စိန်ဝင်း၊ ဗိုလ်ချုပ်၊ ဝန်ကြီးချုပ်ဟောင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ရိုဘော့က ပေါင်းထည့်နေသည် - fr:Sein Win
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀...
စာကြောင်း ၂၅ -
 
===၁၉၆၂-၁၉၈၅ အတွင်းကြိုးပမ်းမှု===
၁၉၆၂ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီက နိုင်ငံတော် အခြေအနေ အရပ်ရပ်ကို ထိန်းသိမ်း တာဝန်ယူသောအခါ [[တော်လှန်ရေး ကောင်စီ]]အဖွဲ့ဝင် ဖြစ်လာသည်။<ref>မြဝင်း၊ တပ်မတော် ခေါင်းဆောင်များ သမိုင်းအကျဉ်း (၁၉၄၁ မှ ၁၉၉၀ ပြည့်နှစ်အထိ)။ ၃ကြိမ် ရန်ကုန်၊ သတင်း နှင့် စာနယ်ဇင်းလုပ်ငန်း ၊ ၁၉၉၂။ စာ ၃၁။ </ref> ၁၉၆၃ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် အလယ်ပိုင်းတိုင်း တိုင်းမှူးအနေဖြင့် တပ်မှူး ညီလာခံတက်ရောက်ခဲ့သည်။<ref>မြန်မာနိုင်ငံ စစ်သမိုင်း ပြတိုက်နှင့် တပ်မတော်မော်ကွန်းတိုက်၊ တပ်မတော်သမိုင်း(ပဉ္စမတွဲ)၊ ၁၉၆၂ − ၁၉၇၄ (ရန်ကုန်၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း၊ ၁၉၉၉) စာ ၁၂၃။</ref> ၁၉၆၃ ခုနှစ် တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ [[ပါတီစည်းကမ်း ထိန်းသိမ်းရေး ကော်မတီ]]ဝင် တာဝန်ကိုပါ ပူးတွဲထမ်းဆောင်သည်။ ၁၉၆၄ခုနှစ်တွင် တော်လှန်ရေး အစိုးရအဖွဲ့ ပြည်သူ့လုပ်ငန်း နှင့်အိမ်ရာ ဆောက်လုပ်ရေး ဌာန တာဝန်ခံ(ဝန်ကြီး)အဖြစ် တာဝန် ပေးအပ်ခြင်း ခံရသည်။ ၁၉၇၁ခုနှစ်၊ ပထမအကြိမ် ပါတီ ညီလာခံ တွင် [[ပါတီ လုပ်ငန်း စိစစ်ရေး ကော်မတီ]] ဉက္ကဌ အဖြစ် ထပ်မံ ရွေးချယ် တင်မြှောက်ခြင်းခံရသည်။ ဝန်ကြီး အဖွဲ့ဝင်များအား တပ်မတော် မှ အငြိမ်းစား ယူခွင့်ပြုရေးမူအရ ၁၉၇၂ ခုနှစ် ၊ ဧပြီလ ၂၀ရက်နေ့တွင် တပ်မတော်မှ အငြိမ်းစားယူပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီး တာဝန် ဆက်လက် ထမ်းဆောင်သည်။ ၁၉၇၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲတွင် ထားဝယ်မြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး ပထမ အကြိမ် ပြည်သူ့လွတ်တော် အစည်းအဝေးက နိုင်ငံတော် [[ဝန်ကြီးချုပ်]] အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။ ၁၉၇၇ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် နိုင်ငံတော် ဝန်ကြီးချုပ် အဖြစ် အနားယူပြီး ၁၉၇၇ခုနှစ်၊ သြဂုတ်လတွင်ဩဂုတ်လတွင် ပြည်သူ့လွှတ်တော်၏ နိုင်ငံတော် ကောင်စီဝင် အဖြစ် ရွေးချယ်သတ်မှတ်ခြင်း ခံခဲ့ရသည်။ ၁၉၈၅ခုနှစ်၊ နိုဝင်ဘာလ တွင် နိုင်ငံတော် ကောင်စီဝင် အဖြစ်မှ အငြိမ်းစားယူခဲ့သည်။
 
==ဂုဏ်ပြုချီးကျူးခံရခြင်း==