မာယာ ယဉ်ကျေးမှု လောက: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး r2.7.3) (ရိုဘော့က တည်းဖြတ်နေသည် - eu:Maia zibilizazioa |
No edit summary |
||
စာကြောင်း ၁ -
မာယာ ဆိုသည်မှာ မီဆို အမေရိကန် ယဉ်ကျေးမှု လူ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကိုလမ်ဘီယံခေတ်မတိုင်ခင် အမေရိကားတွင် အပြည့်စုံဆုံး စာအရေးအသားကို တီထွင်ခဲ့ခြင်းအတွက် အသိအမှတ်ပြုခြင်း ခံခဲ့ရယုံသာမက သူတို့၏ အနုပညာ၊ ဗိသုကာပညာ၊ သင်္ချာပညာနှင့် နက္ခတ္တဗေဒပညာတို့အတွက်လည်း ထင်ရှား ကျော်ကြားခဲ့သည်။ မာယာ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းကို ဂန္တဝင်ခေတ်မတိုင်မီ (Pre-Classic period) (ဘီစီ ၂၀၀၀ မှ အေဒီ ၂၅၀ အတွင်း) စတင်တည်ထောင်ခဲ့သည်။ မီဆိုအမေရိကန် တို့၏ မှတ်တမ်းများအရ မာယာမြို့ပြများသည် ဂန္တဝင်ခေတ် (Classic period) (အေဒီ ၂၅၀ မှ အေဒီ ၉၀၀ အတွင်း) အဖွံ့ဖြိုးဆုံး ဖြစ်ခဲ့ပြီး ဂန္တဝင်ခေတ်အလွန်တွင် ဆက်လက်တိုးတက်နေခဲ့သည်မှာ စပိန်တို့ ရောက်ရှိလာသည့် အချိန်တိုင်အောင်ပင် ဖြစ်သည်။
မာယာယဉ်ကျေးမှု လူ့အဖွဲ့အစည်းသည် အခြားမီဆိုအမေရိကန် လူ့အဖွဲ့အစည်းများနှင့် သွင်ပြင်လက္ခဏာ အတော်များများ တူညီကြသည်။ အကြောင်းမှာ ထိုဒေသအတွင်း အချင်းချင်း ထိတွေ့ဆက်ဆံမှု အများအပြား ရှိခြင်းနှင့် ယဉ်ကျေးမှု ရောစပ်ယှက်နွယ်ခြင်းများ ရှိခဲ့သောကြောင့်ဖြစ်သည်။ စာရေးသားခြင်း၊
ဂန္တဝင်ခေတ် ကုန်ဆုံးလာခြင်း၊ စပိန်တို့ ရောက်ရှိလာခြင်းနှင့် စပိန်တို့ အမေရိကကို ကိုလိုနီအဖြစ် သိမ်းယူခြင်းတို့ ရှိသော်လည်း မာယာလူမျိုးတို့ လုံးဝ ပျောက်ကွယ်မသွားခဲ့ပေ။
|