ရုရှားနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - chy:Russia
No edit summary
စာကြောင်း ၅၅ -
}}
ရုရှားနိုင်ငံသည် <small>(ရုရှားဘာသာဖြင့် နားဆင်ရန်);[http://my.wikipedia.org/wiki/File:En-us-Russia.ogg]</small>အာရှတိုက်နှင့် ဥရောပတိုက်ပေါ်တွင် ရှိသည်။ ဧရိယာအားဖြင့် ကမ္ဘာအကြီးဆုံး နိုင်ငံတစ်ခုဖြစ်သည်။ရုရှားနိုင်ငံရှိ လူဦးရေသည် ၁၄၂ သန်းခန့် ရှိသည်။ ရုရှား ဖက်ဒရေးရှင်း ဟူသည် ရုရှားနိုင်ငံ၏ အခြားအမည်ဖြစ်သည်။ရုရှားနိုင်ငံကို (အနောက်တောင်မှ အရှေ့တောင်) [[နော်ဝေးနိုင်ငံ]]၊ [[ဖင်လန်နိုင်ငံ]]၊ [[အက်စတိုးနီးယား]]နိုင်ငံ၊ [[လတ်ဗီးယား]]နိုင်ငံ၊ [[လစ်သူယေးနီးယား]]နိုင်ငံ နှင့် [[ပိုလန်နိုင်ငံ]]၊ [[ဘယ်လာရုစ်]]နိုင်ငံ၊ [[ယူကရိန်းနိုင်ငံ]]၊ [[ဂျော်ဂျီယာ]]နိုင်ငံ၊ [[ကာဇက်စတန်]]နိုင်ငံ၊ [[တရုတ်နိုင်ငံ]]၊ [[မွန်ဂိုးလီးယား]]နိုင်ငံ နှင့် [[မြောက်ကိုရီးယား]]နိုင်ငံတို့ဖြင့် ထိစပ်လျှက် ရှိသည်။ ၎င်းအပြင် ဂျပန်နိုင်ငံ( Okhotsk ပင်လယ်ဖြင့်)၊ အမေရိကန် ပြည်ထောင်စု( Bering Strait)တို့ဖြင့် ထိစပ်လျှက် ရှိသေးသည်။ ရုရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် ၉ ခုမြောက် လူဦးရေ အထူထပ်ဆုံးသော နိုင်ငံ ဖြစ်သည်။ ရုရှားနိုင်ငံသည် အာရှတိုက် မြောက်ပိုင်းကို ဖြတ်၍ ဥရောပတိုက်၏ ၄၀%အထိ ကျယ်ပြန့်သည်။ ၎င်းအပြင် ဒေသ စံတော်ချိန်မှာ ၉ ခုရှိသည်။
ရုရှားနိုင်ငံသည် ယခုအခါ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံဖြစ်သည်။ နိုင်ငံ ခေါင်းဆောင်အား ရွေးကောက်ပွဲ ဖြင့် ရွေးချယ်၍ လက်ရှိခေါင်းဆောင်မှာ ဒီမထရီဗလာဒီမီယာ မက်ဗီဒေ့ဗ်ပူတင် ဖြစ်သည်။ ရုရှားနိုင်ငံသည် ရုရှားဘာသာ အသုံးပြုကြပြီး နိုင်ငံမှာ ကျယ်ဝန်းသော ကြောင့် အချို့ ဒေသများတွင် အခြားဘာသာစကား ၂၇ မျိုးခန့်ကို အသုံးပြုကြသည်။ သို့သော် ရုံးသုံး ဘာသာမှာ ရုရှားဘာသာဖြစ်သည်။
== သမိုင်းအစ ==
ရုရှားနိုင်ငံ၏ သမိုင်းအစသည် အရှေ့ဆပ် လူမျိုးများ ဥရောပတိုက်တွင် ပါဝင်လာခြင်းက အစပြုခဲ့သည်။ အရှေ့ဆပ်လူမျိုးများသည် အေဒီ ၃ ရာစုနှင့် ၈ ရာစုနှစ်အတွင်၌ [[ဥရောပတိုက်]]သို့ဝင်ရောက်ပေါင်းစည်းခဲ့ကြသည်။ အေဒီ ၉ ရာစုခန့်တွင် ဗစ်ကင်းများနှင့် ၎င်းတို့၏မျိုးနွယ်စုများသည် ကေဗင်ရစ်ပြည်နယ်ရှိ အရှေ့ဆလပ်လူမျိုးများကို ပထမဆုံးတွေ့ရှိသွားကြသည်။ထိုအချိန်၌ [[ရောမအင်ပါယာ]]သည် တန်ခိုးအင်အားကြီးထွားချိန်ဖြစ်သည်။ [[အရှေ့ရောမအင်ပါယာ]]၏ တန်ခိုးအင်အားသည် ကေဗင်ဆပ်ဒေသထိအောင် ပျံ့နှံ့လျက်ရှိသည်။ ၉၈၈ ခုနှစ်တွင် ဗစ်ကင်းများသည် အရှေ့ရောမအင်ပါယာမှလာသော [[ခရစ်ယာန်ဘာသာ]]ကို ကိုးကွယ်ရန် အတည်ပြုခဲ့သည်။ထို့ကြောင့် ရုရှားယဉ်ကျေးမှုများတွင် ရောမယဉ်ကျေးမှုများလွမ်းမိုးထားသည်ကို များစွာတွေ့ရသည်။ နောက်ဆုံး၌ ကေဗင်ရပ်ပြည်နယ်ကြီးသည် အစိတ်စိတ်အမွှာမွှာ ကွဲခဲ့ရပြီး မြေကျွန်လူတန်းစားစနစ်ရှိသော ပြည်နယ်လေးများ မြောက်များစွာပေါ်ပေါက်လာခဲ့လေသည်။ ထိုပြည်နယ်သေးလေးများအထဲတွင် [[မော်စကိုမြို့]]၏မြို့စားကြီးသည် ဩဇာအရှိဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့သည်။ ထိုအချိန်တွင် မွန်ဂိုအင်ပါယာသည် အင်အားအကြီးဆုံးသော အချိန်ဖြစ်နေသည်။ မော်စကိုမြို့စားကြီးသည် ပြည်နယ်လေးများကို စုစည်းပြီး မွန်ဂိုတို့အားတွန်းလှန်ရန်ကြိုးပမ်းပြီး အင်အားတောင့်တင်းရန် အတွက် ကေဗင်နယ်ကြီး၏ အစိတ်အပိုင်းများကို ဖြည်းဖြည်းချင်း သိမ်းယူခဲ့သည်။ ၁၆၅၄ ခုနှစ်တွင် ပိုလန်နှင့် ၁၃ နှစ်ကြာစစ်ပွဲများ ဖြစ်ပွားခဲ့သည်။ ပိုလန်-လစ်သူယေးနီးယား ဓနသဟာယအဖွဲ့နှင့် ရုရှားဇာဘုရင့်နိုင်ငံတော် တို့အကြား ဖြစ်ပွားသော စစ်ပွဲများအပြီးတွင် နယ်မြေအများအပြားကို ရုရှားနိုင်ငံက ရရှိလိုက်သည်က ငြင်းချက်ထုတ်၍ မရသော သမိုင်းသက်သေတစ်ခုဖြစ်သည်။ စစ်ပွဲအပြီးတွင် ရုရှားနိုင်ငံကရလိုက်သော နယ်မြေပိုင်နက်များ သည် ရုရှားတို့ အရှေ့ဥရောပတွင် အင်အားကြီးနိုင်ငံ တစ်နိုင်ငံ ဖြစ်လာစေသော လမ်းစပင်ဖြစ်သည်။<ref>ဇွန်လ ၂၉ ရက် ၂၀၁၀ခုနှစ်ထုတ် မြန်မာ့အလင်းသတင်းစာ</ref>