ချောင်းဦးမြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၉၆ -
==ထူးခြားထင်ရှားချက်များ==
[[လွပ်လပ်ရေး]]တိုက်ပွဲဝင် ငြိမ်းချမ်းရေးဗိသုကာ ဆရာကြီး [[သခင်ကိုယ်တော်မှိုင်း]] က ဖခင်၏အမျိုးများရှိရာ [[ချောင်းဦးမြို့နယ်]]သို့ လာရောက်ရင်း ''ချောင်းဦးဆယ်ရွာ''သီချင်းကို ရေးဖွဲ့သီကုံးခဲ့သည်။ မြန်မာနိုင်ငံ၏ အစောဆုံးအမျိုးသားကျောင်းများတည်ထောင်သည့် မြို့များတွင် ချောင်းဦးမြို့သည်လည်း တစ်မြို့အပါအဝင် ဖြစ်ခဲ့သည်။ [[ပဲခူးမြို့]]မဆရာတော်ဘုရားကြီး၊ မန္တလေးမြို့မ မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး ဘဒ္ဒန္တသီရိနန္ဒာဘိဝံသ နှင့် မုံရွာမြို့ သထုံဝံသဆရာတော်ကြီး ဘဒ္ဒန္တပညာဝံသတို့ ငယ်စဉ်က မဟာဓမ္မာရုံပါဠိတက္ကသိုလ်တွင် ပရိယတ္တိစာပေများ လေ့လာဆည်းပူး သင်ကြားခဲ့ဖူးသည်။ ထို့ပြင် [[မဟာဗောဓိတထောင်ဆရာတော်]]ဘုရားကြီး ဦးနာရဒသည်လည်း [[#Heading name2| ချောင်းဦးမြို့နယ်]]အတွင်း ကျီကုန်းရွာတွင် ပရိယတ္တိစာပေ သင်ယူလေ့လာခဲ့သည်။
 
၁၃၇၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့(၃ဝ.၁ဝ.၂ဝ၁၂)တွင် ချောင်းဦးမြို့၌ အကြိမ်(၇ဝ)မြောက် မြို့လုံးကျွတ်မဟာပဝါရဏာပွဲတော်ကို စည်ကားသိုက်မြိုက်စွာ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပြီးဖြစ်သည်။ တစ်မြို့နယ်လုံးဆိုင်ရာ သံဃာတော်များ၏ သီတင်းကျွတ်ကာလ စုပေါင်း မဟာပဝါရဏာပြုပွဲကို ၁၉၄၂ ခုနှစ်မှ စတင်ကာ ယနေ့အချိန်ထိ စဉ်ဆက်မပြတ် ပြုလုပ်ကျင်းပလျက်၊ သံဃာ့ဒါနလောင်းလှူပွဲတော် ပဒေသာဒါနပွဲတော်ကြီးကိုလည်း နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကျင်းပ လှူဒါန်းပူဇော်လာခဲ့ကြသည်မှာ ယခု ၂ဝ၁၂ ခုနှစ်တွင် အကြိမ်(၇ဝ)မြောက်ပြည့်ခဲ့ပြီဖြစ်ရာ၊ မြန်မာတစ်နိုင်ငံလုံးရှိ သက်တမ်းအရှည်ဆုံး မြို့လုံးကျွတ်မဟာပဝါရဏာပွဲတော်များတွင် ထိပ်ဆုံးမှပါဝင်ပေသည်။
 
==အမှတ်တရ ထင်ရှားပုဂ္ဂိုလ်==