ရတနာနတ်မယ်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
[[File:YatanarNutmay.jpg|thumb|ရတနာနတ်မယ် အထက်တန်း ကျောင်းသူဘဝက အမေရိကန် နယူးယောက်မြို့မှာ ရိုက်ထားတဲ့ပုံ]]
ရတနာနတ်မယ်သည် [[ဦးနေဝင်း]]၏ တတိယ အိမ်ထောင်ဘက် ဖြစ်သည်။ ရတနာနတ်မယ်သည် ဩစတြေးလျ နိုင်ငံသား အင်္ဂလိပ် လူမျိုး ပြင်ဦးလွင်၊ မြင်းပြိုင်ကွင်း မြင်းဒိုင်ချုပ် ဘွက်ကီ မြင်းပွဲဒိုင် Mr Herbert Bellamy နှင့် [[လင်းပင်ထိပ်တင်မလတ်]]၏ သမီးဖြစ်သည်။ ၁၉၃၁-ခုနှစ်တွင် ရတနာနတ်မယ်ကို မွေးဖွားခဲ့၍ အဖိုးအဖွား ဖြစ်သော [[လင်းပင်မင်းသားကြီး]]နှင့် [[ရေနံသာခင်ခင်ကြီး]]တို့က အသက်ကြီးမှ ကလေးရသောကြောင့် နတ်ကပေးသော ကလေးဟုဆိုကာ လင်းပင်ထိပ်တင်မလတ်၏ သမီးကို ရတနာနတ်မယ်ဟု အမည်ပေးခဲ့သည်။ [[ကနောင်မင်းသား]]၏ မြစ်တော် တယောက်တစ်ယောက် ဖြစ်သည်။
 
[[File:kyay mon 25-12-1976.jpg|thumb|၁၉၇၆ ဒီဇင်ဘာ ၂၅ ရက်နေ့ထုတ် ကြေးမုံ မျက်နှာဖုံးသတင်း]]
လင်းပင် မင်းသားကြီး၏ သမီးတော် ထိပ်တင် မလတ်က အသက် ၃၄ နှစ်မှာ သူမထက် ၁၆ နှစ် ကြီးတဲ့ ဩစတြေးလျ နိုင်ငံသား အင်္ဂလိပ် လူမျိုး ဘွက်ကီ မြင်းပွဲဒိုင် မစ္စတာ ဟားဗတ် ဘဲလာမီ(Mr Herbert Bellamy) နဲ့ လက်ထပ်တယ်။ လေးနှစ်ကြာမှ သူမကို မွေးသည်။ သူမ ကိုယ်တိုင်ကတော့ အသက် ၂၂ နှစ်မှာ ပထမ အိမ်ထောင် ဖြစ်တဲ့ အီတာလျံ လူမျိုး၊ WHO က ဗမာပြည်မှာ တာဝန်ကျတဲ့ ဆရာဝန်တယောက်နဲ့ လက်ထပ်သည်၊ သားလေး ၂ယောက် ရသည်။
 
 
ပြင်ဦးလွင် စိန့်မိုက်ကယ် အမျိုးသမီး အထက်တန်းကျောင်း (ယခု အထက ၄)မှာ အထက်တန်းအထိ ပညာသင်ကြားခဲ့ပြီး မြင်းစီး ကျွမ်းကျင်သူ၊ တင်းနစ်ရိုက်ရာမှာ ထူးချွန်သူ၊ အရပ်အမောင်း ကောင်းသူ ဖြစ်တယ်လို့ ဆိုပါသည်။ သူမကို တချိန်တုန်းကဆိုရင် she was once the cream of Rangoon society during the 1950s and 1960s လို့တောင် ပြောကြပါသည်။ နိုင်ငံခြားသားနှင့် လက်ထပ်ပြီး ရတဲ့ကလေး ဖြစ်ပေမယ့် ကုန်းဘောင်မင်းမျိုး အဘိုးအဘွားတွေက သူ့ကို အတော်လေး ချစ်မြတ်နိုးပုံ ရပါသည်။
 
ထို့ကြောင့် ပြင်သစ်ဖခင်နှင့် မြန်မာမိခင်တို့၏ သမီး Bollywood ရုပ်ရှင်မင်းသမီးဖြစ်သူ Helen Jairag Richardson Khan ၊ အဘိုးဖြစ်သူမှာ မြန်မာဖြစ်ပြီး Britishဗြိတိ ရုပ်မြင်သံကြား သရုပ်အဖြစ် ထင်ရှားသူ Richard Arthur Beckinsale ၊ Richard Beckinsale ၏ သမီးများ ဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် Kathryn Bailey "Kate" Beckinsale နှင့် ရုပ်မြင်သံကြား သရုပ်ဆောင် Samantha Jane Beckinsale ၊ မြန်မာဖခင်နှင့် အင်္ဂလိပ်မိခင်တို့၏ သမီး Annabella Lwin ခေါ် မြင့်မြင့်အေး ၊ Alternative Musician ဖြစ်သူ Sam Duckworth တို့လိုပဲ ရတနာနတ်မယ် ကလဲ Anglo-Burmese အနွယ်ဝင်များအနက် ထင်ရှားပါသည်။
 
အီတလီ၏ နာမည်ကျော် Tuscany ပြည်နယ် မြို့တော် ဖြစ်သောFlorence မှာ နေထိုင်သည့် ဂျွန်ရို့စ် Ms June Rose Bellamy (ခေါ်) ရတနာနတ်မယ် သည် Associazione Culturale Arte e Gastronomia Orientale ဆိုင် ဖွင့်ထားပါသည်။
 
ဖလောရန့် မြို့မှာ Studio June Bellamy ဆိုသော Cooking School ဖွင့်ထားပါသည်။ သူမဟာလည်း ကျော်ကြားသည့် Chef တစ်ယောက် ဖြစ်နေပါပြီ။ သူမရဲ့ ဝဘ်ဆိုဒ်လေးမှာ မြန်မာအငွေ့အသက်လေးတွေ မြင်နိုင်ပါသေးသည်။ သူမရဲ့ ဒီအခန်းလေးထဲမှာ သူ့ဖခင် ဝါသနာပါတဲ့ မြင်းပုံတွေကို အမှတ်တရ ရေးဆွဲထားသလို သူ့အဘိုး လင်းပင်မင်းသားကြီးနဲ့ ရေနံ့သာ ခင်ခင်ကြီးတို့၏မင်္ဂလာပွဲ ပုံကိုလည်း ရေးဆွဲထားတယ်လို့ သိရသည်။