ဒွိုက် ဒေးဗစ် အိုင်ဆင်ဟောင်ဝါ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary |
|||
စာကြောင်း ၄၆ -
အမေရိကန်ပြည်ထောင်စု၏ (၃၄)ယောက်မြောက် ဒွိုက် ဒေးဗစ် အစ်ကီ အိုင်စင်ဟောင်ဝါအား ၁၈၉၀ပြည့်နှစ်၊ အောက်တိုဘာလ၊ ၁၄ ရက်နေ့က တက္ကဆပ်ပြည်နယ်၊ ဒနီဆန်တွင်ဖွားမြင်သည်။ ဖခင် ဒေးဗစ်ဂျက်ကော့ဘ် နှင့် မိခင် အိုင်ဒါအဲလိဇဘတ် အိုင်စင်ဟောင်ဝါတို့မှ ဖွားမြင်ကာ အလယ်နာမည် အစ်ကီမှာ ချစ်စနိုးဖြင့် ခေါ်တွင်သည့် အမည်ဖြစ်သည်။
၁၉၂၈ခုနှစ်တွင် ကြည်းတပ်စစ်တက္ကသိုလ်သို့ ဆက်လက်တက်ရောက်ပြီးနောက် ၁၉၃၅-၁၉၃၉အတွင်း ဖိလစ်ပိုင်နိုင်ငံရှိ ဗိုလ်ချုပ်ကြီး ဒေါက်ကလပ် မက်ခ်အာသာ၏ စစ်ဦးစီးအဖွဲ့တွင် အမှုထမ်းခဲ့သည်။[[ဒုတိယကမ္ဘာစစ်]]အတွင်း ၁၉၄၁ခုနှစ်တွင် ဗိုလ်မှုးချုပ်ရာထူးသို့ တိုးမြှင့်ခံရပြီး၊ ၁၉၄၂ခုနှစ်တွင် ဥရောပ အမေရိကန် လက်နက်ကိုင်တပ်များ၏ တပ်မှူးကြီးဖြစ်လာသည်။ ၁၉၄၂တွင် မဟာမိတ်တပ်များ မြောက်အမေရိကကမ်းခြေဒေသအား ကမ်းတက်တိုက်ခိုက်ရာတွင် စစ်ဆင်ရေးအားဦးစီးကွပ်ကဲသူ တပ်မှုးကြီးဖြစ်လာသည်။ ၁၉၄၄၊ ဇွန်၊ ၆တွင်ဆင်နွှဲသော နော်မန်ဒီကမ်းတက်တိုက်ပွဲတွင်လည်း ဆက်လက်ဦးစီးကွပ်ကဲသည်။ ၁၉၄၃ခုနှစ်တွင် မဟာမိတ်နိုင်ငံခြားတပ်ပေါင်းစု၏ အကြီးအကဲ တပ်မှူးချုပ်ဖြစ်လာခဲ့သည်။ ထိုနှစ် ဒီဇင်ဘာ၊ ၂၀တွင် အမေရိကန် ကြည်းတပ်မတော်တွင် ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီးအဖြစ် အစမ်းခန့်အပ်တာဝန်ပေးခံရပြီးနောက် ၁၉၄၆တွင် ထိုရာထူးတွင် အမြဲခန့်အပ်ခံရသည်။ ၁၉၄၅၊မေ၊၇တွင် ရိုင်း၌ပြုလုပ်သော နာဇီဂျာမနီတို့၏ လက်နက်ချပွဲအခမ်းအနားတွင် မဟာမိတ်များ၏ ကိုယ်စားလှယ်အဖြစ်တက်ရောက်ခဲ့သည်။ အမေရိကန်နိုင်ငံသို့ ပြန်ရောက်သောအခါ စစ်ဦးစီးချုပ် အဖြစ် (၁၉၄၅-၁၉၄၈) အတွင်း တာဝန်ထမ်းရွက်ခဲ့သည်။ စစ်တွင်းကိုယ်တွေ့ဖြစ်ရပ်များကို Crusade in Europe အမည်ဖြင့် ၁၉၄၈တွင် စာအုပ်ရေးသားထုတ်ဝေရာ အရောင်းရဆုံးစာအုပ်စာရင်းဝင်ခဲ့သည်။
|