အီရတ်နိုင်ငံ: တည်းဖြတ်မှု မူကွဲများ

၂၃၈၁၀ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁၀ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး (r2.6.4) (ရိုဘော့က တည်းဖြတ်နေသည် - kk:Ирак)
No edit summary
 
သမိုင်းကြောင်းအရ ဆိုလျှင် အီရတ်သည် ဥရောပတွင် ဂရိအမည် မက်ဆိုပိုတေးမီးယား (မြစ်များအကြားရှိ မြေ) ဟူသော အမည်ဖြင့်သာ သိကြသည်။ အီရတ်သည် ဘီစီ ၆ ရာစုမှစ၍ အောင်မြင်သော ယဉ်ကျေးမှု လူ့အဖွဲ့အစည်းတို့၏ နေထိုင်ရာ ဒေသအဖြစ် ဆက်တိုက် တည်ရှိခဲ့သည်။ တိုက်ဂရစ် နှင့် ယူဖရေးတီး မြစ်နှစ်သွယ်ကြားရှိ ဒေသကို ယဉ်ကျေးမှု လူ့အဖွဲ့အစည်းတို့၏ ပုခက်ဟု ခေါ်ဝေါ်ကြပြီး စာရေးသားခြင်းနှင့် ဘီ:တို့ စတင် ပေါ်ပေါက်ရာ ဒေသဖြစ်သည်။
 
 
==အီရတ်နိုင်ငံ==
အီရတ်နိုင်ငံသည် ရှေးအခါက မက်ဆိုပိုတေးမီးယားဟုခေါ်သော
နယ်မှ ဖွဲ့စည်း တည်ထောင် ခဲ့သောနိုင်ငံတစ်ခု ဖြစ်သည်။
ယူဖရေးတီးမြစ်နှင့် တိုင်းဂရစ်မြစ်တို့သည် အီရတ်နိုင်ငံကို
ဖြတ်သန်းစီးဆင်းကြရာ ထိုမြစ်နှစ်သွယ် အကြားရှိ မြစ်ဝှမ်း
ဒေသသည် ရှေးအကျဆုံး ယဉ်ကျေးမှု စတင်ထွန်းကားရာ
အရပ် ဖြစ်သည်။ ရှေးခေတ်ယဉ်ကျေးမှုသမိုင်းတွင် ထင်ရှား
ခဲ့သော [[ဗက်ဗီလုံးမြို့]]နှင့် [[နင်းနိဗမြို့]]ဟောင်းတို့သည်လည်း
ထိုဒေသ၌ပင် တည်ရှိခဲ့သည်။
 
 
ဥရောပတိုက်သားတို့သည် အိုးအိမ် အတည်တကျ
ဟူ၍ မရှိဘဲ တောလိုက်မုဆိုးဘဝ၌ ရှိနေကြစဉ် မက်ဆိုပိုတေး
မီးယားတွင် လူတို့သည် ရွာတည်၍ ကောက်ပဲသီးနှံပင်များကို
စိုက်ပျိုးလျက် ရှိကြပြီးဖြစ်သည်။ အိုးခွက်များကိုလည်းကောင်း၊
ကြေးညိုဖြင့် ပြုလုပ်သော ကိရိယာတန်ဆာပလာများကို
လည်းကောင်း သုံးစွဲတတ်ကြပြီး ဖြစ်သည်။ ဆည်မြောင်းဖြင့်
ရေသွင်းစိုက်ပျိုးခြင်း၊ အဆောက်အအုံများတွင် ခုံခံဆောက်လုပ်
ခြင်းစသော တီထွင်မှုတို့ကိုလည်း ကြံဆတီထွင်ခဲ့ကြသည်။
သို့ရာတွင် ထိုဒေသသည် နှစ်ပေါင်းရာပေါင်းများစွာ လက်နက်
နိုင်ငံကြီးများ စစ်ခင်းရာ စစ်တလင်းဖြစ်ခဲ့ခြင်းကြောင့်လည်း
ကောင်း၊ မြစ်ကြောင်းပြောင်းလဲ စီးဆင်းခဲ့ခြင်းကြောင်းလည်း
ကောင်း ဆည်မြောင်းများပျက်၍ ရှေးယခင်က စည်ကားခဲ့သော
မြို့ကြီးတို့သည်လည်း ယိုယွင်းပျက်စီး ကုန်ပြီ ဖြစ်လေသည်။
အီရတ်နိုင်ငံသည် အရှေ့ဘက်တွင် ပါးရှင်းတောင်တန်း၊
မြောက်ဘက်တွင် တူရကီနိုင်ငံ၊ အနောက်ဘက်တွင် ဆီးရီးယား
နိုင်ငံနှင့် ဂျော်ဒန်နိုင်ငံ၊ တောင်ဘက်တွင် ဆအူးဒီးအာရေဗျ
နိုင်ငံတို့ အသီးအသီး ခြံရံ တည်ရှိသည်။ ယူဖရေးတီးနှင့်
တိုင်းဂရစ်မြစ်တို့သည် တူရကီနိုင်ငံတွင် မြစ်ဖျားခံ၍ အီရတ်
နိုင်ငံကို အနောက် မြောက်မှ အရှေ့တောင်သို့ ဖြတ်သန်း
စီးဆင်းသည်။ ထိုမြစ်နှစ်သွယ်တို့သည် ဗာဆရာမြို့ အထက်
နားတွင် ပေါင်းဆုံကြပြီးနောက် ရှက်တယ်အာရပ်မြစ်အမည်ဖြင့်
ပါးရှင်းပင်လယ်ကွေ့ထဲသို့ စီးဝင်သည်။ မြစ်များ စီးဆင်းရာ
မြစ်ဝှမ်းတစ်လျှောက်မှလွဲ၍ ကျန်ဒေသသည် များသောအားဖြင့်
သဲကန္တာရနှင့် မြက်ခင်းကုန်းပြင် ဖြစ်သည်။ အီရတ်နိုင်ငံသည်
ပူပြင်းခြောက်သွေ့၍ ဆောင်းရာသီတွင် မိုးအနည်းငယ်ရွာသည်။
ထို့ကြောင့် ယူဖရေးတီးနှင့် တိုင်းဂရစ်မြစ်တို့သည် နိုင်ငံ၏
အသက်သွေးကြောများဖြစ်သည်။ မြစ်ကမ်းများသည် စိမ်းစို
လျက်ရှိ၍ မြို့များကိုလည်း ထိုတစ်လျှောက်၌သာ တွေ့ရှိ
နိုင်သည်။
 
 
အီရတ်နိုင်ငံအတွက် အကြီးဆုံး ဓနအင်အားမှာ ရေနံ
ဖြစ်သည်။ ခါးကွတ်မြို့သည် ရေနံထွက်ရာ အချက်အခြာ
ဒေသဖြစ်သည်။ ၁၉၂ဝ ပြည့်နှစ်တွင် အီရတ်နိုင်ငံ၌ ရေနံကို
တွေ့ရှိပြီးနောက် တူရကီနိုင်ငံက ပိုင်ဆိုင်ခွင့်အတွက် အရေး
ဆိုခဲ့သော်လည်း မအောင်မြင်ချေ။ နိုင်ငံပေါင်းချုပ်အသင်းကြီးက
၁၉၂၆ ခုနှစ်တွင် အီရတ် နိုင်ငံအား ရေနံတွင်းများ ပိုင်ဆိုင်ခွင့်
ကို ပေးအပ်ခဲ့ရာ ဗြိတိသျှအုပ်ချုပ်သော ရေနံကုမ္ပဏီက ရေနံ
လုပ်ငန်းကို ကြီးကြပ်ဆောင်ရွက် ခဲ့လေသည်။ ၁၉၃၂ ခုနှစ်
တွင် ခါးကွတ်မြို့မှ မြေထဲပင်လယ်ဆိပ်ကမ်းမြို့များဖြစ်သော
ဆီးရီးယားနိုင်ငံ ထရစ်ပိုလီမြို့သို့လည်းကောင်း၊ အဇ္ဇရီယယ်
နိုင်ငံ ဟိုက်ဖာမြို့သို့လည်းကောင်း မိုင် ၆ဝဝ ခန့် ရှည်လျား
သည်။ ရေနံပြွန်ကို စတင် ဆက်သွယ်ခဲ့သည်။ တစ်ဖန် ၁၉၅၂
ခုနှစ်တွင် ခါးကွတ်မြို့မှ ဆီးရီးယားနိုင်ငံ ဗန္နီယမြို့သို့ အကြီး
ဆုံးရေနံပြွန်ကို ဆက်သွယ်ခဲ့လေသည်။ အီရတ်နိုင်ငံသည် ကမ္ဘာ
ပေါ်တွင် ရေနံထွက်သော နိုင်ငံများအနက် သတ္တမလိုက်သော
နိုင်ငံဖြစ်သည်။ ယူဖရေးတီးမြစ်ကမ်းရှိ ဟစ်မြို့အနီးတွင်
ဗစ်တျူမင်ကတ္တရာတွင်းများ ရှိသည်။
 
 
 
အီရတ်နိုင်ငံတွင် စိုက်ပျိုးရေးသည် အဓိကလုပ်ငန်းဖြစ်သည်။
မိုးနည်းသဖြင့် ရေသွင်းစိုက်ပျိုးရသောကြောင့် စိုက်ခင်းများကို
မြစ်ဝှမ်းတစ်လျှောက်၌သာ တွေ့ရှိနိုင်သည်။ စွန်ပလွံသီး အများ
ဆုံးထွက်သော နိုင်ငံ ဖြစ်သည်။ ဂျုံ၊ မုယော၊ စပါး၊ ဝါဂွမ်း၊
ဆေးတို့ကိုလည်း စိုက်ပျိုးသည်။ တိရစ္ဆာန်မွေးမြူရေးကိုလည်း
လုပ်ကိုင်ကြသည်။ ရေနံလုပ်ငန်းမှာမူ အထင်ရှားဆုံး စက်မှု
လုပ်ငန်းဖြစ်သည်။
ဗဂ္ဂဒက်မြို့သည် အီရက်နိုင်ငံ၏ မြို့တော်ဖြစ်၍ လူဦးရေမှာ
၁၄၉ဝ၇၅၉ (၁၉၇၂) ယောက်ရှိသည်။
( ဗဂ္ဂဒက်မြို့။)
 
ဗာဆရာမြို့သည် ရှက် တယ် အာရပ် မြစ်ပေါ်တွင် တည်ရှိ ၍
ပါးရှင်းပင်လယ်ကွေ့မှ မိုင် ၆ဝ ခန့် ကွာဝေးသည်။ အီရတ်
နိုင်ငံအတွက် သင်္ဘောဆိပ်မြို့ဖြစ်သည်။ လူဦးရေ ၁၆၄၆၂၃
ယောက် နေထိုင်သည်။ ဗာဆရာမြို့နှင့် ဗဂ္ဂဒက်မြို့တို့သည်
ဥရောပတိုက်နှင့် အရှေ့ဘက်နိုင်ငံများအကြားရှိ လေကြောင်းခရီး
စခန်းမြို့များ ဖြစ်သည်။
 
 
အခြားထင်ရှားသောမြို့မှာ မိုဆူးမြို့ဖြစ်၍ အီရတ်နိုင်ငံ
မြောက်ပိုင်း တိုင်းဂရစ်မြစ်ကမ်းပေါ်တွင် တည်ရှိသည်။
လူဦးရေ ၂၆၄၁၄၆ ယောက်နေထိုင်သည်။ မိုဆူးမြို့သည်
တောင်ဘက်ပိုင်းတွင်ရှိသော ဗဂ္ဂဒက်မြို့၊ ဗာဆရာမြို့တို့နှင့်
လည်းကောင်း၊ မြောက်ဘက်ပိုင်းတွင် တူရကီနိုင်ငံနှင့်
လည်းကောင်း မီးရထားလမ်းဖြင့် ဆက်သွယ်လျက် ရှိသည်။
အီရတ်နိုင်ငံသည် စတုရန်းမိုင်ပေါင်း ၁၇၃၂၅၈
ကျယ်ဝန်း၍ လူဦးရေ ၁ဝဝ၇ဝဝဝဝ ယောက်ခန့် (၁၉၇၂
ခုနှစ် ခန့်မှန်းခြေ) နေထိုင်သည်။ ထိုလူဦးရေအနက် ၇၅
ရာခိုင်နှုန်းမှာ အာရပ်လူမျိုးများဖြစ်၍ ကဒ် လူမျိုး၊ တူရကီ
လူမျိုးနှင့် ပါးရှင်းလူမျိုးများလည်း နေထိုင်ကြသည်။ နိုင်ငံသား
အများစုသည် အစ္စလာမ် အယူဝါဒီများဖြစ်ကြသည်။ အီရတ်
နိုင်ငံသားတို့သည် လယ်များကို ထွန်ယက်စိုက်ပျိုးရာ၌ ရှေး
နည်းစနစ်အတိုင်းပင် လုပ်ကိုင်လျက် ရှိကြသေးသည်။ တိရစ္ဆာန်
ထိန်းကျောင်း မွေးမြူသူများသည်လည်း တဲရှင်များတွင် နေထိုင်
၍ ရေကြည်ရာ မြက်နုရာ အရပ်များသို့ အမြဲ ပြောင်းရွှေ့သွား
လာလျက် ရှိကြသည်။
ပထမကမ္ဘာစစ်မတိုင်မီက အီရတ်နိုင်ငံသည် တူရကီတို့၏
လက်အောက်ခံနယ်ဖြစ်၍ စစ်ပြီးသောအခါ ဗြိတိသျှသြဇာခံနယ်
ဖြစ်လာသည်။ ၁၉၂၁ ခုနှစ်တွင် အီရတ်နိုင်ငံသားတို့သည်
အာရပ်အမျိုးသား ဖိုင်ဇယ်အားဘုရင်အဖြစ် တင်မြေ|ာက်ကြသည်။
၁၉၃ဝ ပြည့်နှစ်တွင် ဗြိတိန်နိုင်ငံနှင့် အီရက်နိုင်ငံတို့
သည် မဟာမိတ်စာချုပ်ကို ချုပ်ဆိုခဲ့သည်။ ၁၉၃၂ ခုနှစ်တွင်
အီရတ်နိုင်ငံသည် လုံးဝ လွတ်လပ်လာခဲ့ပြီးလျှင် နိုင်ငံပေါင်း
ချုပ်အသင်းကြီး၏ အသင်းဝင်နိုင်ငံတစ်ခုဖြစ်လာခဲ့သည်။
၁၉၃၃ ခုနှစ်၌ ဖိုင်ဇယ်ဘုရင် ကွယ်လွန်၍ သားတော်ဂါဇီက
ထီးနန်းကို ဆက်ခံအုပ်စိုးသည်။ တစ်ဖန် ဂါဇီဘုရင်သည်
၁၉၃၉ ခုနှစ်တွင် ကွယ်လွန်သွား ပြန်သဖြင့် သားတော်ဖြစ်သူ
ဒုတိယဖိုင်ဇယ်ဘုရင်က ဖခင်၏ အရိုက်အရာကို ဆက်ခံရရှိလေ
သည်။
ဒုတိယကမ္ဘာစစ်အတွင်းက အီရတ်နိုင်ငံသည် မဟာမိတ်
နိုင်ငံများဘက်မှ နေ၍ ဂျာမနီ၊ အီတလီနှင့် ဂျပန်နိုင်ငံတို့ကို
စစ်ကြေညာခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် အာရပ်အမျိုးသား
အဖွဲ့ဝင် ဖြစ်လာခဲ့ပြီးနောက် ၁၉၄၈ ခုနှစ် အာရပ်နှင့် အဇ္ဇရီ
ယယ်တို့၏ ပဋိပက္ခအရေးတွင် အီရတ်နိုင်ငံသည် အာရပ်တို့
ဘက်မှ ပါဝင် ကူညီတိုက်ခိုက်ခဲ့သည်။ အဇ္ဇရီယယ်နိုင်ငံ
ဟိုက်ဖာမြို့သို့ အရောက် ဖောက်လုပ်ဆက်သွယ်ထားသော ရေနံ
ပြွန်ကိုလည်း ပိတ်ခဲ့သည်။
ထိုနောက်တွင် အီရတ်နိုင်ငံတွင်း၌ နိုင်ငံရေး လှုပ်ရှားမှုများ
ပေါ်ပေါက်လာပြီးလျှင် အစိုးရအပေါ်၌ မကျေ မနပ် ဖြစ်ကြ
သည်။ ထိုကြောင့် ၁၉၅၈ ခုနှစ် သြဂုတ်လတွင် ဗိုလ်ချုပ်အဗ္ဗဒူ
ကရင် ကာစင် ခေါင်းဆောင် သော စစ်တပ်က ဒုတိယ
ဖိုင်ဇယ်ဘုရင်နှင့်ဦးရီးတော် အိမ်ရှေ့ဥပရာဇာတို့ကို လုပ်ကြံ
သတ်ဖြတ်ပြီးနောက် အုပ်ချုပ်ရေးအာဏာကို သိမ်းပိုက်ခဲ့လေ
သည်၊ သို့ရာတွင် ၁၉၆၃ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့၌
စစ်တပ် က တစ်ဖန် ကာစင်အစိုးရကို ဖြုတ်ချ၍ အမျိုးသား
တော်လှန်ရေးကောင်စီ အစိုးရကို ဖွဲ့စည်းခဲ့လေသည်။ ထိုအစိုးရ
အဖွဲ့တွင် ဗိုလ်ချုပ် အဗ္ဗဒူဆလမ် မို့ဟမ္မဒ် အာရက်(ဖ)က
သမ္မတအဖြစ်လည်းကောင်း၊ ဗိုလ်မှူးချုပ် အာမက် ဟာဆန်ဗေ
ကာက ဝန်ကြီးချုပ်အဖြစ်လည်းကောင်း တာဝန်ယူ ဆောင်ရွက်
ခဲ့လေသည်။ ဗေကာအစိုးရအဖွဲ့သည် ရာထူးကျ ဝန်ကြီးချုပ်
ကာစင်နှင့်တကွ အပေါင်းပါတို့ကိုလည်းကောင်း၊ ကွန်မျူနစ်
အဖွဲ့ဝင်တို့ကို လည်းကောင်း ကွပ်မျက်ခဲ့လေသည်။ ၁၉၆၃
ခုနှစ်တွင် အီဂျစ်၊ ဆီးရီးယားနှင့် အီရက်နိုင်ငံတို့ ပူးပေါင်း၍
အာရပ်ပြည်ထောင်စု သမ္မတနိုင်ငံ ထူထောင်ရန် ကြိုးပမ်းမှု
သည် ဆီးရီးယား ပြည်တွင်းဆူပူမှုများကြောင့် အကောင်
အထည် ပေါ်မလာခဲ့ချေ။ ပူးတွဲ သမ္မတကောင်စီ ဖွဲ့စည်းရန်
အတွက် ၁၉၆၄ ခုနှစ်တွင် အီဂျစ်သမ္မတ နက်ဆာနှင့် အီရက်
သမ္မတ အာရက်(ဖ)တို့ သဘောတူလက်မှတ်ရေးထိုးခဲ့သည်။
၁၉၆၆ ခုနှစ်တွင် သမ္မတ မို့ဟမ္မဒ် အာရက်(ဖ)သည်
ဝန်ကြီးအဖွဲ့ဝင်နှစ်ဦး၊ နောက်လိုက်အချို့နှင့်အတူ ရဟတ်ယဉ်
ပျက်ကျသေဆုံးခဲ့ရာ သူ၏ညီဖြစ်သူ ဗိုလ်ချုပ်အဗ္ဗဒယ် ရာမန်
အာရက်(ဖ)က သမ္မတအဖြစ် ဆက်ခံ ခဲ့သည်။ ၁၉၆၇ ခုနှစ်
တွင် အာရပ်-အဇ္ဇရီယယ်စစ်ပွဲအတွင်း အမေရိကန်တို့သည်
အဇ္ဇရီယယ်တို့ဘက်မှ ကူညီ သည်ဟုဆိုကာ အမေရိကန်နိုင်ငံ
နှင့် သံတမန် အဆက်အသွယ် ဖြတ်ခဲ့၏။ ထိုအတူ ဗြိတိနိုင်ငံ
နှင့်လည်း သံတမန် အဆက်အသွယ် ဖြတ်ခဲ့သော်လည်း ၁၉၆၈
ခုနှစ် မေလတွင် ပြန်လည်ဆက်သွယ်ခဲ့သည်။
ထိုနောက်တွင် တော်လှန်မှုအဆက်ဆက် ဖြစ်ပွားခဲ့ပြန်၍
ဗိုလ်ချုပ်အာမက်ဟာဆန်အယ်ဗေကာခေါင်းဆောင်သည့်အဖွဲ့က
၁၉၆၈ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် အာဏာသိမ်းယူခဲ့ရာ
ဗိုလ်ချုပ်အယ်ဗေကာသည် သမ္မတဖြစ်လာခဲ့လေသည်။
အီရတ်နိုင်ငံသည် ၁၉၆၉ ခုနှစ်တွင် အီရန်နိုင်ငံနှင့်
နယ်ခြားမြစ်ဖြစ်သော ရှက် တယ် အာရပ်မြစ်အတွင်း
ကူးသန်းသွားလာခွင့်များနှင့်စပ်လျဉ်း၍ အငြင်းပွားခဲ့ရသည်။
အီရတ်နိုင်ငံသည် အဇ္ဇရီယယ်နိုင်ငံနှင့် အာရပ်တို့ ရင်ဆိုင်
နိုင်ရန်အတွက် ဂျော်ဒန်နိုင်ငံသို့ တပ်သား ၁၂ဝဝဝ ပို့ထား
ခဲ့သည်။ သို့သော် ၁၉၇၁ ခုနှစ်တွင် ပြန်လည်ရုပ်သိမ်းခဲ့၏။
၁၉၇၂ ခုနှစ်တွင် အီရန်နိုင်ငံနှင့် နယ်စပ်အရေးအခင်းများ
ဖြစ်ပွားခဲ့ပြန်သည်။ ထိုနှစ်တွင်ပင် အီရတ်နိုင်ငံသည် ဆိုဗီယက်
ယူနီယံနှင့် မဟာမိတ်စာချုပ် ချုပ်ဆိုခဲ့၏။ ဆိုဗီယက်ယူနီယံ
ကလည်း စစ်ရေးအကူအညီများ တိုးတက်ပေးခဲ့သည်။
အီရတ်အစိုးရအဖွဲ့သည် အီရက်နိုင်ငံ အရှေ့မြောက်ပိုင်းတွင်
နေထိုင်လျက်ရှိသော ကဒ်လူမျိုးလူနည်းစုနှင့် နှစ်ပေါင်းများစွာ
စစ်မက်ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ရာမှ ၁၉၇ဝ ပြည့်နှစ်တွင် ထိုဒေသအား
ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတော်အသင့် ပေးခြင်းဖြင့်လည်း
ကောင်း၊ ဖွဲ့စည်းပုံဥပဒေသစ်အရ ဖွဲ့စည်းရမည့် ဥပဒေပြု
လွှတ်တော်တွင် ကိုယ်စားလှယ်များ စေလွှတ်ခွင့်ပေးခြင်းဖြင့်
လည်းကောင်း ပြေငြိမ်းစေခဲ့သည်။
၁၉၇၃ ခုနှစ်တွင် အစိုးရအဖွဲ့အား တော်လှန်မှုတစ်ရပ်
ဖြစ်ပွားခဲ့ပြန်ရာ ထိုတော်လှန်မှု မအောင်မမြင် ဖြစ်ခဲ့ပြီး
နောက်တွင် အစိုးရခန့် ဥပဒေပြုလွှတ်တော်ကို နှစ်မကုန်မီ
ဖွဲ့စည်းပေးမည်ဟု သမ္မတဗေကာက ကြေညာခဲ့လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)</ref>
==ကိုးကား==
<references/>
 
[[Category:နိုင်ငံ]]
၂၆၄၄၀

တည်းဖြတ်မှုများ