ရွှေညဝါ ဆရာတော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - en:Shwe Nya War Sayadaw
No edit summary
စာကြောင်း ၂ -
==ရွှေညဝါ ဆရာတော်==
ရွှေညဝါ ဆရာတော်၏ ဘွဲ့အမည်မှာ အရှင် ပညာသီဟဖြစ်သည်။ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် သာဓုပရိယတ္တိ စာသင်တိုက်မှ ကျောင်းထိုင် နာယက ဖြစ်သည်။
၂၀၀၄ခုနှစ်မှစကာ ရန်ကုန်-ဗုဒ္ဓတက္ကသိုလ်ကို တည်​ထောင်ဖွင့်​လှစ်ပြီး​ ဗုဒ္ဓစာ​ပေ​တွေကို ​ခေတ်နှင့်​အညီ သင်ကြား​ ပို့​ချ​ပေး​နေသော ဆရာ​တော်ဖြစ်သည်။ ကျောင်း​တိုက်အတွင်း​ စာသင်သား​သံဃာ​တော်​များ အပါအဝင် သံဃာ​တော်အပါး​ ၅၀၀ ​လောက် သီတင်း​သုံး​ ​နေထိုင်လျက်ရှိပါသည်။
 
သာဓုကျောင်းတိုက်တွင် [[အမျိုးသားနေ့|အမျိုးသားအောင်ပွဲနေ့]] အခမ်းအနား၊ ဒေါ်[[အောင်ဆန်းစုကြည်]]၏ ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဗဲလ်ဆုရခြင်း နှစ် ၂၀ ပြည့်အခမ်းအနား စသည်တို့ကို ဆရာတော်က ကျင်းပခွင့်ပေးခဲ့သည်။ ထို့အပြင် NLD ၏ အခြား နိုင်ငံရေးဆိုင်ရာပွဲများ၊ အလှူအတန်း ပြုလုပ်ခွင့်များကိုလည်း ဆရာတော်က ကျောင်းတိုက်တွင် ခွင့်ပြုခဲ့သည်။ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ခရီးစဉ်အတွင်း ထင်ရှားသည့် လူမှုရေးလုပ်ငန်း လုပ်ဆောင်သူများနှင့် အတူ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ၂၀၁၁-ခု၊ ဖေဖော်ဝါရီ ၁ဝ ရက်မှစ၍ ၂ဝ၁၂ ဖေဖေါ်ဝါရီ ၁၁ နေ့ထိ တစ်နှစ် တရားမဟောရန် ရန်ကုန်တိုင်း သံဃာ့မဟာနာယကအဖွဲ့က ပိတ်ပင်ထားခဲ့သည်။ ရွှေညဝါ ဆရာတော်ကဲ့သို့ပင် [[ဦးသုမင်္ဂလ]] (ဒယ်အိုး) ဆရာတော်ကိုလည်း တရားဟောခွင့် ပိတ်ပင်ထားသည်။
 
၂၀၁၁-ခု၊ အောက်တိုဘာလအတွင်း အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် ဆရာတော် အရှင်ပညာသီဟသည် မန္တလေးတိုင်း [[အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်]] (NLD)ရုံး၌ရုံး ဆွမ်းကပ်လှူပွဲ၌ “ပင်ဝါးရုံ”ဆိုသော သြဝါဒပေးခဲ့ခြင်းကြောင့် [[နိုင်ငံတော် သံဃမဟာနာယကအဖွဲ့]]က ဆရာတော်အား ၂၀၁၁-ခု၊ ဒီဇင်ဘာ ၁၂ ရက်နေ့ ရက်စွဲဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့သည်။
 
 
 
[[Category:ထေရုပ္ပတ္တိ]]