ပိုးချည်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - jv:Sutra
No edit summary
စာကြောင်း ၁ -
[[File:Bombyx mori Cocon 02.jpg|thumb|300px|ပိုးခြည်များဖြင့် နှောင်ပတ်နေသည့် ပိုးအိမ်]]
 
ပိုးခြည်သည် ဝါခြည်ကဲ့သို့ အပင်မှရသော ခြည်မျှင်မျိုး မဟုတ်ပဲ ပိုးကောင်မှ ထွက်သော ခြည်မျှင်မျိုးဖြစ်သည်။ ရှေးအခါက ပိုးခြည်ဖြင့် ရက်လုပ်သော အဝတ်အထည်သည် တန်ဖိုးအလွန်ကြီးသဖြင့် ဘုရင့်အထည်အလိပ်ဟုပင်ဘုရင့်[[အထည်အလိပ်]]ဟုပင် ခေါ်ခဲ့ကြသည။်
 
ပိုးခြည်ကို လွန်ခဲ့သော နှစ်ထောင်ပေါင်း များစွာကပင် [[တရုတ်လူမျိုး]]တို့ စတင်တွေ့ရှိခဲ့သည်။ ပိုးခြည်စတင်တွေ့ရှိပုံနှင့် စပ်လျဉ်း၍ ရှေးဟောင်းပုံပြင် အများအပြားရှိခဲ့သော်လည်း တရုတ်ဧကရာဇ် ဘုရင်တစ်ပါး၏ မိဖုရား ဆီလင်ရှီနှင့် ဆက်သွယ်နေသော ပုံပြင်တစ်ပုဒ်ကိုကား လူသိများ၍ အများလက်ခံကြသည်။ ဘီစီ ၂၇၀၀ ခန့်က ဆီလင်ရှီ မိဖုရားကြီးသည် ဥယျာဉ်အတွင်း၌ လက်ဖက်ရည်ကြမ်း သောက်နေစဉ် ပိုးစာပင်တစ်ပင်ကို မော့ကြည့်မိရာ ဖြူဖြူတုတ်တုတ် ပိုးကောင်တစ်ကောင်သည် ပါးစပ်မှ တောက်ပသော ခြည်မျှင်ကလေးများကို ထုတ်ကာ မိမိကိုယ်ကို ပတ်နေသည်ကို မြင်သဖြင့် အံ့ဩစွာကြည့်နေမိသည်။ ထိုနောက် ပိုးအိမ်ကို ဖြုတ်ယူပြီးလျှင် သူမသောက်နေသော အကြမ်းရေတွင် စိမ်လိုက်သည်။ ပိုးအိမ်ပျော့သွားသောအခါ ပိုးမျှင်တစ်စ်ကို ရှာ၍ ဂရုတစိုက် ဖြေကြည့်ရင်း ထိုပိုးမျှင်ဖြင့် အထည်ရက်လျှင် ကောင်းမည်ဟု စိတ်ကူးပေါ်လာသည်။