နိုင်ငံရေးဘောဂဗေဒ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၄၃ -
မြင့်မြင့်မားမား စွမ်းဆောင်ရည်ရှိသည့် စီးပွားရေးတွင် အဆိုပါ ဒုတိယမျိုးဆက်ခေါင်းဆောင် တက္ခနိုခရက်များကို မူဝါဒချမှတ်ရေးနယ်ပယ်တွင် လုပ်ပိုင်ခွင့် ပိုမိုပေးအပ်စေခဲ့ပါသည်။ အာရှကျားလေးကောင် နိုင်ငံ၏ အရေးကြီးသော မဟာဗျူဟာမြောက် စီးပွားရေး မူဝါဒချမှတ်ရေးဖြစ်စဉ်များတွင် တက္ခနိုခရက်များမှာ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်စမြဲဖြစ်ကြောင်း တွေ့မြင်ရလေသည်။ အချို့သော နိုင်ငံရေး ဘောဂဗေ ဒပညာရှင်များက နောက်ပေါက် အာရှကျားများအတွက် စီးပွားရေး မူဝါဒများ၊ သီအိုရီပိုင်း၊ လက်တွေ့နည်း စနစ်ပိုင်းနားလည်သည့် တက္ခနိုခရက်များလောက်ဖြင့် မလုံ လောက်တော့ပါ။ ယင်းတက္ခနိုခရက်များ၏ အရည်အချင်းများအပြင် နိုင်ငံရေးအရပါ ဆွဲဆောင်စည်းရုံးနိုင်သော တက္ခနိုပိုလီ(technopoly) အရည်အချင်း များပါ လိုအပ်သည်ဟု သုံးသပ်ပြောကြားသွားလေရာ အာရှနောက်ပေါက် ကျားအဖြစ် အားယူမည့် မြန်မာနိုင်ငံအဖို့ အထူးအလေးထား ဆင်ခြင်စရာပင် ဖြစ်လေသည်။
 
==စီးပွားရေးအသင်းအဖွဲ့များနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများ==
==အာရှအံ့ဘနန်း၏ နိုင်ငံရေးဘောဂဗေဒ(Political Economy of Asia Miracle)==
 
အာရှကျားများ၏ စီးပွားရေးတိုးတက်မှုဖြစ်စဉ်ကို လေ့လာသုံးသပ်ကြည့်ပါက စီးပွားရေးအသင်း အဖွဲ့များ၏ အခန်းကဏ္ဍမှာ လွန်စွာ အရေးကြီး ကြောင်း တွေ့ရလေသည်။ နယ်ပယ်အသီးသီး စီးပွားရေး လုပ်ငန်းစုကြီးများသည် ယင်းတို့ လုပ်ငန်းစုအကျိုးကို သယ်ဆောင်မှု အမှုဆောင်အရာရှိချုပ်များ (CEOs) ကို ရွေးချယ်၍ သက်ဆိုင်ရာ အစိုးရအင်ဂျင်စီများနှင့် ပုံမှန်တွေ့ဆုံခြင်းမျိုးကို ပြုလုပ်လေ့ရှိပါသည်။ ထိုသို့ မူဝါဒချမှတ်သူများနှင့် စီးပွားရေး ကောင်စီများမှ အမှုဆောင်များအရာရှိချုပ်များ ပုံမှန်တွေ့ဆုံခြင်းဖြင့် သတင်းအချက်အလက်များ ဖလှယ်နိုင်မှု၊ မူဝါဒနှင့် စီးပွားရေးလုပ်ငန်းများ၏ ပတ်ဝန်းကျင်ကို မှန်မှန်ကန်ကန်သိမြင်နားလည် ခန့်မှန်းနိုင်မှု၊ ယှဉ်ပြိုင်မှုပြင်းထန်သည့် လုပ်ငန်းစုများကို တည်ငြိမ်ရေးနှင့် ပုံမှန်ဖွံ့ဖြိုးစေမှု အစရှိသည့် အမျိုးအဆင့် မူဝါဒ (Macro Level Policies) များကို ချမှတ်ရာ၌ ထိရောက်ထက်မြက်မည်ဖြစ်သည်။
ယင်းနိုင်ငံများ၏ ဖွံ့ဖြိုးရေးနိုင်ငံရေးဘောဂဗေဒကို လေ့လာကြည့်ပါက လွန်စွာ စိတ်ဝင်စားဖွယ်ကောင်းကြောင်း သိရလေသည်။ အစိုးရက နောက်ကွယ်မှ ထောက်ပံ့ထားသော စီးပွားရေးလုပ်ငန်းစုကြီးများ၊ နိုင်ငံခြားငွေကြေးလဲလှယ်မှုတွင် မိမိငွေကြေးကို တည်ငြိမ်နေအောင် ထိန်းသိမ်း ထားနိုင်မှုကြောင့် ကုန်သွယ်မှု ပိုငွေရရှိမှုများ၊ ပြည်ပရင်းနှီးမြုပ်နှံမှုများ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးအလွယ်တကူ ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်ရန် ဥပဒေ၊ နည်းဥပေဒ၊ လုပ်ထုံးလုပ်နည်းများ စနစ်တကျ ပြဋ္ဌာန်းထားမှုများ၊ ဥပဒေမှ အပြည့်အဝ ကာကွယ် ပေးထားမှုများဖြင့် အရှေ့အာရှ နိုင်ငံများသည် ဖွံ့ဖြိုးရေးပန်းတိုင်များသို့ ပန်းဝင်ခဲ့ကြလေသည်။
 
 
မြန်မာနိုင်ငံမှာလည်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ငါးလုပ်ငန်း အဖွဲ့ချုပ်ကဲ့သို့ စီးပွားရေး အသင်းအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များလည်းရှိလေရာ ယင်း အသင်းအဖွဲ့များမှာ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု၊ လူမှုရေးညီမျှမှုကို စွမ်းဆောင်ပေးနိုင်သည့် အကျိုးစီးပွား အုပ်စုများ ဖြစ်လေသည်။ စီးပွားရေးအသင်းအဖွဲ့များသည် ယင်းတို့ကြုံတွေ့နေရသော သက်ဆိုင်ရာ စီးပွားရေးကဏ္ဍအလိုက် လိုအပ်သော နိုင်ငံတော် အပိုင်းမှ လုပ်ဆောင်ပေးသင့်သည့် မူဝါဒဆိုင်ရာ သွင်းအားစုများကို ပေးသွင်းခြင်းဖြင့် အမျိုးသားယှဉ်ပြိုင်နိုင်စွမ်း တိုးတက်အောင် ဆောင်ရွက်ကြ လေသည်။ လူမှုရေးအသင်း အဖွဲ့အစည်းများသည်လည်း နိုင်ငံ၏ကျန်းမာရေး၊ ပညာရေး၊ သဘောပတ်ဝန်းကျင်၊ ဆင်းရဲမှုလျော့ချရေး၊ Capacity မြင့်တင်ရေး အစရှိသည့်တို့ကို ဆောင်ရွက်ခြင်းဖြင့် လူ့အဖွဲ့အစည်းအတွင်း တန်းတူညီမျှမှုကို ဖြစ်ပေါ်စေပါသည်။ အာရှကျားနိုင်ငံများတွင်လည်း နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ စီးပွားရေးအသင်းအဖွဲ့ဖြင့် များလည်းအပြိုင်အဆိုင် ထွက်ပေါ်လာပြီး အမျိုးသားလူမှုလှုပ်ရှားမှုအသွင်ဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် သွားကြလေသည်။
အာရှစီးပွားရေးအကျပ်အတည်း
၁၉၉၇ ခုနှစ်တွင် အာရှအံ့ဘနန်းကို အဆုံးသတ်သွားစေသည့် ဖြစ်ရပ်ကြီးတစ်ခုသည် ထိုင်းနိုင်ငံတွင် ဖြစ်ပွားသွားလေသည်။ Gorge Soros ဟုခေါ်သော အမေရိကန် ငွေကြေးရင်းနှီးမြုပ်နှံမှုလုပ်ကိုင်သူ ဘီလီယံနာတစ်ဦး၏ Quntum Fund မှာ ထိုင်းဘတ်ငွေများကို ပြည်ပသို့ ထုတ်ယူသွားရာမှ ထိုင်းငွေများ ငွေကြေးဈေး ကွက်အတွင်း ဝယ်လိုအား တက်လာကာ ထိုင်းငွေတန်ဖိုး လွန်စွာမာသွားလေသည်။ ထိုင်း၏ ကုန်ပစ္စည်းများလည်း ပြင်ပနိုင်ငံ ဈေးကွက်များတွင် ဈေးကြီးသွားသဖြင့် ဝယ်လိုအား တဟုန်ထိုး ထိုးကျသွားလေသည်။ အခြေခံအဆောက်အအုံဖြစ်သော စီးပွားရေး မတည်ငြိမ်မှုသည် အပေါ်ထက် အဆောက်အအုံဖြစ်သော နိုင်ငံရေးအပေါ် သက်ရောက်မှုရှိလာတော့သည်။
 
တစ်ခုပြိုလျှင် အားလုံးပြိုသည့် ဒီမိနိုသီအိုရီအရ မလေးရှား၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ ရှရှား နိုင်ငံ များသို့ အဆင့်ဆင့်ကူးဆက်သွား စတော့ ဈေးကွက်များ ပြိုကြကုန်လေသည်။ တောင်ကိုရီးယား၊ ထိုင်းနှင့် အင်ဒို နီးရှားနိုင်ငံများသို့ IMF မှ ဒေါ်လာ ၄၀ ဘီလီယံ ထောက်ပံ့ရေးအစီအစဉ်များဖြင့် ကုစားခဲ့ရလေသည်။ ယခင် မလေးရှား ဝန်ကြီးချုပ် မဟာသီယာက "နှစ်လေး ဆယ်ကျော်ကြာ တည်ဆောက်ခဲ့သော အာရှစီးပွားရေးမှာ တစ်ရက်တည်း နှင့်ပြိုလဲသွားသည်" ဟု နာနာကြည်းကြည်း ပြောရသည်အထိ ဖြစ်သည်။
ယင်းသို့ဖြစ်ရသည်မှာ အာရှယဉ်ကျေးမှုကြောင့်ဖြစ်သည်ဟု အချို့သော ပညာရှင်များက သုံးသပ်ကြပါသည်။ အထက်အမိန့်ကို လေးစား လိုက်နာသော အာရှယဉ်ကျေးမှု(တနည်း ကွန်ဖြူးရှပ်ယဉ်ကျေးမှု) မှာ အရှင်မွေးတပည့်မွေး အရှင်းရှင်စနစ် (Crony Capitalism) ကို ထွန်းကားစေခဲ့ပါသည်။ မျှတစွာ ယှဉ်ပြိုင်ခြင်းမျိုး မရှိသည့် လုပ်ဝါးကြီးအုပ် လုပ်ပိုင်ခွင့်ပေးသည့် အသွင်အပြင်များ(Rent-seeking activities) မှာ အကျဉ်းအတည်းတစ်ခု ဝင်ရောက်လာသည့် ဖြေရှင်းနိုင်ခြင်းမရှိကြောင်းကို ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံများ၏ အကျပ်အ တည်းကို ကြည့်၍ သိမြင်နိုင်လေသည်။ မြန်မာနိုင်ငံတွင်လည်း လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့်ရှာသည့် စီးပွားရေး လုပ်ငန်းစုကြီးများသာ ကြီးစိုးလျက်ရှိနေပါသည်။ သို့သော် စိတ်ချမ်းသာစရာ ကောင်းသည့်အချက်မှာကား နိုင်ငံတော်သမ္မတကြီးမှ မတ်လ ၃၀ နေပြည်တော် ပြည်ထောင်စုလွှတ်တော် တွင်ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ဈေးကွက်ရဲ့ လွတ်လပ်မှုကို ထိန်းချုပ်လိုတဲ့ သဘောမျိုး မဟုတ်ဘဲ အရင်းရှင်၊ ဓနရှင်ကြီးများ၊ အခွင့်ထူးခံများက လက်ဝါးကြီးအုပ် ခြယ်လှယ်တာမျိုးမဖြစ်ရအောင် ထိန်းကျောင်း တည့်မတ်ပေးခြင်းမျိုး ပြုလုပ်သွားမည်ဟု ကတိပေးသွားခဲ့လေသည်။
 
သို့နှင့် အာရှဘဏ္ဍရေး အကျပ်အတည်းကာလအပြီးတွင် အာရှနိုင်ငံများတွင်ကြီးစိုးခဲ့သည့် မိသားစုဆန်ဆန်စီးပွားရေးလုပ်ငန်းများသာမကအရှင်မွေးသူကောင်းပြုခြင်းခံရသည့်အရင်းရှင်စနစ်မှာလည်းအလွန်အားပျော့သွားလေသည်။
ထိုင်း၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနိုင်ငံများတွင် စီးပွားရေး အကျပ်အတည်းအတွင်း ကျေနပ်မှုမရှိသည့် ပြည်သူများကြောင့် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်လာကာ ပို၍ လွတ်လပ် ပွင့်လင်းလာသာ ဒီမိ ုကရေစီနိုင်ငံများ ဖြစ်လာကြလေသည်။
 
နိုင်ငံရေးဘောဂဗေဒ ဘာသာရပ်သည် စီးပွားရေးနှင့် နိုင်ငံရေးအဆက်အစပ်ကို နားလည်သဘောပေါက်အောင် Maxist theory ရှုထောင့်မှ သော်လည်းကောင်း၊ Neo Classical economy ရှုထောင့်မှသော်လည်းကောင်း ကြည့်ရှုသုံးသပ်ရသည့် ဘာသာရပ်ဖြစ်လေသည်။ Maxist theory အရ ပြောရလျှင် အခြေခံ စီးပွားရေးအဆောက်အအုံများ ပြောင်းလဲခြင်းကြောင့်၊ အပေါ်ထပ်အဆောက်အအုံများဖြစ်သည့် နိုင်ငံရေး အင် အားစုဖွဲ့များလည်း မည်သို့မည်ပုံပြောင်းလဲသွားခြင်းကို လေ့လာရခြင်းဖြစ်လေသည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာအောင် မူဝါဒမည်ကဲ့သို့ချမှတ်မည်၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေများကို မည်သို့သတ်မှတ် မည်သည့် Institutional framework များ၏ အခန်းကဏ္ဍကို လေ့လာရသည့် ဘာသာရပ်လည်းဖြစ်လေသည်။ နိုင်ငံရေး ဘောဂဗေဒဘာသာရပ်ကိုလေ့လာခြင်းဖြင့် မြန်မာနိုင်ငံ၏ ယခင် ကိုလိုနီခေတ်၊ ပါလီမာန် ခေတ်၊ ဆိုရှယ်လစ် ခေတ်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်တို့၏ နိုင်ငံရေးဘောဂဗေဒ ဖြစ်စဉ်များကို သာမက ယခု အုပ်ချုပ်အသစ်ပြောင်းလဲသွားသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ နိုင်ငံဖွံ့ဖြိုးတိုတက်ရေးအတွက်ပါ အသုံးဝင်ပါကြောင်း.......။
 
ယင်းတို့အနက် စီးပွားရေးလုပ်ငန်းများ လုပ်ပိုင်ခွင့်ပေးသည့်အပိုင်းသည် နိုင်ငံတော်အတွက်ရော၊ လူ့အဖွဲ့အစည်းအပိုင်းအတွက်ပါ လွန်စွာ အရေးကြီးသည့် အစိတ်အပိုင်းဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စေတနာနည်းသည့် ကိုယ်ကျိုးစီးပွား အတွက်သာ ကြည့်သော၊ သို့မဟုတ် စီးပွားရေး မလုပ်တတ်သည့် လုပ်ငန်းရှင်များကိုသာ စီးပွားရေးလုပ်ပိုင်ခွင့်ပေးခဲ့လျှင် နိုင်ငံ၏ကုန်ထုတ်လုပ်မှု စွမ်းအားများ တိုးတက်မှု နည်းမည်သာ ဖြစ်လေသည်။ နိုင်ငံရေးဘောဂဗေဒ ဘာသာရပ်တွင် ယင်းကို Rent seeking ဟု ခေါ်လေသည်။ စီးပွားရေး လုပ်ချင်သည့် နိုင်ငံသားတိုင်းကို လုပ်ပိုင်ခွင့် (သို့) တစ်နည်း တန်းတူညီတူ ယှဉ်ပြိုင်နိုင်ခွင့် ပေးရမည်ဖြစ်သော်လည်း (Level Playing Field) ဈေးကွက်ကို လက်ဝါးကြီးအုပ်သွားနိုင်သည့် အရင်းကြီးကြီးမားမားရှိသည့် စီးပွားရေးလုပ်ငန်းရှင်များလည်း ရှိသောကြောင့် Rent Free ထားဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပါ။ ထိုအတွက်ကြောင့် စက်မှုဖွံ့ဖြိုး တိုးတက်သည့် OECD နိုင်ငံများတွင်သာ Rent Free ထားရှိသော်လည်း ယခုမှ ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ် ရောက်ရှိလာသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် Rent Free ထားရှိဖို့မှာ မဖြစ်နိုင်ပေ။ အာရှကျားများကို ကြည့်ပြန်လျှင်လည်း အာရှကျား ျားသည် မိမိနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းစေချင်သည့် စေတနာရှိသော စီးပွားရေးစွန့်ဦးတီတွင် လုပ်ကိုင် တတ်သော စီးပွားရေးသမားများကို လုပ်ကိုင်စေခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှု ရှိလာခြင်းဖြစ်လေသည်။
==အစိုးရနှင့် စီးပွားရေးလုပ်ငန်းများ၏ ဆက်ဆံရေး (Government and Business relation)==
မြန်မာနိုင်ငံ၏ အစိုးရနှင့် စီးပွားရေးလုပ်ငန်းများ၏ ဆက်ဆံရေး (Government and Business relation) မှာ လာဘ်ပေးလာဘ်ယူပေါများခြင်း၊ မလိုလားအပ်သည့် အဆင့်ပိုများရှိနေခြင်း၊ အရှင်မွေး သူကောင်းပြုမှုများကြောင့် စီးပွားရေးဖွံ့ဖြိုးရေးအတွက် စွမ်းဆောင်ရည်နိမ့်ပါးသည့် ဆက်ဆံရေးမျိုး ဖြစ်နေပါသည်။ အထူးသဖြင့် ခေတ်နှင့်မလျှော်ညီတော့သော စီးပွားရေးလုပ်ငန်းများ၏ ယဉ်ကျေးမှုကို (Business Culture) ကို ပြင်ဆင်ရမည် ဖြစ်လေသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများသည် မိသားစုပိုင် စီးပွားရေးလုပ်ငန်းများသာများပြီး အများပိုင် စီးပွားရေး လုပ်ငန်းများအဖြစ် အသွင် မပြောင်းသေးပါ။ ထိုအတွက်ကြောင့် နိုင်ငံတော်အစိုးရမှ နိုင်ငံတော်အစိုးရပိုင် စီးပွားရေးလုပ်ငန်းများ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၏ ရှယ်ယာများကို အရင်းအနှီးဈေးကွက် (Capital market) တစ်ခု တည်ထောင်၍ ပြည်သူများထံ ၂၀၁၂ မတိုင်ခင် ရောင်းချသွားနိုင်ရန် ကြိုးစားလျက် ရှိလေသည်။ သို့မှသာ တရားဝင်စီးပွားရေးလုပ်ငန်းများလည်း မိမိ စီးပွားရေးလုပ်ငန်း၏ အရင်းအနှီးဈေးကွက်တွင် ရှယ်ယာရောင်းစေခြင်းဖြင့် လုပ်ငန်းတိုးချဲ့နိုင်မှာ ဖြစ်သလို တရားမဝင် စီးပွားရေးလုပ်ငန်းများလည်း ချေးငွေအပါအဝင်၊ အရင်းအနှီးရရှိရန် တရားဝင် စီးပွားရေးလုပ်ငန်းများအဖြစ်သို့ အသွင် ကူးပြောင်းလာမည် ဖြစ်သည်။ သို့မှသာ နိုင်ငံ၏ အရင်းအနှီးကို စုဆောင်းမှုကို တိုးတက်စေနိုင်ရုံမျှမက အမျိုးသား စုစုပေါင်း ကုန်ထုတ်လုပ်မှုလည်း တိုးတက်လာမှာဖြစ်ပြီး ကောင်းမွန်သည့် အခွန်စနစ်ကို ကျင့်သုံး အကောင်အထည် ဖော်စေခြင်းဖြင့် အစိုးရ၏ တာဝန်ယူမှုနှင့် တာဝန်ခံမှုလည်း ပိုလာစေမှာဖြစ်ပါသည်။