မေအောင် (စွယ်စုံပညာရှင်): တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၇၉ -
ဦးမေအောင်ကို ၁၈၈ဝ ပြည့်နှစ်၊ ဇန်နဝါရီ ၆ ရက်နေ့တွင် စစ်တွေမြို့၌ အဖ ဦးသာဒိုးဖြူး၊ အမိ ဒေါ်နှောင်းဒွေးတို့မှ ဖွားသည်။ မွေးချင်း ၄ ယောက်တွင် ဒုတိယမြောက် သားဖြစ်သည်။ ငယ်စဉ်ကပင် မိဘများ ကွယ်လွန်၍ အမေ့ဘက်မှ ဦးကြီး ဖြစ်သူ ဦးလှအောင်၊ ဒေါ်မြမေတို့က အိန္ဒိယသို့ ခေါ်ယူ၍ ကာလကတ္တားတွင် ပညာ သင်ခဲ့ရသည်။ ဦးလှအောင်မှာ မြန်မာ တိုင်းရင်းသားများ ထဲမှ တဦးတည်းသော မဒရပ် ငွေတိုက် မင်းကြီး အဖြစ် အမှု ထမ်းရွက်ခဲ့ရ၍ ငွေစာရင်း မင်းကြီး ဦးလှအောင် အဖြစ် ထင်ရှားသည်။ ဒေါ်မြမေမှာ စစ်ကဲ ဦးထော်လေး၏ သမီးဖြစ်၍ မင်းကြီးကတော် ဒေါ်မြမေဟု လူသိများသည်။ ဦးမေအောင်မှာ စစ်ကဲ ဦးထော်လေး၏ ဒုတိယ အိမ်ထောင်မှ မွေးဖွားသည့် သမီး ဒေါ်မြမေ၏ ခင်ပွန်း ငွေတိုက်မင်းကြီး ဦးလှအောင်၏ တူဖြစ်သည်။ ဦးမေအောင်သည် ကာလကတ္တားနှင့် ရန်ကုန် အစိုးရ အထက်တန်း ကျောင်းတွင် ပညာသင်၍ တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ မြန်မာစာနှင့် အင်္ဂလိပ်စာ ပထမရ သဖြင့် ရနောင်း ဘုရင်ခံဆု ချီးမြှင့်ခံရသည်။ ရန်ကုန် ကောလိပ် အက်ဖ်အေ (ဥပစာတန်း) တွင် ပထမရ၍ ဂျားဒင်းဆု ထပ်မံ ရရှိသည်။ ၁၈၉၈ ခုနှစ်၊ ဘီအေ နောက်ဆုံးတန်းတွင် ပညာ သင်နေစဉ် ကျန်းမာရေး ချို့ယွင်း၍ ကျောင်းမှ ထွက်ခဲ့ရသည်။ ၁၉ဝ၂ ခုနှစ်တွင် ဒုတိယတန်း ရှေ့နေ စာမေးပွဲ အောင်မြင်ခဲ့သည်။
 
၁၈၉၉ ခုနှစ်တွင် မော်လမြိုင်မြို့ ရမ္မာပူရ စာပုံနှိပ်တိုက် ဦးထွန်းဖြူ၊ ဒေါ်မေတို့၏ သမီး မသိန်းမြနှင့် လက်ထပ်ခဲ့သည်။ ဒေါ်မေမှာ အခွန်ဝန် ဦးအုန်းရွှေ၊ ဒေါ်မျှား၏ သမီး ဖြစ်သည်။ ဒေါ်မျှားမှာ စစ်ကဲကြီး ဦးထော်လေးနှင့် ပထမ အိမ်ထောင်ဆက် ဒေါ်မင်းလူတို့မှ ဖွားမြင်ရာ ဒေါ်သိန်းမြမှာ စစ်ကဲကြီး[[ ဦးထော်လေး၏ဦးထော်လေး]]၏ မြစ်ဖြစ်သည်။
 
ဦးမေအောင်သည် မြိတ်မြို့ အထက်တန်းကျောင်း အထက်တန်းပြ၊ မော်လမြိုင်မြို့ ရှင်မဗုဒ္ဓဃောသ အထက်တန်း ကျောင်းအုပ်၊ ၁၉ဝဝ ပြည့်နှစ်တွင် ရန်ကုန် မော်တင်လမ်း ဦးရွှေအိုးရေခဲစက်နှင့် သစ်ဝါးရောင်းဝယ်ရေး မန်နေဂျာအဖြစ် ဆောင်ရွက်သည်။ ၁၉ဝ၂ ခုနှစ်တွင် ဒုတိယတန်း ရှေ့နေ စာမေးပွဲ အောင်မြင်ပြီးနောက် ညီအစ်ကိုဝမ်းကွဲ တော်စပ်သူ ဦးဘလှအောင် (ငွေစာရင်း မင်းကြီး ဦးလှအောင်၊ မင်းကြီးကတော် ဒေါ်မြမေတို့၏ တဦးတည်းသောသား) နှင့်အတူ ‘အောင်နှင့် အောင်’ အမည်ဖြင့် ရှေ့နေလုပ်ငန်းကို လုပ်ကိုင်သည်။
စာကြောင်း ၈၅ -
၁၉ဝ၄ ခုနှစ်တွင် ဦးဘလှအောင်နှင့် အတူ အင်္ဂလန်သို့ ဥပဒေ ပညာသင် ထွက်ခွာခဲ့သည်။ ၁၉ဝ၄ မှ ၁၉ဝရ ခုနှစ် အတွင်း အင်္ဂလန်နိုင်ငံ ကိန်းဘရစ် တက္ကသိုလ်မှ ဥပဒေဘွဲ့ (LL.B)၊ မဟာဝိဇ္ဇာဘွဲ့ (M.A) နှင့် လင်ကွန်းအင်း ဥပဒေ ကျောင်းမှ ဘာရစ်စတာ အက်ထ်လော (Barrister-at-Law) ဝတ်လုံဘွဲ့များကို ထူးချွန်စွာ ရရှိခဲ့၍ မြန်မာနိုင်ငံ ပညာရေး ဆင်ဒီကိတ် အဖွဲ့၏ ဘက်စုံ ပညာ ထူးချွန်ဆု ဘီဂန်ဒက် ရွှေတံဆိပ် ချီးမြှင့်ခံရသည်။
 
၁၉ဝ၈ မှ ၁၉၂ဝ အတွင်း ဘိလပ်ပြန် ဝတ်လုံတော်ရ အဖြစ် အသက်မွေး ဝမ်းကျောင်းပြု၍ ဝိုင်အမ်ဘီအေ (YMBA) ခေါ် ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းကြီးတွင် ပါဝင် ဆောင်ရွက်ခဲ့သည်။ ဘိလပ်ပြန် ဝတ်လုံတော်ရ ဦးပု (နန်းရင်းဝန် ဦးပု)၊ ပညာဝန် ဦးမုန်း၊ အငြိမ်းစားဝန်ထောက် ဦးဖေတို့နှင့် အတူ ဝိုင်အမ်ဘီအေ အသင်းများ ဖွဲ့စည်း တည်ထောင်ရေး အတွက် နယ်များသို့ ဆင်း၍ တရားဟောရာ ဝိုင်အမ်ဘီအေ အသင်းကြီး၏ ရှေ့တန်း ဦးဆောင်သူ တဦး ဖြစ်လာသည်။ ၁၉၁၁့၁၉၁၁- ခုနှစ် ရန်ကုန်မြို့တွင် ကျင်းပသော အရပ်ရပ် ဝိုင်အမ်ဘီအေအသင်းများ အစည်းအဝေးကြီးတွင် ချယ်ရာမင် (သဘာပတိ) အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၁၆ ခုနှစ် ဟင်္သတမြို့တွင် ကျင်းပသော စတုတ္ထ အကြိမ် ညီလာခံတွင် အစည်းအဝေး သဘာပတိ အဖြစ် ဆောင်ရွက်သည်။ ၁၉၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် ဦးဖေ၊ ဦးဘဘေ၊ ဝတ်လုံတော်ရ ဦးစု (မန္ဈလေးမန္တလေး) တို့နှင့်အတူ အိန္ဒိယနိုင်ငံ ကာလကတ္တားသို့ သွားရောက်၍ အိန္ဒိယနိုင်ငံ ဆိုင်ရာ အတွင်းဝန် မွန်တေဂူကို တွေ့ဆုံပြီး ကိုယ်ပိုင် အုပ်ချုပ်ရေးကို တင်ပြခဲ့သည်။
 
ဝိုင်အမ်ဘီအေ အသင်းကြီးသည် မူလ ရည်မှန်းချက် ဖြစ်သော အမျိုး ဘာသာ သာသနာ ကိစ္စများတွင် သာမက နိုင်ငံရေး ကိစ္စများကို ဝင်ရောက် ဆောင်ရွက်လာရာ နိုင်ငံရေး မဆောင်ရွက်လိုသူ လူကြီး အဖွဲ့နှင့် နိုင်ငံရေးကို ဆက်လက် ဆောင်ရွက်လိုသူ လူငယ် အဖွဲ့ ကွဲပြားလာသည်။ လူကြီး အဖွဲ့ကို ‘တူ သာ သင်း’ (ဦးဘတူ၊ ဦးဖိုးသာ၊ ဦးသင်း) တို့က ဦးဆောင်ခဲ့ရာ ဦးမေအောင်သည် လူကြီး အဖွဲ့ဘက်သို့ ပါဝင်ခဲ့ရာမှ ၁၉၂ဝ ခုနှစ်တွင် အစိုးရ လက်ထောက် ရှေ့နေ၊ ဥပဒေ သုံးသပ်ရေး အရာရှိ၊ ဥပဒေအဖွဲ့ အတွင်းရေးမှူး၊ အစိုးရ ရှေ့နေ၊ ရန်ကုန် တက္ကသိုလ် ဥပဒေဌာန အချိန်ပိုင်း ပါမောက္ခ၊ ၁၉၂၂ ခုနှစ်တွင် တရားလွှတ်တော် တရားဝန်ကြီး၊ ၁၉၂၄ တွင်ပြည်ထဲရေး ဝန်ကြီးချုပ် အဖြစ် ဗြိတိသျှ အစိုးရ၏ သူကောင်းပြုခြင်း ခံရသည်။ ပြည်ထဲရေး ဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်နေစဉ် ၁၉၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ပြင်ဦးလွင်မြို့၌ ရုတ်တရက် ကွယ်လွန်ခဲ့သည်။
 
ဦးမေအောင်တွင် သားသမီး ၃ ဦး ထွန်းကား၍ သားကြီး သတိုးအောင်မှာ ရန်ကုန် တက္ကသိုလ် ဘီအေ နောက်ဆုံးနှစ်တွင် ပညာ သင်ကြားနေစဉ် ကွယ်လွန်ခဲ့သည်။ သတိုးအောင်မှာ ပညာထူးချွန်၍ တက္ကသိုလ်ဝင်တန်း အောင်စဉ်က ဖခင် ဦးမေအောင် ကဲ့သို့ ရနောင်း ဘုရင်ခံဆု ရရှိခဲ့သည်။ သားငယ် ထွန်းလှအောင်မှာ ကိုလိုနီခေတ် အုပ်ချုပ်ရေး လောကတွင် ထင်ရှား၍ လွတ်လပ်ရေး ခေတ်ဦးတွင် ရဲမင်းကြီး ဦးထွန်းလှအောင် ဖြစ်သည်။ သမီးငယ် မမြစိန်မှာ[[မြစိန်၊ ဒေါ်|မမြစိန်]]မှာ မြန်မာ အမျိုးသမီးများ ထဲမှ ပထမဦးဆုံး အမ်အေ (သုတေသန အထူးပြု) ဘွဲ့၊ အောက်စဖို့ဒ် တက္ကသိုလ်မှ ဘီလစ်ဘွဲ့များ ရခဲ့သော သမိုင်း ပညာရှင် တဦး ဖြစ်သည်။ ဥပစာတန်းတွင် ပထမရ၍ ဖခင်ကဲ့သို့ ဂျားဒင်းဆု ချီးမြှင့်ခြင်း ခံရသည်။
 
ဦးမေအောင်သည် မြန်မာနိုင်ငံ ပညာရေး ဆင်ဒိကိတ် အဖွဲ့ဝင်၊ ရန်ကုန် တက္ကသိုလ် ကောင်စီဝင်၊ တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဝင် တဦး ဖြစ်၍ ကရက်ဒေါက် စီမံကိန်းတွင် ပါဝင်ခဲ့ရရာ အချို့ ပုဂ္ဂိုလ်များ၏ အထင်မှား အမြင်မှား ခံခဲ့ရပါသည်။ ထို့ကြောင့် ပြည်ထဲရေး ဝန်ကြီးချုပ် ဦးမေအောင် ကွယ်လွန်သည့် အခါ ဒီးဒုတ်ဂျာနယ်၊ ဒုတိယတွဲ နံပါတ် ၂ (၁၂ ဇွန် ၁၉၂၆ ) တွင် ဒီးဒုတ် ဂျာနယ် တည်းဖြတ်သူ ဒီးဒုတ် ဦးဘချိုက အောက်ပါအတိုင်း မှတ်ချက် ချခဲ့ပါသည်