စုဖုရားလတ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Robot: Cosmetic changes
No edit summary
စာကြောင်း ၂ -
စုဖုရားလတ်သည် မြန်မာပြည် ပဒေသရာဇ် သက်ဦးဆံပိုင်စနစ်၏ နောက်ဆုံးဘုရင်([[သီပေါမင်း]])၏ မိဖုရားဖြစ်သကဲ့သို့ ကုန်းဘောင်ခေတ်၏ နောက်ဆုံး မဟေသီပင်ဖြစ်သည်။ စုဖုရားလတ်အား မြတောင်မြို့ကို စားရ၍ မြတောင်မင်းသမီးဟုလည်း ခေါ်ကြသည်။
 
[[မင်းတုန်းမင်း]]နှင့် အလယ်နန်းစံမိဖုရားဖြစ်သော [[ဆင်ဖြူမရှင်]]မှ စုဖုရားလတ်အား သက္ကရာဇ်၁၂၂၁-ခု၊ နတ်တော်လပြည့်ကျော်(၄)ရက်၊ အင်္ဂါနေ့ (အေဒီ-၁၈၅၉)တွင် ဖွားမြင်တော်မူသည်။ ဆင်ဖြူမရှင်တွင် သမီးသုံးယောက်ရှိရာ အကြီးဆုံးမှာ မိုင်းနောင် စုဖုရားကြီး၊[[စုဖုရား​ကြီး​]]၊ အလတ်မှာ မြတောင် စုဖုရားလတ်နှင့် သမီးအငယ်မှာ ရမည်းသင်း စုဖုရားလေးတို့[[စုဖုရားလေး]]တို့ ဖြစ်ကြသည်။ မြနန်းစံကျော် ရွှေနန်းတော် နန်းသိမ်းပြီးချင်း ပထမဆုံးမွေးဖွားသော သမီးတော်ဖြစ်သည်။ ပထမ ဒီပဲရင်းမြို့၊ မန်လည်မြို့များကို စားခဲ့ရသည်။ မြတောင်မြို့စား မင်းသမီးအဖြစ်နှင့် '''သီရိပဘာ ရတနာဒေဝီ''' ဘွဲ့ရသည်။
 
သက်တော်(၁၉)နှစ်အထိ ရတနာပုံနန်းတွင် မင်းတုန်းမင်းတရားကြီး၏ သမီးတော်များတွင် ထိပ်ဆုံးနေရာရခဲ့သည်။ အသက်(၁၉)နှစ်တွင် ထီးနန်းစံရပြီး နန်းမတော်အရှင် မိဘုရားခေါင်ကြီး အဖြစ်နှင့် (၇)နှစ်ပတ်လုံး အတိုင်းအစမရှိသော အာဏာဖြင့် စံစားခဲ့ရသည်။ နန်းကျပြီး သက်တော်(၂၆)နှစ်မှ နတ်ရွာစံသည့် သက်တော်(၆၆)နှစ်၊ နှစ်ပေါင်း(၄၀)တိတိ အထိ စိတ်၏ဆင်းရဲခြင်း၊ ကိုယ်၏ဆင်းရဲခြင်းနှင့် နေသွားရသည်။ <ref>မောင်သန်းဆွေ(ထားဝယ်)၏ ကုန်းဘောင်ရှင်းတမ်း</ref>