၁၉၈၈: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၇၀ -
== ဇူလိုင်လ ==
(၁) ရက်။
::* အပြင် မထွက်ရ အမိန့်ကို ည ၈ နာရီမှ နံနက် ၄ နာရီသို့ လျော့ပေါ့ ပေးလိုက်သည်။ ထိုကန့်သတ်ချိန်၌ အပြင်ဘက် ထွက်ခဲ့သူ အတော် များများကို ရဲနှင့် စစ်တပ်က ပစ်သတ် ခဲ့သည်။
::*
(၃) ရက်။
::*ကုန်သည် များကို ကုန်ဈေးနှုန်း မကစားရန် အစိုးရက သတိ ပေးလိုက်သည်။ အပြင် မထွက်ရ အမိန့်ကြောင်း လည်းကောင်း၊ ငွေစက္ကူများ တရား မဝင်တော့ကြောင်း နောက်ထပ် ကြေညာ ဦးမည် ဟူသော ကောလာဟလ များကြောင့် လည်းကောင်း ကုန်ဈေးနှုန်း ကြီးမြင့် လာသည်။
(၇) ရက်။
::* မဆလ ပါတီက အရေးပေါ် ညီလာခံကို ဇူလိုင်လ ၂၃ ရက်နေ့တွင် ပြုလုပ်မည်ဟု ကြေညာ ခဲ့သည်။ မြန်မာ့ အသံမှ မတ်လ အတွင်း ဖမ်းဆီး ခဲ့သော ကျောင်းသား အားလုံးကို ပြန်လွှတ် ပေးမည်ဟု ကြေညာသည်။
(၉) ရက်။
::*ညမထွက်ရ အမိန့်ကို ရန်ကုန်တွင် ပြန်လည် ရုပ်သိမ်း လိုက်သည်။ ပဲခူး၊ ပြည်နှင့် မော်လမြိုင် တို့တွင်လည်း အလားတူ ပိတ်ပင် တားမြစ်ချက် များကို ပြန်လည် ရုပ်သိမ်း ပေးသည်။ ကျောင်းထုတ် ခံရသော ကျောင်းသားများ အနေနှင့် သူတို့၏ တက္ကသိုလ် များတွင် ကျောင်းပြန် တက်ခွင့် ပြန်လည် လျှောက်ထား နိုင်ကြောင်း ကြေညာ ခဲ့သည်။
(၁၂) ရက်။
::*ဗုဒ္ဓဘာသာနှင့် မူဆလင် ဘာသာဝင်များ လူမျိုးရေး ပဋိပက္ခ ဖြစ်ပွား ခဲ့ပြီးနောက် ရှမ်းပြည်နယ် တောင်ကြီး မြို့တွင် အရေးပေါ် အမိန့် ထုတ်ပြန် လိုက်သည်။ ပဋိပက္ခ များမှာ လက်ရှိ တွေ့ကြုံ နေရသော ပြဿနာ များကို အာရုံ ပြောင်းပစ်ရန် အာဏာပိုင် များက လှုံ့ဆော် ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း ကျောင်းသား များက ဆိုသည်။
(၁၆) ရက်။
::* အလားတူ ပဋိပက္ခမျိုး ပြည်မြို့တွင် ဖြစ်ပွားပြီး နောက်တနေ့တွင် လူသူ စုဝေးခြင်း ကိုလည်း ပိတ်ပင် တားမြစ် လိုက်သည်။
(၁၈) ရက်။
::* ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီး ဦးမင်းဂေါင်အား နှုတ်ထွက်ခွင့် ပြုလိုက်သည်။ မတ်လ အတွင်း အင်းစိန်ထောင် အပြင် ဘက်၌ ဖမ်းဆီး ခံရသူ ဆန္ဒပြသူ ၄၁ ဦး ထောင်ကား ပေါ်၌ အသက်ရှု ကြပ်ကာ သေဆုံး ခဲ့မှုတွင် သူ တာဝန် ရှိကြောင်း ဝန်ခံသည်။ အာဏာပိုင် များက မတ်လအတွင်း လူနှစ်ဦးထက် ပို၍ သေဆုံး ခဲ့ကြောင်း ဝန်ခံသည်မှာ ပထမဆုံး အကြိမ် ဖြစ်သည်။
(၁၉) ရက် ၊(၂၀) ရက်။
::* ပြည်မြို့ အရှေ့ဘက်ရှိ ဦးနေဝင်း၏ ဇာတိ ပေါင်းတလည် မြို့တွင်လည်း အဓိကရုဏ်းများ ဖြစ်ပေါ် သည်ဟု သတင်းများ ထွက်လာသည်။
(၂၁) ရက်။
::*ရန်ကုန် ပြည်သူ့ ရဲတပ်ဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းအောင်ကို အငြိမ်းစား ယူခွင့် ပြုခဲ့ပြီး ပြည်သူ့ ရဲတပ်ဖွဲ့ ရဲချုပ် ဦးဖေကြည်ကို ရာထူးမှ ချကာ စစ်တပ်သို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင် စေသည်။
(၂၂) ရက်။
::* ပြည်မြို့တွင် အရေးပေါ် အခြေအနေ ကြေညာပြီး အုပ်ချုပ်ရေး တာဝန် အားလုံးကို တပ်မတော်သို့ လွှဲအပ် ပေးလိုက်သည်။
(၂၃) ရက်။
::* မဆလ ပါတီ အရေးပေါ် ညီလာခံ စတင် ပြုလုပ်သည်။ ဦးနေဝင်းက မိန့်ခွန်း ပြောကြားကာ သူနှင့် အတူ မဆလ ပါတီ ဒုဥက္ကဋ္ဌ ဦးစန်းယု၊ အထွေထွေ အတွင်းရေးမှူး ဦးအေးကို၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးစိန်လွင်၊ ဗဟို ကော်မတီ အလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးကျော်ထင်နှင့် ဦးထွန်းတင်တို့ အနား ယူတော့ မည်ဟု ပြောကြားသည်။ စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန်နှင့် တပါတီ စနစ်နှင့် သို့မဟုတ် ပါတီစုံ စနစ် ကျင့်သုံးရန် ကိစ္စ အတွက် ပြည်သူ့ ဆန္ဒ ခံယူပွဲ ကျင်းပရန် အဆို တင်သွင်း လိုက်သည်။
(၂၄) ရက်။
::*ကိုယ်စားလည် များက ဦးနေဝင်းအား ရာထူး၌ ဆက်လက် နေရန် တိုက်တွန်း ကြပြီး စီးပွားရေး ပြုပြင် ပြောင်းလဲမှု အစီအစဉ်ကို ထိခိုက် နိုင်သည် ဟူသော အကြောင်း ပြချက်ဖြင့် ပါတီစုံ စနစ် ကျင့်သုံးရေး အတွက် ပြည်သူ့ ဆန္ဒ ခံယူရန် အဆိုကို ကန့်ကွက် ကြသည်။
(၂၅) ရက်။
::*စီးပွားရေး ပြုပြင် ပြောင်းလဲမှုကို အရှိန်အဟုန် မြှင့်ရန်နှင့် ညီလာခံက ပြည်သူ့ ဆန္ဒ ခံယူပွဲကို သဘော မတူကြောင်း ဦးအေးကိုက အဆို တင်သွင်းသည်။ ညီလာခံက နောက်ဆုံးတွင် ဦးနေဝင်းအား ပါတီ ဥက္ကဋ္ဌ အဖြစ်မှ အနားယူမှု ကိုသာ ခွင့်ပြုခဲ့ကာ ပြည်သူ့ ဆန္ဒ ခံယူပွဲ မပြုလုပ်ရန် သဘောတူ ဆုံးဖြတ် ခဲ့သည်။
(၂၆) ရက်။
::* မဆလ ပါတီ ဗဟို ကော်မတီ အစည်းအဝေး ကျင်းပ၍ ဦးစိန်လွင်ကို ပါတီ ဥက္ကဋ္ဌသစ် အဖြစ် ရွေးချယ် ခဲ့သည်။ ဦးစန်းယုအား နှုတ်ထွက်ခွင့် ပြုသော်လည်း ဦကျော်ထင်၊ ဦးအေးကိုနှင့် ဦးထွန်းတင် တို့ကို ပြန်လည် ရွေးကောက် တင်မြှောက် ကြသည်။ နိုင်ငံတော် ပြည်သူ့ ဥပဒေ အကျိုးဆောင် အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်မောင်နှင့် အတူ ဝန်ကြီးချုပ် ဦးမောင်မောင်ခ တို့ကို ရာထူးမှ ထုတ်ပယ် လိုက်သည်။
(၂၇) ရက်။
::* ပြည်သူ့ လွှတ်တော် အစည်းအဝေး ကျင်းပသည်။ [[စိန်လွင်၊ ဦး (နိုင်ငံတော်သမ္မတ)‎|ဦးစိန်လွင်]]ကို နိုင်ငံတော် ကောင်စီ ဥက္ကဋ္ဌ (နိုင်ငံတော် သမ္မတ) အဖြစ် ရွေးချယ် တင်မြှောက် လိုက်သည်။ ဦးကျော်ထင်အား နိုင်ငံတော် ကောင်စီ အတွင်းရေးမှူး၊ ဦးထွန်းတင်အား ဝန်ကြီးချုပ်နှင့် ဒေါက်တာ မောင်မောင်အား နိုင်ငံတော် ပြည်သူ့ ဥပဒေ အကျိုးဆောင် အဖွဲ့ ဥက္ကဋ္ဌ အဖြစ် အသီးသီး ရွေးကောက် တင်မြှောက်လိုက်ကြသည်။
(၂၈) ရက် (ဝါဆိုလပြည့်နေ့)။
::*အဓိကရုဏ်း ဖြစ်ပေါ် ခဲ့ပြီးနောက် ရန်ကုန်မြို့နှင့် ၃၅၄ ကီလိုမီတာ အကွာရှိ မြေထဲမြို့ (အလံမြို့) တွင် ညမထွက်ရ အမိန့် ထုတ်ပြန်သည်။ ရွှေတိဂုံ ဘုရားတွင် ကျောင်းသားနှင့် အစိုးရ ဆန့်ကျင် ဆန္ဒပြသူများ စုရုံးကြသည်။
(၂၉) ရက်။
::*ရွှေတိဂုံ အပြင်ဘက်တွင် ကျောင်းသားများ ဆန္ဒ ပြကြသည်။ ထိုနေ့ ညနှောင်းပိုင်း အချိန်၌ ဦးအောင်ကြီး၊ အေပီ သတင်းထောက် ဦးစိန်ဝင်းနှင့် တခြား အငြိမ်းစား စစ်ဘက် အရာရှိ ၉ ဦး အဖမ်း ခံရသည်။
 
== ဩဂုတ်လ ==
(၁) ရက်။
"https://my.wikipedia.org/wiki/၁၉၈၈" မှ ရယူရန်