ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.3) (ရိုဘော့က ပေါင်းထည့်နေသည် - bxr:Хойд Солонгос
အရေးမကြီးNo edit summary
စာကြောင်း ၅၀ -
၁၉၇၂ ခုနှစ် မေလမှ ဇူလိုင်လအတွင်း နှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်များ တွေ့ဆုံ၍ အပြန်အလှန် ဆွေးနွေး၍ နှစ်ဖက်စလုံးမှ လိုက်လျောမှုများ ပြုခဲ့ကြရာ သဘောတူညီချက် ခုနစ်ချက်ကို နှစ်နိုင်ငံ မြို့တော်များ၌ ထုတ်ပြန်သည်။
 
ယင်းခုနှစ်ချက်မှာ ပြည်ပစွက်ဖက်မှု ကင်းရှင်းစွာ နှစ်နိုင်ငံ ချင်းသာငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းရန် နှစ်ဖက် လက်နက်အား အသုံးပြုခြင်း ရပ်စဲရန်၊ နှစ်နိုင်ငံ နားလည်မှုဖြင့် အဆက်အသွယ်များ ပြုလုပ်နိုင်ရေး ညှိနှိုင်းရန်၊ နှစ်နိုင်ငံ ကြက်ခြေနီများ ပူးပေါင်းဆွေးနွေးပွဲ အောင်မြင်အောင် ကူညီရန်၊ စစ်ရေး စစ်ရာများ မမှျော်လင့်ဘဲမမျှော်လင့်ဘဲ ပေါ်ပေါက်လာခြင်းကို တားနိုင်ရန်၊ နှစ်နိုင်ငံ မြို့တော်အကြား အရေးပေါ် စကားပြောကြေးနန်း ဆက်သွယ်ရန်၊ ကိုရီးယား သမ္မတနိုင်ငံမှ မစ္စတာလီဟူရက်နှင့် ကိုရီးယား
ဒီမိုကရက်တစ် ပြည်သူ့သမ္မတ နိုင်ငံမှ အစိုးရအဖွဲ့ လမ်းညွှန်ဌာန ညွှန်ကြားရေးမှူး မစ္စတာ ကင်ယန်ဂျိုးတို့ ပူးတွဲ သဘာပတိအဖြစ် ဆောင်ရွက်သော ကော်မတီတစ်ရပ်ဖွဲ့ ဆောင်ရွက်ရန်၊ ပြည်သူအပေါင်းရှေ့၌ ကတိသစ္စာပြု၍ သစ္စာရှိ ဆောင်ရွက်ရန်တို့ ဖြစ်သည်။