ပြက္ခဒိန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.2) (ရိုဘော့က တည်းဖြတ်နေသည် - ilo:Kalendario
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀...
စာကြောင်း ၁၁၉ -
ထိုပဝုတ္တ/ပြုတ္တမှ တစ်ချောင်းငင်ပြုတ်၍ ပြတ္တသို့ ရွှေ့ပြောင်းလျက် ထိုမှတစ်ဖန် ပြတ္တမှ တ္တသည် က္ခသို့ရွှေ့ ပြောင်းကာ ပြက္ခဖြစ်ပြီး ပြက္ခနှင့် ဒိနစပ်လျှင် ပြက္ခဒိန ဖြစ်လာရသည်ဟူ၍ ယူဆကြ သည်။ ပြက္ခဒိနကို ပါဠိ ပျက်လျှင် ပြက္ခဒိန် ဖြစ်လာရကြောင်း အယူအဆကို လေ့လာနိုင်သည်။
 
ရခိုင်တွင် ပြက္ခဒိန်ကို မည်သည့်ခေတ်ကာလကပင် စတင်သုံးစွဲလာသည်ကို မသိရသော်လည်း ရာဇ၀င်တို့ရာဇဝင်တို့ တွင် သက္ကရာဇ် ဖြိုခြင်းများကို ဓည၀တီခေတ်မှစ၍ အိန္ဒိယနှင့် ညှိနှိုင်းကာ အသုံးပြုလာခဲ့ရာ ထိုအခါမှစ၍ ပြက္ခဒိန်အသုံး ရှိလာခဲ့သည်ဟု ယူဆရပေသည်။
 
ရခိုင် ပြက္ခဒိန်ကို မြောက်ဦးခေတ် နရအဘယရာဇာ မင်းလက်ထက် ရဟန်းပညာရှိ၊ လူပညာရှိများနှင့် ညှိ နှိုင်း၍ ခရစ် ၁၇၆၁-ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၁၂၂-ခုနှစ်တွင် အစည်းအေ၀း ပြုကာ ဝါဆိုလပြည့်နေ့နှင့် သင်္ကြန်အတာ အတက်နေ့တို့ကို သတ်မှတ်လျက် နှစ်ပေါင်းနှစ်ထောင်အတွက် တန်ခူးလထပ် ပြက္ခဒိန်ကို ပြု လုပ်စီစဉ်လာခဲ့ရသည် ဆို၏။
 
ထို့နောက် အင်္ဂလိပ်လက်ထက် အရောက်တွင် စစ်တွေမြို့ ကျားရုပ်ဆရာတော် ဦးအဂ္ဂ၊ ရွှေစေတီဆရာတော် ဦးတေဇာရာမ၊ ၀တ်လုံတော်ရဝတ်လုံတော်ရ ဦးထွန်းစံတို့သည် ထိုနရအဘယရာဇာမင်းလက်ထက် ပြုလုပ်ခဲ့ကြသော ပြက္ခ ဒိန်ကို အမှီပြု၍ သက္ကရာဇ် ၁၁၈၁-ခုနှစ်မှ ၁၂၉၀-ခုနှစ်အထိ (ခရစ် ၁၈၂၀-မှ ၁၉၂၉-ခုထိ) နှစ်ပေါင်း တစ် ရာ့တစ်ဆယ်အတွက် အင်္ဂလိပ်၊ မြန်မာ၊ ရခိုင် သုံး၀ါဒပါ၀င်သောသုံးဝါဒပါဝင်သော ပြက္ခဒိန်ကို စီစဉ်ထုတ်ဝေခဲ့ကြသည်။
 
ထို့နောက် ၁၂၉၁-မှ ၁၂၉၅-ခုနှစ်အထိ (ခရစ် ၁၉၃၀မှ ၁၉၃၄ထိ) ငါးနှစ်အတွက် ဗေဒင်ဆရာ ဦးချင်းရှီနှင့် ဦးဖြူသာအောင်တို့က အင်္ဂလိပ်၊ရခိုင် နှစ်ဝါဒပါဝင်သည့် ပြက္ခဒိန်ကို ဓညဝတီပြက္ခဒိန်ဟူသော အမည်ဖြင့် ထုတ်ဝေလာခဲ့ကြလေသည်။
စာကြောင်း ၁၂၉ -
သက္ကရာဇ် ၁၂၉၅-ခုနှစ်မှစ၍ ဓညဝတီပြက္ခဒိန်အမည်ဖြင့် နက္ခတ်ဗေဒင် ပညာရှိ ဦးထွန်းလှခိုင်က အင်္ဂလိပ်၊ မြန်မာ၊ ရခိုင် သုံးဘာသာဖြင့် တစ်နှစ်တစ်ကြိမ်ကျစီ ပြက္ခဒိန်ကို ယခုတိုင် နှစ်မပျက် ထုတ်ဝေလာခဲ့လေ သည်။ ထို့ပြင် ၄င်းဦးထွန်းလှခိုင်ပင်လျှင် ဦးထွန်းစံ၏ နှစ်တစ်ရာ့တစ်ဆယ် ပြက္ခဒိန်စာအုပ်ကို လက်ခံသော အားဖြင့် အင်္ဂလိပ်၊ ရခိုင်၊ မြန်မာ သုံးဝါဒပါသည့် နှစ်(၁၀၀) ပြက္ခဒိန် စာအုပ်ကြီးတစ်အုပ်ကို ခရစ် ၁၉၅၉မှ ၁၉၆၀ထိ၊ ရခိုင်-မြန်မာ သက္ကရာဇ် ၁၂၂၀မှ ၁၃၂၂-ခုနှစ် စုစည်းစီစဉ်၍ ၁၃၂၂-ခု၊ နယုန်လတွင် စစ်တွေမြို့ ဖဖြူလမ်း၊ ရခိုင်ခေတ် ပုံနှိပ်တိုက်တွင် ရိုက်နှိပ်ထုတ်ဝေခဲ့လေသေးသည်။
 
ဖော်ပြပါ မြောက်ဦးခေတ် နရအဘယရာဇာမင်းမှ ယခုတိုင် ဆက်ခံလာခဲ့ရသော ပြက္ခဒိန်များအရဆိုလျှင် ရခိုင်ပြည်တွင် တန်ခူးလကို ပထမတန်ခူးလ၊ ဒုတိယတန်ခူးလဟု နှစ်လခွဲ၍ လထပ်ပြုခဲ့ကြ သည်။ မြန်မာ ပြည်တွင်ကား ပထမဝါဆိုလ၊ ဒုတိယဝါဆိုလဟု ဝါထပ်နှစ်ပြုလာခဲ့ကြသည်။ ထို့ကြောင့် ရခိုင်ပြည်တွင် တန် ခူးလထပ်သော (ဒွေစိတြ) ပြက္ခဒိန်နှင့် မြန်မာပြည်တွင် ဝါဆိုလထပ်သော ပြက္ခဒိန်ဟူ၍ မူဝါဒကွဲပြားလာခဲ့ရာ ယခုတိုင် ရှည်ကြာလာခဲ့ရသည်။ အင်္ဂလိပ်တို့ အုပ်ချုပ်လာသောအခါ အနောက်နိုင်ငံ ဝါဒ နေသွားပြက္ခဒိန် တစ်မျိုးလည်း ၀င်ရောက်ခဲ့လေရာဝင်ရောက်ခဲ့လေရာ ယခုအခါတွင် ရခိုင်ပြည်၌ ပြက္ခဒိန်မှာ သုံးမျိုး သုံးဝါဒဖြင့် ရှိလာခဲ့ရ လေ သည်။
 
မြန်မာ၀ါဒမြန်မာဝါဒ ပြက္ခဒိန်မှာ အသုံးများခဲ့ရသော်လည်း ရခိုင်ဝါဒပြက္ခဒိန်ကိုလည်း သက်ဆိုင်ရာ အစိုးရက လုံး၀ ပစ်ပယ်နိုင်ခြင်း မရှိရကား အသိအမှတ်ပြု ခွင့်ပေးထားလာခဲ့ရသဖြင့် အသုံးပြုသူများလည်း ရှိခဲ့ကြသည် သာတည်း။ သို့ရာတွင် မြန်မာဝါဆိုလပြည့်နေ့တို့၌ နိုင်ငံတစ်ဝှမ်း ရုံးပိတ်နေ့ သတ်မှတ်ပေးခဲ့သော်လည်း ရခိုင်ဝါဆိုလပြည့်နေ့တွင်ကား သီးခြားရုံးပိတ်ရက် သတ်မှတ်ချက် မတွေ့ရသဖြင့် သီတင်းသီလစောင့်ရန်၊ ကုသိုလ်ကောင်းမှုပြုရန် လူတိုင်းအားလပ်ခွင့် မရနိုင်ကြသေးချေ။
 
ရခိုင်ရဟန်းတော်များ အနေဖြင့်လည်း ရခိုင်ပြက္ခဒိန်မူအရ ဝါဆိုကြသည့် ပုဂ္ဂိုလ်များ ရှိကြသကဲ့သို့ မြန်မာဝါဒ ပြက္ခဒိန်မူအရ ဝါဆိုကြသော ပုဂ္ဂိုလ်များလည်း အများအပြား ရှိလာခဲ့ကြသည်။ မြန်မာဝါဒတွင်ပင် ဝါထပ် ရက်ငင်ကိစ္စသည် မရှင်းမလင်းလာခဲ့သောကြောင့် မြန်မာမင်းလက်ထက်မှ စ၍ ဝိဝါဒကွဲပြားကာ အင်္ဂလိပ် မင်းလက်ထက် အရောင်တွင်ပို၍ ရဟန်းရှင်လူတို့ ပြဿနာကြီးစွာ ဖြစ်ပေါ်လာခဲ့ကြရကြောင်း ဦးကုဏ္ဍလ ဆရာတော်၏ အာကနသဘာ၀စိန္တာကျမ်း နောက်ဆက်တွဲမှ သက်သေခံ အထောက်အထား၊ စာတမ်းမှတ် တမ်းများအရ လေ့လာသိရှိနိုင်ပေသည်။ အမှန်မှာ ဝါထပ်ရက်ငင်သည် ဗုဒ္ဓခေတ် အလိမကျဖြစ်ခြင်း၊ ဝိနည်း ကျမ်းဂန် အယူအဆကွဲပြားခြင်း၊ ဗေဒသုတေသီများနှင့် အစိုးရတို့က စနစ်ကျ မှန်ကန်မှုရရန် ဆောင်ရွက် မပေးလာနိုင်ခြင်းတို့ကြောင့်လည်း ထိုဝါဆိုဝါထပ်ပြဿာနာသည် ရဟန်းရှင်လူလောကတွင် ဝိဝါဒရှိမြဲ ရှိနေ ကြမည်သာဖြစ်၏။