သရက်မြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၂၇ -
 
== သရက်မြို့တည်ပြီးသည်မှ ၁၈၈၅ခုနှစ် သီပေါဘုရင် ပါတော်မူသည်အထိ ==
အမ္ဗသီရိန် မင်းဆက်များဖြစ်သော ဒေဝကံသမင်းဆက် ပျက်သုန်းသွားသော အခါ တစ်ချိန်ကစည်ကားခဲ့သော သရက်မြို့သည် ပုဂံခေတ်ဦးပိုင်း ကာလအထိ ရွာ ကလေးတမျှသာ ရှိခဲ့လေသည်။ ပုဂံခေတ် သက္ကရာဇ် ၆၆၀ ခုနှစ်တွင် ပုဂံမင်းဆက် ကျော်စွာမင်းနန်းကျပြီး ကျော်စွာမင်းနှင့် မိဘုရားဖွါးစောတို့၏ သားတော်အကြီး စောနှစ် ပုဂံမင်းဖြစ်လာပြီး သားတော်အငယ် မင်းရှင်စော အား သရက်မြို့ကို စားစေသည်။ မင်းရှင်စောသည် ရှင်မြတ်လှ နှင့် စုံဖက်၍ သရက်မြို့တွင် နေလေသည်။ သက္ကရာဇ် ၆၆၂ ခုနှစ် တွင် မင်းရှင်စောက သရက်မြို့ကို ဓါးမ ၃၀၀ ၊ ပေါက်တူး ၃၀၀ ၊ ပုဆိန် ၃၀၀ တို့ဖြင့် မြို့ကိုပြုပြင်ပြီး ပြန်လည်တည်ထောင်ခဲ့သဖြင့် သရက်မင်းရှင်စော ဟု အမည်တွင်လေသည်။ ထို့အပြင် အတွင်းစည်းခုံစေတီ (ယခုဆုတောင်းပြည့်ဘုရားဝန်းအတွင်းရှိ စေတီ)၊ အပြင်စည်းခုံ (ယခုရွှေဘုံသာစေတီ)၊ ကျုံး (ယခုပဲ့ထောင်ဆိပ် အတက်လမ်းမှ ရွှေဘုံသာဘုရား မြောက်ဖက်လမ်းသည် ကျုံးကြီးလမ်း ဟုခေါ်တွင်ခဲ့သည်။) ၊ဆင်ချဆိပ် (ယခုပဲ့ထောင် ဆိပ်နေရာ) တို့ကို နန်းမြို့ အင်္ဂါရပ် နှင့် အညီ ပြုပြင် တည်ဆောက် ခဲ့သည်။ ပုဂံတွင် ကျော်စွာမင်းနန်းကျချိန်တွင် စည်းလုံးညီညွတ်မှု ပျက်ပြားသည်ကို သိရှိသော ရခိုင်မင်းသည် သရက်မြို့ကို တိုက်ခိုက်ပြီး မင်းရှင်စောကို သားမယားနှင့် တကွ ရခိုင်သို့ ခေါ်ဆောင်သွားလေသည်။
 
ပုဂံတွင် ကျော်စွာမင်းနန်းကျချိန်တွင် စည်းလုံးညီညွတ်မှု ပျက်ပြားသည်ကို သိရှိသော ရခိုင်မင်းသည် သရက်မြို့ကို တိုက်ခိုက်ပြီး မင်းရှင်စောကို သားမယားနှင့် တကွ ရခိုင်သို့ ခေါ်ဆောင်သွားလေသည်။
 
ထိုစဉ်က မင်းရှင်စောတွင် သားတော်ကြီးမြင်းစိုင်း၊ သားတော်လတ် စောရနောင်၊ သားတော်ငယ် စော်ကဲ ဟူ၍ သား(၃)ယောက်ရှိပါသည်။ သက္ကရာဇ် ၇၂၉ ခုနှစ်တွင် အင်း၀၌ သတိုးမင်း အနိစ္စ ရောက်သောအခါ ရမည်းသင်း မြို့စား သီလ၀ ကို မင်းပြုရန် တောင်းပန်သော်လည်း လက်မခံသဖြင့် သီလ၀၏ ယောက်ဖ မင်းရှင်စော၏ သားတော်လက်ရုံးရည်နှလု့းရည်နှင့်ပြည့်၀သော စော်ကဲကို မင်းမြှောက်ရာ မင်းကြီးစွာစော်ကဲ ဟု အမည်တွင်လေသည်။