No edit summary
No edit summary
စာကြောင်း ၁ -
{{Infobox အတ္ထုပ္ပတ္တိ
| အမည် =ဒေါက်တာ ရှောလူး
| ဓာတ်ပုံ =Shwe Luu 3.jpg
| သက်တမ်း =
| အမည်ရင်း =
| ကလောင်အမည်ခွဲများ =
| မွေးသက္ကရာဇ် = ၁၈၃၉-ခု၊ ဇန်နဝါရီလ ၁ ရက်နေ့
| မွေးဖွားရာဒေသ= မော်လမြိုင်မြို့
| မိဘအမည် = ဦးရွှေသက် + ဒေါ်ဖွားလှ
| နိုင်ငံသား =[[မြန်မာနိုင်ငံ]] [[File:Flag of Myanmar.svg|25px]]
| လူမျိုး = မွန်
| ကိုးကွယ်သည့်ဘာသာ = ခရစ်ယာန်
| ပညာအရည်အချင်း = အမ်အေဘွဲ့
| အလုပ်အကိုင် = ကိုယ်ပိုင်ဆေးခန်း၊ ကျောင်းဆရာ
| ကြင်ဖော် = မစ္စလူစီပရဲယား၊ ဒေါ်ရွှေ
| သားသမီး = ၁၀-ယောက်
| ထင်ပေါ်ကျော်ကြားမှု = ပထမဆုံး အနောက်တိုင်းဆရာဝန်
| ထင်ရှားသည့်လက်ရာများ=
| ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ=
| ကွယ်လွန်ရက် = ၁၉၂၉-ခု၊ အောက်တိုဘာလ ၁၀ ရက်
| ကွယ်လွန်ရာဒေသ= မော်လမြိုင်မြို့
| လက်မှတ်=
| ကွန်ယက် =
}}
 
[[File:Dr -Shaw-Loo-2.png|thumb|250px|ဒေါက်တာ ရှောလူး]]
အနောက်တိုင်း ခေတ်မီဆေးပညာနည်းဖြင့် ကုသသော မြန်မာဆရာဝန်များ ပေါ်ထွန်းသည်မှာ အနှစ် တစ်ရာငါးဆယ်ခန့် ရှိပြီးဖြစ်သည်။ ယင်းသို့ ပေါ်ထွန်းခဲ့သည့် ဆရာဝန်များထဲတွင် မွန်လူမျိုး ဆရာဝန် ဒေါက်တာ ရှောလူးသည် ပထမဆုံး ဖြစ်လေသည်။ တစ်နည်းအားဖြင့် [[မြန်မာနိုင်ငံ]]တွင် မြန်မာနိုင်ငံသားများထဲမှ အနောက်တိုင်း ဆေးပညာကို အစပြုခဲ့သူမှာ''' မွန်လူမျိုး ဒေါက်တာ ရှောလူး'''ပင် ဖြစ်သည်ဟု ဆိုသင့်ပေသည်။ [[File:Dr -Shaw-Loo-3.png|thumb|150px|အမေရိကန်ရောက် ဒေါက်တာရှောလူး]]
 
သို့ရာတွင် ဒေါက်တာရှောလူးသည် အနောက်တိုင်း ဆေးပညာကို မြန်မာနိုင်ငံသားများထဲမှ ပထမဆုံး စတင်သင်ယူသူကား မဟုတ်ပေ။ ပထမဆုံး စတင်သင်ယူသူမှာ အမ္မရို့စ် ဒီရိုဇားရီးယိုး ဆိုသူ ဖြစ်သည်ဟု ဆိုသည်။ သူသည် မြန်မာနိုင်ငံသား တစ်ဦးဖြစ်သည်ဟုဆိုသည်။ မြန်မာနိုင်ငံတွင် ခရစ်ယာန် သာသနာပြု လုပ်ငန်းများကို လာရောက်ဆောင်ရွက်သော အီတာလျံ ဘုန်းတော်ကြီး ဖာသာစင်ဂါမားနိုးသည် ၁၈၀၆ ခုတွင် အီတလီပြည်သို့ ပြန်သွားသည်။ သူနှင့်အတူ ဒီရိုဇားရီးယိုးသည် လိုက်ပါသွားကာ အီတလီ၌ ဆေးပညာရပ်များကို သင်ယူလေသည်။ သို့ရာတွင် မည်သို့ဖြစ်သည်ကို မသိရဘဲ ဒေါက်တာ ဒီရိုးဇားရီးယိုးသည် အမိမြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ မလာခဲ့ပေ။ အနောက်တိုင်း ဆေးပညာကို ပထမဆုံး သင်ကြားသူ မဟုတ်သော်လည်း ဆေးပညာတတ်မြောက်၍ အမိမြန်မာနိုင်ငံသို့ ပထမဆုံး ပြန်လာအမှုထမ်းသူ (ဝါ) မြန်မာနိုင်ငံတွင် အနောက်တိုင်း ဆေးပညာမျိုးစေ့ကိုဆေးပညာ မျိုးစေ့ကို စတင်ချခဲ့သူကား ဒေါက်တာ ရှောလူးပင် ဖြစ်သည်။
 
 
Line ၁၄ ⟶ ၃၉:
 
 
ထို့ကြောင့် သူသည် အိုဟိုင်းယိုး နဉ်၊ ကလိဗလင်း ကုသိုလ်ဖြစ်ဆေ:ရုံရှိ ဆေးကောလိပ်ကျောင်းတွင် ဆေးပညာကို ဆက်လက်သင်ယူသည်။ ၃နှစ်အကြာ ၁၈၆၇ ခုနှစ်တွင် မောင်ရှောလူးသည် ဆေးအတတ်ကို ကောင်းစွာ အောင်မြင် တတ်ကျွမ်းလေသည်။ ဆေးပညာ အမ်ဒီဘွဲ့ ရလေသည်။ ထိုနှစ်မှာပင် ဗက်ကနဲ တက္ကသိုလ်ကလည်း သူ့ကို အမ်အေဘွဲ့ ချီးမြှင့်လေပြန်သည်။ မောင်ရှောလူးဘဝမှ ဒေါက်တာရှောလူး ဘဝကိုလည်း ခံယူရရှိပြီး ဖြစ်သဖြင့် အမိမြန်မာနိုင်ငံသို့ ပြန်ရန် ပြင်ဆင်လေသည်။ မပြန်မီ သူသည် ထိုနှစ် အောက်တိုဘာလတွင် အမေရိကန် ပြည်ထောင်စု သမ္မတကြီး အင်ဒရူးဂျွန်ဆင်နှင့် သွားရောက်တွေ့ဆုံသည်။ သမ္မတ ဂျွန်ဆင်မှာ[[ဂျွန်ဆင်]]မှာ [[လင်ကွန်း ]]ကွယ်လွန်ပြီးနောက် သမ္မတ ရာထူးကို ဆက်ခံရသူ ဖြစ်သည်။ ၁၇ ဆက်မြောက် သမ္မတပင် ဖြစ်သည်။ ဒေါက်တာ ရှောလူးကို သမ္မတ ဂျွန်ဆင်သည် ဝမ်းမြောက်ဝမ်းသာ လက်ခံ တွေ့ဆုံသည်။ စင်စစ် ဒေါက်တာရှောလူးသည် အမေရိကန် နိုင်ငံသို့ ပညာဆည်းပူးရန် လာရောက်သည့် ပထမဦးဆုံးသော မြန်မာ ကျောင်းသားပင် ဖြစ်လေသည်။ ဒေါက်တာရှောလူးက သမ္မတကြီးအား မိမိ အမိနိုင်ငံသို့ ပြန်တော့မည့် အကြောင်း ပြောပြသည်။ ဤတွင် သမ္မတကြီးက မင်းတုန်းမင်းထံ[[မင်းတုန်းမင်း]]ထံ ဒေါက်တာရှောလူးအတွက် ထောက်ခံစာ တစ်စောင်အား ရေးပေးလိုက်လေသည်။
 
 
၁၈၆၇ ခုနှစ်၊ အောက်တိုဘာလတွင် ဒေါက်တာ ရှောလူးသည် အမိမြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ လမ်းခရီးတွင် လန်ဒန်တွင် တစ်လ၊ ပဲရစ်တွင် တစ်ပတ် နားနေလေ့လာ၍၊ အေသင်၊ သီဟိုဠ် ၊ ကာလကတ္တား စသည်တို့သို့ ခေတ္တ ဝင်ရောက်ခဲ့သေးသည်။ ထိုအချိန်က စူးအက်တူးမြောင်းလည်း မဖောက်ရသေးချေ။ ၁၈၆၈ ခုနှစ်၊ ဇွန်လတွင် ဒေါက်တာရှောလူးသည် မြန်မာနိုင်ငံသို့ရောက်သော် အမေရိကန် သမ္မတကြီး၏ သဝဏ်လွှာကို မင်းတုန်းမင်းထံ ဆက်သရန် ရတနာပုံ မန္တလေးမြို့သို့ ဆန်တက်ခဲ့သည်။ သရက်မြို့အရောက်တွင် မင်းတုန်းမင်း၏ မြနန်းစကြာ ရေယာဥ်ဖြင့်ရေယာဉ်ဖြင့် မန္တလေးမြို့သို့ ခရီးဆက်ပြီး မင်းတုန်းမင်းကြီးထံမှောက် အခစားဝင်သည်။ မင်းတုန်းမင်းကြီးသည် သူ့ကို ကောင်းစွာလက်ခံ စကားပြောလေသည်။ သမ္မတ ဂျွန်ဆင်၏ ထောက်ခံစာကိုလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံယူသည်။ ထို့နောက် ဒေါက်တာ ရှောလူးကို သားတော်တစ်ပါးကဲ့သို့ ပြုစု စောင့်ရှောက်ကာ မြောက်ဥယျာဉ်၌ ထားတော်မူပြီး နန်းတွင်းစားတော်အုပ်ကို နေ့စဥ် ပို့စေသည်။နေ့စဉ်ပို့စေသည်။ ဒေါက်တာရှောလူးသည် ရက်ပေါင်း ၂၀ ခန့် စည်းစိမ်ချမ်းသာ ခံစား၍ နေခဲ့သည်။ ထို့နောက် မင်းတုန်းမင်းကြီးအား သူ့ကို ဤသို့ ချီးမြှောက်သည်ကို ဝမ်းသာ ကျေးဇူးတင်ကြောင်း၊ သို့သော် သူသည် စည်းစိမ်ခံ၍ မနေလို၊ သူသင်ယူလာသော ပညာများကို အသုံးပြုလျက် ဆရာဝန်နှင့် ကျောင်းဆရာ အလုပ်ကို လုပ်လိုကြောင်း လျှောက်ထားသည်။ မင်းတုန်းမင်ကြီးကလည်း ကြည်သာစွာ ခွင့်ပေးသည်။ သူ့ကို လက်ဆောင်များပေးကာ အောက်မြန်မာနိုင်ငံသို့ ပြန်လွှတ်လိုက်လေသည်။
 
 
ဒေါက်တာ ရှောလူးသည် ရန်ကုန်သို့ ရောက်သောအခါ အလုပ်လုပ်ရန် ကြိုးပမ်းသည်။ သို့သော် အင်္ဂလိပ်အစိုးရက သူတို့ထံတွင် အလုပ်လုပ်ခွင့် မပေးပေ။ မင်းတုန်းမင်ကြီး၏ အမြှောက်စားခြင်းကို ခံခဲ့ရသူ ဖြစ်သဖြင့် မယုံကြည်ဟုဆိုကာ အလုပ်မပေးခြင်း ဖြစ်သည်။ သို့ဖြင့် ဒေါက်တာ ရှောလူးသည် မော်လမြိုင်မြို့သို့ ပြန်ကာ မုတ္တမတွင် ကိုယ်ပိုင်ကျောင်း ဖွင့်လျက် ကျောင်းသား ၃၀ကို စာသင်ပေးသည်။ ထိုနောက် ၆ လ အကြာတွင် မော်လမြိုင် အေဘီအမ် ကျောင်း၌ ဆရာဝင်လုပ်သည်။ ၁၀နှစ်ကြာသည်။ ထို့နောက် ကျေးဇူးရှင် ဆရာမကြီး မာရီယာအင်ဂေါကို ကျေးဇူးဆပ်သော အနေဖြင့် သုံးဆယ်မြို့ရှိ ဆရာမကြီးကျောင်းတွင် ၃ နှစ်တိတိ ဆရာဝင်လုပ်ပေးလေသည်။ ထိုနောက် ရန်ကုန် အစိုးရကျောင်း၌ တစ်နှစ် ဆရာဝင်လုပ်ပေးသည်။ အာဏာပိုင်တို့က သူ၏ အရည်အချင်းကို လည်းကောင်း၊ သူ၏ စေတနာကိုလည်းကောင်း သိရှိကြသဖြင့် သူ့ကို ပညာရေးဘက်တွင် အမှုထမ်းရန် ရာထူးကြီး ပေးသည်။ ဒေါက်တာရှောလူးသည် လက်မခံခဲ့။ ကျောင်းဆရာအလုပ်ကို ကျေနပ်အောင် လုပ်ပြီးပြီ ဖြစ်၍ ဆရာဝန်အလုပ်ကိုသာ လုပ်ကိုင်ချင်နေသည်။ ဆေးဘက်တွင်ကား အင်္ဂလိပ်အစိုးရက နေရာမပေးပေ။ ဆေးဘက်၌ လစ်လပ်သော နေရာမရှိ ဟု ဆိုထားသဖြင့် မရခဲ့။ ထို့ကြောင့် သူသည် မော်လမြိုင်သို့ ပြန်ကာ အမေရိကန် သာသနာပြု ဆရာဝန်မကြီး ဒေါက်တာ အယ်လင်မစ်ချယ် ထ့တွင်ထံတွင် အကူဆရာဝန် အဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ ၁၀ နှစ် လုပ်ကိုင်ပြီးသောအခါ ကိုယ်ပိုင်ဆေးခန်းဖွင့်ကာ ဆေးကုသည်။ တစ်ဖက်ကလည်း မော်လမြိုင် အစိုးရကျောင်းနှင့် နော်မယ်ကျောင်း အုပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်ကာ ပညာရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလေသည်။
 
 
ဒေါက်တာရှောလူးသည် အိမ်ထောင်နှစ်ဆက် ကျဖူးသည်။ ရန်ကုန်အစိုးရကျောင်း၌ ဆရာလုပ်နေစဉ် အင်္ဂလိပ်စစ်ဗိုလ် ကပ္ပတိန် တစ်ဦး၏ သမီး မစ္စလူစီပရဲယားနှင့် ၁၈၆၉-ခုနှစ်ခန့်တွင် အိမ်ထောင်ပြုခဲ့သည်။ သားသမီး ၇ယောက် ရသည်။ အငယ်ဆုံး သတ္တမမြောက် ကလေးငယ်ကို မီးဖွားစဉ် ဇနီးသည် ကွယ်လွန်သွားရှာသည်။ ထို့ကြောင့် ၂ နှစ်အကြာတွင် ဒေါ်ရွှေနှင့် ဒုတိယ အိမ်ထောင်ပြုသည်။ သားသမီး ၃ ယောက် ရရှိသည်။
သူသည် ပညာကို ကြိုးစားသင်ယူသည့် နည်းတူ အလုပ်ကိုလည်း ကြိုးစားလုပ်ကိုင်သူ ဖြစ်သည်။ ကျန်းမာရေးလည်း အထူးကောင်းမွန်သည်။ ၇၄ နှစ်အရွယ်အထိ သန်တုန်း မြန်တုန်းပင် ဖြစ်ခဲ့သည်။
 
 
တစ်နေ့ နံနက်တွင် ဇနီး၊ သားသမီးများအား လိုက်လံနှိုးကာ အောက်ထပ်သို့ ဆင်းလာကြရန် မှာကြားသည်။ ထိုနောက် သူက ဦးစွာဆင်းသွားပြီး ကွပ်ပျစ်ထက်၌ လဲလျောင်းနေလိုက်သည်။ မိသားစုက ဒေါက်တာရှောလူး၏ ထူးခြားသော အပြုအမူကြောင့် အောက်ထပ်သို့ ဆင်းလာကြရာ ကွပ်ပျစ်ထက်၌ ကွယ်လွန်သွားပြီး ဖြစ်သော ဒေါက်တာရှောလူးကို တွေ့ရလေသည်။ ဒေါက်တာရှောလူးမှာ သူလက်ထပ်စဉ်က ဝတ်ဆင်ခဲ့သော အနောက်တိုင်း ဝတ်စုံကို ဆင်မြန်းထားသည်ကို ထူးခြားစွာ တွေ့ခဲ့ရလေသည်ဟူ၏။ ၁၉၂၉ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သော ဒေါက်တာရှောလူး၏ ဈာပနာမှာ စည်းကားလှသည်။ ခရစ်ယာန် ဘုန်းတော်ကြီးများသာမက မြန်မာ ဘုန်းတော်ကြီးများပါ တက်ရောက်ခဲ့ကြကြောင်း မှတ်တမ်းများက ဆိုသည်။ ဒေါက်တာ ရှောလူးအား ဂူသွင်း သဂြိုလ်ကြပြီး အုတ်ဂူထက်တွင်
<blockquote>'''In Sacred Memory of Dr.Shaw Loo'''</blockquote>