ရွှေဇံအောင်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
''မောင်သုတ အမည်ခံ ဗိုလ်မှူး ဘသောင်း (မဟာ ဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) ပြုစုကာ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ် တည်းဖြတ် ဖြည့်စွက်တဲ့ ပဥ္စမအကြိမ်ပဉ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂ဝဝ၂၊ ရာပြည့် စာအုပ်တိုက်ထုတ် 'စာဆိုတော်များ အတ္ထုပ္ပတ္တိ' စာအုပ်က "ဦးရွှေဇံအောင် (၁၂၃၂ - ၁၂၉၄)" အကြောင်းကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။''
[[File:Dr-Shwe-Zan-Aung.jpg|thumb| ဦးရွှေဇံအောင် (၁၂၃၂ - ၁၂၉၄)]]
 
== ဦးရွှေဇံအောင် (၁၂၃၂ - ၁၂၉၄) ==
ဦးရွှေဇံအောင်ကို ၁၂၃၂ ခုနှစ်၊ ပြာသိုလကွယ်နေ့ (၁၈၇၁ ခုနှစ်၊ ဇန်နဝါရီလ ၂ဝ ရက်နေ့) တွင် စစ်တွေမြို့၌ ဖွားမြင်သည်။ ခရိုင် ရာဇဝတ် ဦးရွှေသားနှင့် ဒေါ်အဖြူဇံတို့၏ သားသမီး ၄ ယောက် အနက် သားအကြီးဆုံး ဖြစ်သည်။
 
ဦးရွှေဇံအောင်သည် ၁၈၈၁ ခုနှစ်မှ စ၍ စစ်တွေမြို့ အစိုးရ အလယ်တန်းကျောင်းတွင် ပညာသင်ရာ ၁၈၈၅ ခုတွင် အလယ်တန်း စကော်လားရှစ်ဆု ရသည်။ ထို့နောက် ရန်ကုန်မြို့ ပြောင်းရွှေ့ပညာသင်ရာ ၁၈၈၇ ခုတွင် တက္ဗသိုလ်ဝင်တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သည်။ ၁၈၉၁ ခုနှစ်တွင် ရန်ကုန်ကောလိပ်မှ ဝိဇ္ဇာ (ဘီအေ) ဘွဲ့ ရသည်။
 
ဆရာကြီးသည် ၁၈၉၂ ခုနှစ်တွင် ပညာရေး ဌာန၌ ပညာအုပ် အဖြစ် စတင် အမှုထမ်းသည်။ ထို့နောက် မြေစာရင်း ဌာနတွင် ဆက်လက် အမှုထမ်းရာ ၁၉ဝ၂ ခုတွင် မြို့အုပ်တန်း၊ ၁၉ဝရ ခုတွင် ဝန်ထောက်တန်း အဆင့်သို့ ရောက်သည်။ ၁၉ဝ၉ ခုနှစ်တွင် ရန်ကုန် ကောလိပ်တော်ရုံး၌ အခွန်ဝန် အဖြစ် ထမ်းရွက်စဉ် ကျူးကျော် နေထိုင်သူများကို မြေခွန်တော် စည်းကြပ်ရေး အတွက် အထူး တာဝန် ယူရသည်။ ၁၉၁၂ ခုနှစ်တွင် တွံတေး တူးမြောင်း ဖောက်လုပ်ရန် အတွက် မြေသိမ်း အရာရှိ အဖြစ် ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ရသည်။ ၁၉၁၃ ခုနှစ်တွင် သံလျင်မြို့၌ မြေပိုင်ဆိုင်ခွင့် ဆိုင်ရာ အထူးစုံစမ်းရေး အဖွဲ့ဝင် အဖြစ် ခန့်ထားခြင်း ခံရသည်။ ၁၉၁၄ ခုတွင် မြေဘက်ဌာန၌ ထူးချွန်စွာ ဆောင်ရွက်မှု အတွက် ဗြိတိသျှအစိုးရက ဦးရွှေဇံအောင်ကို အေ-တီ-အမ် (အမှုထမ်းကောင်း တံဆိပ်ရမင်း) ဘွဲ့တံဆိပ် ချီးမြှင့်သည်။ ၁၉၁၈ ခုနှစ်တွင် ကျောက်တန်းမြို့၌ နယ်ပိုင် ဝန်ထောက် အဖြစ် တာဝန် ထမ်းဆောင်ရသည်။
စာကြောင်း ၂၀ -
မြန်မာ - အင်္ဂလိပ် နှစ်ဘာသာစလုံးတွင် ကျွမ်းကျင် နှံ့စပ်သော ပညာရှင် ဖြစ်သည့် အလျောက် ဆရာကြီး ဦးရွှေဇံအောင်ကို ၁၉၃၂ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်က ဒီလစ် (စာပေ ပါရဂူ) ဘွဲ့ ချီးမြှင့်သည်။ သို့သော် ဘွဲ့နှင်းသဘင် ကျင်းပရန် ၁ဝ ရက်ခန့် အလို ၁၂၉၄ ခု၊ ကဆုန်လဆန်း ၇ ရက် (၁၉၃၂ ခု၊ မေလ ၁၁ ရက်) တွင် ဆရာကြီး ဦးရွှေဇံအောင် ကွယ်လွန် အနိစ္စရောက်သည်။
-----------------------------------------------------------------------------------------
အနောက်နိုင်ငံများတွင် ဗုဒ္ဓအဘိဓမ္မာကို စတင်မျိုးစေ့ချခသည့် ဦးရွှေဇံအောင်ကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၁၈၇၁-ခုနှစ်၊ ဇန်န၀ါရီလဇန်နဝါရီလ (၂၀)ရက်နိန့်၌ မွီးဖွားခ၏။ အဖ ခရိုင်ရဲ၀န် ဦးရွှေသာ၊ အမိ ဒေါ်အဖြူစံရို့၏ သားသမီး လေးယောက်အနက် သားအကြီးဆုံးဖြစ်သည်။
 
၁၈၈၁-ခုနှစ်မှစ၍၊ စစ်တွေမြို. အစိုးရ အလယ်တန်းကျောင်းတွင် ပညာသင်ကြားရာ ၁၈၈၅-ခုနှစ်၌ အလယ်တန်းစကောလာချိ ဆုကိုရဟိသည်။ ထိုမှတစ်ဖန် ရန်ကုန်မြို့သို့ ပြောင်းရွှေ. ပညာသင်ကြားပြန်ရာ ၁၈၈၇-ခုနှစ်တွင် တက္ကသိုလ်၀င် စာမိန်းပွဲကို အောင်မြင်သည်။ ထိုနောက် ရန်ကုန်ကောလိပ်ကျောင်းတွင် ဆက်လက် ပညာသင်ယူပြန်ရာ ၁၈၉၁-ခုနှစ်တွင် ထိုခေတ်က မြန်မာနိုင်ငံ၏ အမြင့်ဆုံးဘွဲ့ဖြစ်သော ၀ိဇ္ဇာဘွဲ့ထူးကို ဆွတ်ခူးရဟိသည်။ လိုအပ်သောပညာ ရဟိပြီးနောက် ပညာရေးဌာန၌ ပညာအုပ်အဖြစ် စတင်၀င်ရောက် ထမ်းဆောင်သည်။ ထိုနောက် မြီစာရင်းဌာနသို့ ပြောင်းရွှေ့ကာ အတန်ကြာ အမှုထမ်းခရာ ၁၉၀၂-ခုနှစ်တွင် မြို့အုပ်တန်းခေါ် မြန်မာနိုင်ငံ လက်အောက်၀န်ထမ်း အဖွဲ့၀င်အဖြစ် ပြောင်းရွှေ့ခန့်ထားခြင်း ခံရပြန်သည်။ ၁၉၀၇-ခုနှစ်တွင် ၀န်ထောက်တန်းခေါ် မြန်မာနိုင်ငံ ၀န်ထမ်းအဖွဲ့သို့ တိုးမြှင့်ခန့်ထားခြင်း ခံရပြန်သည်။