ဟင်္သာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.2) (ရိုဘော့က ပေါင်းထည့်နေသည် - kbd:Къазплъыфэ
No edit summary
စာကြောင်း ၂၂ -
ဟင်္သာသည် မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် တော်တော်အရေးပါသည်။ ဟင်္သာအမျိုးအစား များစွာရှိသည်ဟုလည်းသိရသည်။ ရှေးခေတ်က ရောင်းဝယ်ဖောက်ကားမှုအတွက် ချိန်တွယ်သောအလေးများကို ဟင်္သာရုပ်၊ ဒေါင်းရုပ် စသည့်အရုပ်များအဖြစ် ကြေးသတ္တုဖြင့် သွန်းလုပ်သုံးစွဲခဲ့ကြသည်။
ဗုဒ္ဓဝါဒထက်အရင် ဗြဟ္မဏဝါဒတွေ မြန်မာပြည်ကို ရောက်လာကတည်းက ဟင်္သာငှက်သည် အရေးပါခဲ့သည်။ ဟိန္ဒူဝါဒ အရ ခေတ်စားခဲ့သည်။ခေတ်စားခဲ့သည့် [[သူရဿတီ]] ရုပ်မှာ မြင့်မြတ်သော ဟင်္သာငှက်ကို ထည့်ထားသည်။
 
ဗုဒ္ဓဘာသာတွင်လည်း ဟင်္သာသည် ပါဝင်ပတ်သက်မှုများ ရှိခဲ့သည်။ ဘုရားအလောင်းတော်၏ ဘဝဖြစ်စဉ်တွင် ဟင်္သာ (၁၀) ကြိမ်ဖြစ်ခဲ့သည်။ ဘေးအန္တရာယ် ကင်းငြိမ်းသောဘဝ ၃၄မျိုးဟု၃၄ မျိုးဟု ယုံကြည်ကြသော ဖြစ်တော်မူ ဘုရားရှိခိုးတွင် “အစကြိုးကြာ ၊ဆယ့်ခြောက်ခါနှင့် ၊ ဟင်္သာကိုးဖြစ် ၊ ခြောက်ဖြစ်ကား ခို”ဟု ပါရှိသည်။ ဇာတ်တော်များတွင်ပါရှိသော ဟင်္သာဘဝစုစုပေါင်းမှာမူ (၁၀) ကြိမ်ရှိသည်ဟု ဆိုသည်။ ဘဝဖြစ်စဉ်အစမှ အဆုံးတိုင်အောင် ကာလအတွက်မူ ၁၀ ဂဏန်းအရေအတွက်မှာ လွန်စွာနည်းပါးသည်။
 
ထူးခြားသော ဖြစ်စဉ်ဘဝ ၁၆မျိုးကို၁၆ မျိုးကို စတုရန်းအင်းအသွင် ချစီပြပုံကို အောက်တွင်လေ့လာနိုင်ပါသည်။
 
:(၁၆)-(၀၉)-(၀၆)-(၀၃)
စာကြောင်း ၄၀ -
ထို့နောက် ဘုရားလောင်း ဟင်္သာမင်းက သူကိုယ်တိုင် နေနဲ့အပြိုင် ပျံကြည့်ရင်း သူ့အဟုန်ကို စမ်းသပ်ခဲ့သည်။ နောက်တော့ နေဆီကခွာပြီး ဗာရာဏသီမြို့ပေါ်ကို ပျံလာသည်။ ဘုရားလောင်း ဟင်္သာမင်းရဲ့အရိပ်က မြို့ပေါ်ကို လွှမ်းမိုးသွားတယ်။ ဗြဟ္မဒတ်မင်းက ထူးဆန်းတဲ့ အဖြစ်နဲ့အတူ မေးသောကြောင့် နေနဲ့အပြိုင် ပျံသန်းနိုင်ခဲ့ကြောင်း လျှောက်သည်။ ဘုရင်ကြီးက ဒီအဟုန်ကို မြင်ဖူးချင်တယ်လို့ တောင်းဆိုသည်။
 
ထို့ကြောင့် ဘုရားလောင်း ဟင်္သာမင်းသည် ၎င်း၏ လျင်မြန်ခြင်းကိုလျှင်မြန်ခြင်းကို ပြသရန် လည်တွင်ချူဆွဲလျက် တိုင်ထိပ်တွင် နေသည်။ တိုင်ခြေရင်းတွင် အတော်ဆုံးလေးသည်တော် (၄) ယောက်တို့ ကျောချင်းဆိုင်ရပ်ပြီး အရပ်လေးမျက်နှာကို မြားတစ်စင်းစီ
ပစ်၏။ ဘုရားလောင်း ဟင်္သာမင်းက မြှားများ မြေမကျမီ ဖမ်းယူကာ လေးသည်တော်တွေရဲ ့လေးသည်တော်တွေရဲ့ ခြေရင်းမှာ ပြန်ချပေးလိုက်သည်။
လျင်မြန်လွန်းသဖြင့်လျှင်မြန်လွန်းသဖြင့် မည်သူမှ သေချာမမြင်ကြရ။ ချူသံကိုသာ ကြားကြရသည်။ မင်းကြီးလဲ အလွန်အံ့ဩပြီး “ဒီထက်ပိုမြန်တဲ့ အဟုန် ဒီလောကမှာ ရှိပါဦးမလား”ဟု ဟင်္သာမင်းကို မေးသည်။ ထိုအခါ ဘုရားလောင်း ဟင်္သာမင်းက “ဤလျင်မြန်ခြင်းထက်“ဤလျှင်မြန်ခြင်းထက်
အဆသိန်းသန်း မက လျင်မြန်သောအရာလျှင်မြန်သောအရာ ရှိသေး၏။ ထိုအရာကား သေခြင်းတရားပေတည်း။”ဟုဆိုရာ မင်းကြီး မှာ ထိတ်လန့်တုန်လှုတ်၏။ ဘုရားလောင်း ဟင်္သာမင်းက မင်းကြီးအား တရားပြကာ နှစ်သိမ့်ရသည်ဟုနှစ်သိမ့်ရသည် ဟု တေရသကနိပါတ်တွင် ပါရှိလေသည်။
 
မင်းကြီးသည် ဘုရားလောင်း ဟင်္သာမင်းကို အလွန်ကြည်ညိုသွားပြီး ဘုရားလောင်း ဟင်္သာမင်းရပ်နေခဲ့သည့် တိုင်ထိပ်မှာ ဘုရားလောင်း ဟင်္သာမင်း အထိမ်းအမှတ် ရုပ်တုထုလုပ် ဂုဏ်ပြုသည်။
စာကြောင်း ၅၇ -
* မောင်အေးမြင့်(မြန်မာ့ရိုးရာဒီဇိုင်း)
 
စာရေးသူ၏အတွေးစဉ်က လွန်ခဲ့သောအနှစ်အစိတ် ကာလဆီသို့ ခေါ်ဆောင်သွားလေသည်။ စစ်ကိုင်းတောင်ခြေ ရှင်ဖြူ ရှင်လှဆိပ်မှ မန္တလေးဂေါဝိန်ဆိပ်သို့ ငှက်လှေ(သမ္ဗာန်)စီးကာ ဟင်္သာ ငှက်များရှိရာ သဲသောင်ပြင်များအနီးမှ ဖြတ်သန်းခဲ့ဖူးသည်။ ထိုစဉ်က မနီးမဝေးတွင် လှမ်းမြင်နေရသော ဟင်္သာငှက်များကို ပုံမရေးဖြစ်ခဲ့။ အကြောင်းကား အချိန်က ညနေလေးနာရီကျော်နေကျချိန်၊ညနေလေးနာရီကျော် နေကျချိန်၊ မြင်နေရ သော မြင်ကွင်းက ဧရာဝတီမြစ်ပြင်ကျယ်ကျယ်နှင့် သဲသောင်ပြင်၊ အပေါ်မှမိုးကောင်းကင်ပြာပြာကြီး၊ ကိုယ့်နံဘေးမှာက ဘဝခရီးတွင် ကိုယ့်ကိုအားကိုးပြုစုလိုသောမိန်းကလေး။ ငှက်တစ်စင်းလုံးတွင်မှ သည်နှစ်ဦးနှင့် နောက်မှ ငှက်ခတ်သူဘကြီး။ သည်သုံးဦးမှလွဲ၍ အနီး ပတ်ဝန်းကျင်တွင် ကိုယ်က ကြည့်ရမည့်သူမရှိ်သလို၊ကြည့်ရမည့်သူမရှိသလို၊ ကိုယ့်ကို ကြည့်နေ သူများလည်း မရှိ။ အလှမ်းဝေးဝေးနေရာဆီမှ တံငါလှေငယ်တစ်စင်း တလေ တွေ့ခဲကြုံခဲလှသည့် ဘဝင်ကြည်နူးဆွတ်ပျံ့ဖွယ်ရာ ရှုခင်းသာ၊ နှလုံးသားဖြင့် ခံစားနေရသော ဖဿဝေဒနာများကြောင့် သဘာဝ ဟင်္သာငှက်များကို လှမ်းမြင်နေရပါလျက် မရေးဆွဲဖြစ်ခဲ့။
 
တစ်ချိန်တွင် ဟင်္သာအကြောင်း ရေးမည့်သူ။ရေးမည့်သူ၊ တကယ့်ကယ့် ဟင်္သာတို့ ပျော်လေရာ ငွေသောင်ယံနားရောက်ခဲ့ပါလျက် ဟင်္သာပုံ မရေးမမှတ်ဖြစ်ခဲ့သည့်အတွက် ဟင်္သာများဘက်မှ အပြစ်တင်ပါက ခံရ ရုံသာရှိပါသည်။
 
သဘာဝဟင်္သာငှက်သည် ဝမ်းဘဲမျိုးနွယ်သာဖြစ်၍ အသွင် အားဖြင့် ဝမ်းဘဲနှင့်တူသည်။ တောဘဲကဲ့သို့ပျံနိုင်သည့်စွမ်းအားရှိ သည်။ သဲသောင်ရေစပ်တွင် ဖိုမအစုံနေလေ့ရှိသည်။ တစ်ကောင်နှင့် တစ်ကောင် တွယ်တာတတ်၍ အချစ်သဲသော သတ္တဝါများစာရင်းတွင် ထည့်သွင်းရမည်ကဲ့သို့ရှိသည်။
 
'ဟင်္သာ' ကား မြန်မာတို့၏ အနုပညာနယ်ပယ်တွင် ရင်းနှီး လှသည်။ သဘာဝ ဟင်္သာငှက်ကို မြင်ဖူးတွေ့ဖူးသူ နည်းသည်သာရှိ မည်။ အနုပညာ ဟင်္သာကိုကား တွေ့ဖူးသူ များလေသည်။ စာပေ ကျမ်းဂန်နှင့် လက်မှုအနုပညာနယ်တွင် ရှာနိုင်၊ ရှာနိုင်သလို တွေ့နိုင် သည်။ ဗုဒ္ဓဘာသာစာပေကျမ်းဂန်များတွင် များစွာပါရှိသည်။ မာဂဓ ဘာသာ 'ဟံသ' သဒ္ဒါကိုစွဲ၍ မြန်မာလို 'ဟင်္သာ' ဟုခေါ်ကြောင်း အသီတိနိပါတ်တော်တွင် ဟင်္သာခြောက်မျိုးဖော်ပြထားကာ ဓတရဋ္ဌ ဟင်္သာသည် အမြတ်ဆုံးဖြစ်ကြောင်းနှင့် ရှေးမွန်ဘုရင်တို့သည် ဟင်္သာ ကို အမြတ်တနိုးထား၍ ပူဇော်ခဲ့ကြောင်းကို မြန်မာသီချင်းကြီး တစ်ဆယ့်ငါးပုဒ်အဖွင့်၊ ဆဒ္ဒန်အိုင်သာ၊ အကျယ်ဖွင့်ဆိုချက်တွင် တွေ့မှတ်ရသည်။
 
ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထုတော်တွင် သုဝဏ္ဏဟံသဇာတ်၊ ဝီနီလကဇာတ်၊ ကစ္ဆပဇာတ်၊ ဟံသဇာတ်၊ ပလာသဇာတ်၊ နေရူဇာတ်၊ ဇဝနဇာတ်၊ စူဠဟံသဇာတ်၊ မဟာဟံသဇာတ် စသည်များတွင် ဘုရား လောင်းဟင်္သာမင်းဘဝများကို နာရမှတ်ရလေသည်။ စက်လက္ခဏာ တော် (၁ဝ၈) ပါးတွင် 'ဥဒေါင်း၊ ကြိုးကြာ၊ ဟင်္သာ၊ စက္ကဝက်၊ ငှက်၏ အမျိုး၊ ဇီဝစိုးအစုံ . . .' စသည်ဖြင့် ပါရှိနေသည်။
 
ဖြစ်တော်ပေါင်းချုပ် ဘုရားရှိခိုးတွင်လည်း 'အစ ကြိုး ကြာ၊ ဆယ့်ခြောက်ခါနှင့်၊ ဟင်္သာကိုးဖြစ်' စသည်ဖြင့် ဘုရားအလောင်းတော် သည် 'ဟင်္သာအဖြစ်ကိုးကြိမ်ဖြစ်ခဲ့ဘူးသည်ကိုဟင်္သာအဖြစ်ကိုးကြိမ် ဖြစ်ခဲ့ဘူးသည်ကို သိမှတ်နိုင်လေသည်။
 
တစ်ဖန် စိန္တကျော်သူဦးဩ၏ ဩဝါဒထူးပျို့ဆုံးမစာတွင် လည်း 'မတင့်တယ်ရာ၊ လူတို့ရွာတွင်၊ လဝါမဲ့ညဥ့်၊ တံပိုးမဲ့မြစ်၊ လည်ရစ် နွှဲကာ၊ ဟင်္သာမဲ့ကန်၊ တံခွန်မဲ့ငြား၊ စက်ရထားနှင့် . . .' စသည်ဖြင့် ဆိုညွှန်းထားသည်ကိုကြည့်ပါက ဟင်္သာမရှိသောကန်သည်လည်း လမဲ့ည၊ လှိုင်းမဲ့မြစ်၊ တံခွန်မဲ့ရထား၊ စသည်တို့ကဲ့သို့ မတင့်တယ်ဟု ဆိုထားလေသည်။ ဟင်္သာကား ဤမျှအချက်အချာကျလှလေသည်။ အမတ်ကြီးမင်းရာဇာသည် မွန်ဘာသာကဗျာကျမ်းမှ မြန်မာပြန်ဆိုခဲ့ သော ဟိတကာရီလင်္ကာ၌ သူရဿတီနတ်သမီးနှင့် ပတ်သက်၍ ဖွင့်ဆို ရာ၌ 'ဟင်္သာဖြူစင်၊ ယာဉ်ပေါ်တွင်၌၊ ဆင်းအင်ဖြူဆွတ်၊ ကိုယ်ရောင် မွတ်လျက်၊ ကြီးမြတ်ဉာဏ၊ ဘုန်းတေဇဖြင့်၊ လက်လှဘယ်ညာ၊ နှစ်ဖက်မှာကား၊ ပဒုမ္မာဖြူစိန်ရောင်တူကို၊ စွဲယူအံ့ဖွယ်၊ လွန်တင့်တယ် သည်၊ မိမယ်သူရဿတီနတ်' စသည်ဖြင့်တွေ့ရပြန်ပေသည်။
 
ရှေးခေတ်သီချင်းကြီး သီချင်းခံများကိုရေးစပ်ခဲ့ကြသော စာဆိုတော်ကြီးများကလည်း ဟင်္သာကိုအလေးအနက်နေရာပေးကာ ဖွဲ့ဆိုခဲ့ကြလေသည်။ ကလပ်ငယ်ကြိုးတွင် 'ဟင်္သာလေပျံကာသွား၊ ပိတုန်း ပိတုန်း ပျား၊ ရေပေါ်မှာလွှားပါလို့၊ ကြာဆံကို စားပါလို့၊ ဝဲကာ ပျံလေတည့်မှ ဝဲကာပျံ. . .' ။ မြဝတီမင်းကြီး ရေးသော မင်းခမ်းတော်စုံ ဘွဲ့တွင် 'ဟင်္သာရောင်မောင်းဥဒေါင်းကရဝိတ်မွန်နယ်မှာ၊ ရှားစေးလဲ့ ဝှန်၊ မွှေးလွန်နံ့သာ ထည့်ပါလို့လေး'။ ဘုန်းဘွဲ့ပတ်ပျိုးတွင်မူ 'ငှက်မွန် ဆင်းဝါ၊ ဟံသာရွှေမုခါ'။ နတ်ကြီးဆယ့်ငါးပါးဘွဲ့တွင်လည်း ဗိဿနိုး၊ ဂဠုန်၊ ဟင်္သာဘုံ ရှစ်စုံ ဗြဟ္မာမြန်းသည်နှင့်လေး . . .။' မင်းသိင်္ဂီရေး သိင်္ဂါသံတွင် 'အတောင်ငယ်ယှဉ်နွှဲ၊ ရွှေလည်တွဲပါလို့၊ ဝမ်းဘဲပမာ၊ ရွှေဟင်္သာသို့၊ မကွာအတူ၊ ပါတော်မူ၊ နန်းသူမိငယ် . . .' စသည်ဖြင့် မြန်မာတို့၏ကြိုး၊ ဘွဲ့၊ သီချင်းခံ၊ တေးဂီတနယ်တွင်လည်း ရှေးရှေးမှ သည် မျက်မှောက် ခေတ်တိုင် ရွှေဟင်္သာများပျံဝဲလျက်ရှိသည်။ (ဥပမာ စတီရီယိုတေး၊ စိုင်းထီးဆိုင်၏ ပျံသာပျံပါရွှေဟင်္သာရယ်)။ စီးပွားရေး ကြော်ငြာအမှတ်တံဆိပ်များတွင်လည်း ဟင်္သာမပါမပြီးသလောက်၊ ပဲခူးမြို့ ရွှေမောဓောဘုရားအနီးဟင်္သာကုန်းတွင် အဖိုပေါ်အမထပ်ကာ နားနေဟန်ရှိ ဟင်္သာမောင်နှံအရုပ်ရှိလေသည်။ ပဲခူးတိုင်း၊ မြို့နယ် သမဝါယမအသင်းစုသည် ထိုထင်ရှားလှသော အချစ်သည်းလှသော ရွှေဟင်္သာမောင်နှံကိုပင် အမှတ်တံဆိပ်ပြုလုပ်ထားလေသည်။ မြန်မာ့ ထုတ်ကုန်သွင်းကုန်ကော်ပိုရေးရှင်းသည် ရွှေဟင်္သာကွမ်းအုပ်တော်ပုံ ဖြင့် အမှတ်အသားပြုကာ နိုင်ငံတကာနှင့်ကုန်သွယ်လျက်ရှိသည်။ အနုပညာနယ်တွင်း၌လည်း နေရာအမျိုးမျိုးတွင် ဂုဏ် ဆောင်လျက်ရှိကြောင်း စာရေးသူ ပူးတွဲတင်ပြသည့်ပုံများကို ကြည့်က သိသာနိုင်ပေမည်။
 
ထိုမှ ဤမှ ဟင်္သာများ
စာကြောင်း ၈၃ -
[[File:art34-13.jpg | frame | ပုံ ၃]]
 
ပုံ ၃။ ပုဂံပြတိုက်အတွင်းမှဟင်္သာမောင်နှံကျောက်ဆစ် ရုပ်ကြွပင်ဖြစ်သည်။ ခေတ်ဒီဇိုင်းဆရာများ အလွန်ကြိုက် သည့်ဖွဲ့စည်းအလွန်ကြိုက်သည့်ဖွဲ့စည်း ဟန်တစ်ခုဖြစ်သည်။ တစ်ကိုယ်တည်း ခေါင်းနှစ်လုံး (နှစ်ကိုယ့် တစ်စိတ်) နှစ်ကောင်လည်းဟုတ်၊ တစ်ကောင်လည်းဟုတ် ပုံစံမျိုး။ ဒီဇိုင်းသဘောအရလည်း တိကျသော နှစ်ဖက်ညီ၊ အလေးချိန် ညီ ဒီဇိုင်းမျိုးဖြစ်၍ အမှတ်တံဆိပ်ပြုရန် ကောင်းသည့် ပုံမျိုး ဖြစ်သည်။
 
[[File:art34-10.jpg | frame | ပုံ ၄]]
စာကြောင်း ၉၉ -
[[File:art34-7.jpg |frame | ပုံ ၇]]
 
ပုံ ၇။ မကြာသေးမီလပိုုင်းအတွင်းကဆရာတော်မကြာသေးမီလပိုင်းအတွင်းကဆရာတော် ဦးသောဘိတ (ရွှေကိုင်းသား) သီတင်းသုံးတော်မူရာ စစ်ကိုင်းတောင်ရိ်ုးစစ်ကိုင်းတောင်ရိုး အနုရုဒ္ဓါရုံကျောင်းသို့ ရောက်ခဲ့ရာ လွန်ခဲ့သော နှစ်၄ဝကျော်ခန့်ကနှစ် ၄ဝ ကျော်ခန့်က ကျောက်စာဌာနပန်းချီဆရာ ဦးထွန်းလှိုင်အဖြစ် ဆရာတော်ရေးမှတ် ခဲ့သည့် ရှားပါးဟင်္သာပုံတစ်ပုံ ရခဲ့၍ ဝမ်းသာမိလှသည်။ ထိုခေတ် ၂ပြားတန် မှတ်စုငယ် အတွင်းမှ သေသေသပ်သပ်နှင့် သေးငယ်စွာ ရေးမှတ်ခဲ့သော ပုံတစ်ပုံဖြစ်သည်။ ညောင်ဦးရွှေစည်းခုံ ဘုရား အရှေ့ စောင်းတန်းအနီးရှိ ဟံသာဝတီ ဆင်ဖြူရှင် ကောင်းမှု ခေါင်းလောင်းကြီး ခေါင်းလောင်းဆွဲ (ပုစွန်တုပ် ကွေး)နေရာမှဖြစ်၏။ ထိုမှတ်စုအတွင်းမှ ပုံစံငယ်ရေးဆွဲစဉ်က ပန်းချီဆရာဦးထွန်းလှိုင်မှာအသက်၂ဝပင်ပန်းချီဆရာဦးထွန်းလှိုင်မှာအသက် ၂ဝ ပင် ရှိသေးသည်။ ဆရာတော်၏ ငယ်မူလက်ရာမှတစ်ဆင့် ကူးယူဖော်ပြရ၍ စာရေးသူ ဦးတင်၍ ဝမ်းသာမိသည်။ ခေါင်းလောင်းဆွဲနေရာတွင် ခြင်္သေ့၊ မနုဿီဟ သာများ လှ၍သာများလှ၍ ဟင်္သာပုံ ကား ရှားလှသည်။ နေရာနှင့် လိုက်လျောညီ၍ ကနုတ်မှာကား ပုဂံခေတ် ကနုတ်ဟန်ပင် ဖြစ်သည်။
 
[[File:art34-15.jpg | frame | ပုံ ၈]]
စာကြောင်း ၁၁၁ -
[[File:art34-9.jpg | frame | ပုံ ၁ဝ]]
 
ပုံ ၁ဝ။ သမိုင်းတန်ဖိုးနှင့် ရွှေတန် ဖိုးပါ မြင့်မားလှသော နန်းစဉ် ပစ္စည်းများမှ ရွှေဟင်္သာအုပ်ဖြစ်သည်။ လန်ဒန်မြို့ရှိ ဗစ်တိုရီးယား အင် အယ်လဘတ်မြူစီယမ် ပြတိုက်ကြီးသို့ရောက်ရှိနေသော မြန်မာ့ နန်းစဉ် သမိ်ုင်းဝင်သမိုင်းဝင် ပစ္စည်းပေါင်းများစွာကို လွန်ခဲ့သော ၁၃နှစ်ခန့်က၁၃ နှစ်ခန့်က နိုင်ငံတော်သမ္မတကြီး ပြန်လည်လက်ခံခဲ့သော ပစ္စည်းများတွင် တစ်ခုအပါအဝင်ဖြစ်လေ သည်။ နိုင်ငံတကာကုန်စည်ပြပွဲများတွင် ပါဝင်ပြသခဲ့သော မြန်မာ နိုင်ငံပြခန်းများ၏ အချက်အချာ နေရာတို့၌ ပုံတူဖော်ပြလေ့ရှိခဲ့သည်။ပုံသဏ္ဌာန်အားဖြင့်ပုံတူဖော်ပြလေ့ရှိခဲ့သည်။ ပုံသဏ္ဌာန်အားဖြင့် အမောက်နှင့်အမြီး ကနုတ်ညွန့်များအားနည်းသော်လည်းသူ့ဟန်နှင့်သူ ညီညွတ်နေလေ သည်။ညီညွတ်နေလေသည်။
 
[[File:art34-8.jpg | frame | ပုံ ၁၁]]
စာကြောင်း ၁၅၄ -
 
== ကမ္ဘာ့ရှားပါးငှက်မျိုးစိတ် ==
၂၀၀၈-ခုနှစ်၊ မေလ ၂ ရက်နှင့် ၃ ရက်နေ့တွင်တိုက်ခတ်ခဲ့သော [[နာဂစ်မုန်တိုင်း]]ကြောင့် ကမ္ဘာ့ရှားပါး စာရင်းဝင်ငှက်မျိုးစိတ်တချို့ သေဆုံး ပျောက်ကွယ်သွားရသည်။ မုန်တိုင်းကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်း ပင်လယ် ကမ်းစပ်ဒေသများတွင် နေထိုင်ကျက်စားလျှက် ရှိသောနေထိုင်ကျက်စားလျှက်ရှိသော ဟင်္သာငှက်၊ [[ကြိုးကြာငှက်]]၊ [[ငှက်ကျား]]နှင့် [[စင်ရော်ငှက်]]များ အုပ်စုလိုက် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းမှ တရားဝင် စာရင်းတွင် တွေ့ရှိရသည်။ မုန်တိုင်းဒဏ်ကြောင့် သေဆုံးခဲ့သော ဟသာင်္ငှက်နှင့်ဟင်္သာငှက်နှင့် ကြိုးကြာငှက်မှာ ကမ္ဘာ့ရှားပါးငှက်မျိုးစိတ် ဝင်များဖြစ်သလို၊ မြန်မာနိုင်ငံတွင်လည်း မျိုး သုဉ်းပျောက်ကွယ်မည့် အနေ အထားမျိုး ဖြစ်နေကြောင်း မြန်မာနိုင်ငံ ငှက်နှင့် [[သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း]]မှ ဥက္ကဋ္ဌ ဦးစိုးညွှန်က ပြောဆိုသည်။<ref>[http://conservationreport.com/2008/07/08/endangered-species-rare-birds-also-victims-of-cyclone-nargis/ ENDANGERED SPECIES: Rare birds also victims of Cyclone Nargis (The Conservation Report)]</ref> ဟင်္သာသည် ရေပျော်ငှက် ဖြစ်ကြသည်။
<ref>“မောင်မောင် (ဥပဒေ) ရဲ့ ဆောင်းပါးများ”</ref>
 
စာကြောင်း ၁၆၄ -
အနက်ပြောက်ကလေးများနှင့် အဖြူ ကွက်များရှိရာ ယင်းတို့ကို
နားနေချိန်၌ မမြင်နိုင်၊ ပျံသောအခါတွင်မှ မြင်နိုင်လေသည်။
ဟင်္သာငှက်မတွင် လည်ပင်း၌ အမည်းရစ် မရှိချေ။ ဟင်္သာဟင်္သာငှက်
ငှက်မတွင် လည်ပင်း၌ အမည်းရစ် မရှိချေ။ ဟင်္သာငှက်
ကလေးများသည် ဟင်္သာငှက်မနှင့်တူကြသော်လည်း အရောင်မှာ
ပို၍ ခြောက်ကြသည်။ ယင်းတို့၏ ကျောဘက်တွင် အညို
Line ၂၀၄ ⟶ ၂၀၃:
နောက်အကျဆုံး ထွက်ခွာသော ငှက်များတွင် ပါဝင်လေသည်။
ပါဏဗေဒ သဘောအရ ဟင်္သာသည် အန်ဆီရီဖောမီး
မျိုးစဉ်တွင် အန်နတီတီးမျိုးရင်းနှင့်အန်နတီတီး မျိုးရင်းနှင့် တက်ဒေါနီနီ မျိုးရင်းခွဲတို့၌
ပါဝင်၍ ယင်းကို တက်ဒေါနား ဖာရူးဂီနီးဟုခေါ်သည်။ဖာရူးဂီနီး ဟုခေါ်သည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)</ref>
 
== ကျမ်းကိုး ==