေ ၅ ဝဝဝိ (ငါးထောင်)
တန်ထက် ပိုလျှင် လွှတ်တော်မှာ အယူခံဝင်နိုင်သည်။
ရှင်ဘုရင် လွှတ်တက်သည့်အခါ လျှောက်လွှာများတွင်
''ရွှေဘဝါးတော်မြတ်အောက် ရှိခိုးသံတော်ဦး တင်ပါသည်
ဘုရား'' ဆိုသော စကားကို အစအဆုံးမှာ ရေးသား
ထည့်သွင်းရသည်။ အိမ်ရှေ့မင်းဖြစ်စေ၊ မင်းသားများ
ဖြစ်စေ လွှတ်တက်သည့်အခါ လျှောက်လွှာများတွင်
''ရှိခိုသံတော်ဦးတင်ပါသည်ဘုရား'' ဆိုသောစကားကို
အစအဆုံးရေးသားထည့်သွင်းရသည်။ မင်းသားများ
လွှတ်တက်သည့်အခါ မင်းသားများစားသော မြို့၏
အမည်ကို အစွဲပြု၍ ရေးသားထည့်သွင်းရသည်။ ပုံစံ
အားဖြင့် မင်းသားသုံးပါးလွှတ်တက်သည့်အခါ ဟံသာဝတီမင်း
ပြည်မင်း၊ တောင်ငူမင်းတို့အမိန့်တော်ကို ဦးထိပ်ထက်ဆင်ရွက်
ရသည့်အတိုင်းဟု ထည့်သွင်းရေးသားရသည်။ မင်းသား
တပါးတည်း လွှတ်တက်ရသည့်အခါဖြစ်လျှင် မည်သည့်
မင်းအမိန့်တော်ကို ဦးထိပ်ထက်ဆင်ရွက်ရသည့်အတိုင်းဟု
ရေးသားရသည်။ ဝန်ကြီးများလွှတ်တက်သည့်အခါ ဝန်လေးပါး
ရှိလျှင် ဝန်လေးပါးဘွဲ့အမည်ကို ရေးသား၍ ကြားရောက်သည်၊
ကြားလိုက်သည်၊ မှာလိုက်သည် အစရှိသဖြင့် ကြားစာ မှာစာ
နှင့်သင်လျော်အောင် ရေးသားထည့်သွင်းရသည်။ သို့ရာတွင်
လွှတ်တော်ကဆင့်ဆိုသော စာချွန်များမှာ မည်သည့်အခါမဆို
ဝန်မင်းများစာဟူ၍သာ စာလုံးကြီးကြီးနှင့် ဆင့်စာအောက်ခြေနား
ကရေးသားထည့်သွင်းမြဲဖြစ်သည်။ လွှတ်တော်တံဆိပ်ကိုလည်း
ရိုက်နှိပ်လိုက်ရသည်။
လွှတ်တော်ဌာနတွင် ပါဝင်သော လွှတ်တော်အရာရှိတို့သည်
နံနက်ညီလာခံအချိန်နှင့် နေ့လွှတ်တော်အချိန်များ၌ အင်္ကျီ
လက်ကျယ်၊ ရွှေစလွယ်ဆင်ရသည်။ အင်္ကျီလက်ကျယ်မှာ
ပုံတမျိုးတည်းကို ဝတ်ရသော်လည်း စလွယ်မှာ ရာထူးအဆင့်
အတန်းအနိမ့်အမြင့်အလိုက် အောက်ဆုံးသုံးသွယ်မှ အမြင့်ဆုံး
တဆဲ့ရှစ်းသွယ်အထိ ဆင်ယင်ရသည်။ ထိုပြင်ဝန်ကြီးများနှင့်
ဝန်ထောက်များသွားလာသည့်အခါ လက်ရတောင်ခေါ်သော
အမှုထမ်းနှစ်ယောက်သည် ထိုအရာရှိများ ရှေ့ကအတောင်
၃ဝ (၄၅ ပေ) ကွာလောက်က မောက်တိုဆောင်းကာ ဝဲယာ
ကြိမ်ကို ထောင်လျက် ကိုင်ဆောင်ရသည့်အပြင် ပုဆိုး
ခါးတောင်ကျိုက်၍ လိုက်ပါရသည်။ အင်္ကျီဖြူထိုင်မသိမ်း
ဝတ်ရသည် မောက်တိုကို တည့်တည့်ဆောင်းရသည်။ ထို
လက်ရတောင် အမှုထမ်း နှစ်ယောက်ကို လွှတ်တော်ရှေ့လိုက်
ဟူ၍လည်း ခေါ်သည်။
ဝန်ကြီးများမှ တပါး လွှတ်နှင့်ဆိုင်သော အရာရှိများသည် ဝဲယာ
အလှည့်ခွဲလျက် တရက်ခြား အခါလွှတ်မှာ လာရောက်အိပ်ကြ
ရသည်။ မြေမြို့ရိုးအတွင်း မီးလောင်သည့်အခါ အိပ်ဖန်အလှည့်ကျ
မဟုတ်သော လွှတ်ဆိုင်ရာအရာရှိများသည် လွှတ်တော်သို့လာရောက်
၍စာရင်းချမှတ်ရသည်။
လွှတ်တက်ရန်ဖြစ်စေ၊ ရှင်ဘုရင်ရှေ့တော်သို့ဝင်ရန် ဖြစ်စေ
နန်းတော်အတွင်းသို့ လာရောက်သည့်အခါ မင်းသားများမှတပါး
အခြားအရာရှိ မည်သူမျှ ထီးဆောင်းခြင်း၊ သက်ရှိ သက်မဲ့ယာဉ်
စီးခြင်း မပြုရ။ သို့ရာတွင် နန်းတော်လှေကားများနှင့် လွှတ်တော်
လှေကားများသို့ ထိအောင်ရာထူးအလျောက် ခမောက်များကို
ဆောင်း၍ ဝင်ခွင့်ရသည်။
လွှတ်တော်တွင် ပါဝင်မြဲဖြစ်သော အရာရှိများမှာ ဝန်ကြီး ၄၊
မြင်းစုကြီးဝန် ၁၊ အသည်ဝန် ၁၊ မြေတိုင်အမတ် ၁၊ မြေတိုင်
အမတ်ရာထူးကို စာရေးတော်ကြီးရာထူနှင့်တွဲဖက်ခန့်ထားလေ့
ရှိသည်။ ဝန်ထောက် ၄၊ နားခံတော် ၄၊ စာရေးတော်ကြီး ၄၊
မြင်းစာရေးကြီး ၂၊ အမိန့်တော်ရေး ၄၊ အမှာတော်ရေး ၄၊
အသုံးစာရေး ၄၊ အဝေးရောက် ၄၊ မြန်မာသံခံ ၄၊ ရှံးသံခံ ၄၊
ယွန်းသံခံ ၄၊ ကသည်းစာပြန် ၂၊ တရုပ်စာပြန် ၁၊ အသည်
စာရေး ၄၊ အမိန့်တော်ရ ၄၊ သစ္စာတော်ရေး ၁၊ ပြော့နေရာချ
သွေးသောက်ကြီး ၁၊ လွှတ်စောင့်သွေးသောက်ကြီး ၁၊
လက်နက်တိုက်ဝန် ၁၊ ၎င်းတိုက်စိုး ၂၊ ကသောင်းမြောင်း
တိုက်စုး ၁၊ ၎င်းတိုက်စာရေး ၁၊ ခန့်ထားလေ့ရှိသည်။
သို့ရာတွင်ရှင်ဘုရင်များသဘောအတိုင်းပို၍ သော်၎င်းခန့်
ထားကြသည့်အခါလည်း ရှိသည်။
ထိုအရာရှိများတွင် မြင်းစုကြီးဝန်၊ ဝန်ထောက်တို့သာ ပြန်တမ်း
ကြီးခံခွင့်ရသည်။ ပြန်တမ်းကြီးဆိုသည်မှာ တာဝန်ခံရသော
ဝတ်တရားကို ပြဆိုသော အစီအစဉ်မာတိကာပင်ဖြစ်သည်။
လွှတ်စေလေးတန်းနှင့် လက်ရသုံးတန်းဟူသော လွှတ်တော်နှင့်
ဆိုင်သည့် လက်အောက်အမှုထမ်းများကိုလည်းခန့်ထားမြဲဖြစ်သည်။
သာမညအမှုနှင့် လွှတ်တော်က ဆင့်ခေါ်ရန်၊ သာမညအမှုနှင့်
လွှတ်တော်ချုပ်ထားရန် အလုပ်ဝတ်တရားများမှာ လွှတ်စေလေးတန်း
ကဆင့်ခေါ် ချုပ်ထားရသည်။ လွှတ်စေလေးတန်း ဆိုသည်မှာ
(၁) တည်တော၊ (၂) မြို့သစ်၊ (၃) ခင်ဦး၊ (၄) စည်ပုတ္တရာတန်း
ဟူ၍ လေးမျိုးလေးဌာန ခွဲခြားထားသည်။ လွှတ်စေလေးတန်းက
ခေါ်ရန်မဟုတ်ပဲ၊ အကြပ်အတည်းခေါ်ရန် အမှုထမ်းများမှာ
လက်ရသုံးတန်းအမှုထမ်းများက ဖမ်းဆီးချည်နှောင်ခေါ်ရသည်။
ထိုလက်ရသုံးတန်းအမှုထမ်းများသည် လူကို အဆုံးစီရင်ရန်
ရှိသည့်အခါ၌လည်းပါဝင်ရသည်။ ရာဇဌာနီ အတွင်း၌ လွှတ်တော်
အမိန့်မှတပါး အခြားရုံးများအမိန့်နှင့် ချည်နှောင်ခွင့်မရချေ။
တရားမရုံးက ချည်နှောင်တောင်ခံလိုလျှင် လွှတ်တော်သို့
အစီရင်ခံစာ တင်ပို့ရသည်။လွှတ်တော်ဌာနကဆောင်ရွက်ရမြဲ
အစဉ်အလာထုံးစံမှာ သာသနာတော်ရေးနှင့် တိုင်ရေးပြည်ရေး
ရှိသမျှကို အုပ်ချုပ်ဆင့်ဆိုရသော ဌာနကြီးဖြစ်၍ ရှေးအခါက
ဝေပုံဌာနအပိုင်းအခြားမှာ ကိုးဌာနသာရှိသည်။ဘကြီးတော်ဘုရား
လက်ထက်စ၍ နိုင်ငံခြားဌာန တဌာတိုးရသောကြောင့်ဆယ်ဌာန
ဖြစ်လာသည်။
ထိုဆယ်ဌာနတို့မှာ -

(၁) အရာအထူးခန့်ထားခြင်း၊ နုတ်ပယ်ခြင်း၊ ၎င်းပြင်အရာအထူး
အသစ်ခန့်ခြင်း၊ တိုးတက်ခြင်း ပေါ်လာသည့်အခါ သစ္စာတော်
ပေးရတိုက်ရခြင်းများနှင့် စပ်လျဉ်းသမျှအမှု

(၂) ဥပဒေ စကားချက်များမှာ မှတ်စာရေးသားခြင်း၊ ပြင်ဆင်ခြင်း
နှင့်စပ်လျဉ်းသမျှအမှု။

(၃) ကျောက်စာ စာဟောင်းစာတမ်း၊ ပိဋကတ် ရာဇဝင်၊ ဗေဒင်
ဝတ္ထုကံဘေးမဲ့ပေး၊ အရပ်ရပ်စာမေးပွဲ စာပြန်ပွဲ၊ အလှူအတန်း
ပေးကမ်း ထောက်ပံ့ခြင်းစသော သာသနာပညာများနှင့် စပ်လျဉ်း
သမျှအမှု။

(၄) ကြည်းကြောင်း ရေကြောင်း အနီးအဝေး အစောင့်အရှောက်
စသောစစ်ဖက်နှင့် စပ်လျဉ်းသမျှအမှု။

(၅) မျက်နှာညီမှု၊ လူလုမှု၊ ကြေးတွက်မှု၊ ရိုးရာလုမှု၊ စစ်တမ်း
သွင်းစသောတရားရာဇဝင်နှင့် စပ်လျဉ်းသမျှအမှု။

(၆) ကင်းခွန်၊ သစ်တောခွန်၊ တွင်းထွက်ခွန်၊ ရွေွှခွန်၊ ငွေခွန်၊
သစ္စေးခွန်၊ဈေးခွန်၊ ကူးတို့ခွန် စသော အကောက်အခွန်နှင့်
စပ်လျဉ်းသမျှအမှု။

(၇) မြေခွန်၊ ရေခွန်၊ ဥယျာဉ်ခွန် စသော လယ်ယာဌာနနှင့်
စပ်လျဉ်းသမျှအမှု။

(၈) မြို့လုပ် ကျုံးတာ၊ နန်းတော်အိမ်တော်၊ ကျောင်းဘုရား၊
ဆဲ့နှစ်ရာသီစသော အလုပ်အဆောင်နှင့် စပ်လျဉ်းသမျှ အမှု။
ဆဲ့နှစ်ရာသီဆိုရာ၌ နေ့စဉ်လစဉ်နှစ်စဉ် လုပ်ဆောင်မြဲ အခမ်း
အနားများနှင့်သေမှုရှင်ခမ်းစသော အကြောင်းများလည်း
ပါဝင်သည်။ ထိုကဲ့သို့လုပ်ဆောင်ရန် အခမ်းအနားစာတမ်း
များကို လွှတ်တော်က ရေးသား တင်သွင်းရသည်။ ဤကဲ့သို့
ရေးသွင်းသော စာတမ်းကို လွှတ်တော်သွင်းစာ မှာတမ်းဟု
ခေါ်သည်။

(၉) ခြေလျင်၊ လှေလျင်၊ မြင်းလျင်စသော စာပေးစာယူနှင့်
စပ်လျဉ်းသမျှအမှု။
ကြေးနန်းအလုပ်မှာ ၁၂၃၆ ခု (၁၈၇၄ ခု) နှစ်လောက်စ၍
ပေါ်လာရာကြေးနန်းဝန်၊ ကြေးနန်းစာရေး၊ ကြေးနန်းအုပ်ဟူ၍
သီးခြားထားသည်။သို့ရာတွင် ကြေးနန်းဌာနသည် စာပေးစာယူ
ဌာနတွင် ပါဝင်သည်။

(၁ဝ) နိုင်ငံခြားနှင့်စပ်သောအမှုများ။
ဤဌာနသည်လည်း ရှေးအခါကမရှိ။ ၁၁၁၉ ခု ( ၁၁၂၇ ခု)
နှစ်လောက်ကစ၍ ပေါ်ပေါက်လာပြီးလျှင် ဝန်ကြီးတဦးဦးက
နိုင်ငံခြားဌာနကိုကြည့်ရှုရသည်။

== ကိုးကား ==
<references/>