ခရီးထွက်စူးစမ်းခြင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.2+) (ရိုဘော့က ပေါင်းထည့်နေသည် - bg, de, eo, es, fr, ja, ro, ru, sv, te, tk, tl, uk
အရေးမကြီးNo edit summary
စာကြောင်း ၂ -
'''ခရီးထွက်စူးစမ်းခြင်း''' (Adventure) ဟူသည်မှာ သာမန်အားဖြင့် လူသူမရောက်ပေါက်သေးသော ဒေသသစ်များကို စူစမ်းရှာဖွေ လေ့လာခြင်းပင်ဖြစ်သည်။ သို့သော် စူးစမ်းရှာဖွေမှုနယ်သည် အလွန်ကျယ်ဝန်းသည်။ ဒေသတစ်ခု၌ မှီတင်းနေထိုင်သောလူ၊ တိရစ္ဆာန်၊ သစ်ပင်တို့နှင့်တကွ ယင်းတို့နှင့် မကင်းရာမကင်းကြောင်းဖြစ်သော စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ကိစ္စဟူသမျှတို့သည် သူတေသီပုဂ္ဂိုလ်တို့အတွက် လေ့လာဖွယ်ရာချည်းပင် ဖြစ်ပေသည်။ ထို့ကြောင့် စံနစ်တကျ စူးစမ်းလေ့လာကြသည့်အခါ စူးစမ်းရေးအဖွဲ့သည် ရည်ရွယ်ချက်တစ်ခုခုကို သတ်မှတ်ကာ ကျွမ်းကျင်သူ ပုဂ္ဂိုလ်များနှင့် စုပေါင်း၍ ခရီးထွက်ပြီးလျှင်၊ အများမသိသေးသော ကိစ္စရပ်တို့ကို သိအောင် ရှာဖွေကြလေသည်။
 
ထို့ကြောင့် စူးစမ်းရှာဖွေမှုနယ် ကျယ်လာသော ဤခေတ်၌ လူမရောက်သော ဒေသကိုသာ စူးစမ်းရှာဖွေသည် မဟုတ်ဘဲ ဤကမ္ဘာမြေအတွင်း၌ လူတို့မသိသေးသော အကြောင်းခြင်းတတို့ကိုအကြောင်းခြင်းရာတို့ကို သိရှိရအောင် စူးစမ်းရှာဖွေကြသည့်အပြင် နက္ခတ္တဗေဒ သုတေသနလုပ်ငန်းအတွက် ဤကမ္ဘာမြေကိုကျော်၍ ကမ္ဘာနှင့်နီးသော ဂြိုဟ်ကြီးဂြိုဟ်ငယ်တို့ထံ အရောက်ခရီးထွက်ကြ၍ ရှာဖွေစူးစမ်းမှုများကို ပြုလုပ်ကြေလေသည်။ပြုလုပ်ကြလေသည်။
 
ဂရိတို့၏ ရှေးကျသော ခေတ်က ဥရောပတိုက်ဆုံးလျှင် ကမ္ဘာမြေ၏ အဆုံးသို့ ရောက်ပြီဟု ယူဆခဲ့ကြသည်။ ထိုခေတ်နှင့် ကမ္ဘာမြေကြီးသည် လုံးသည်ဟု အတိအကျပြောနိုင်သော ယနေ့ခတ်ကို နှိုင်းယှဉ်ဆင်ခြင်သော် လူအတွေ့အခေါ်များ၊ စွန့်စားမှုများသည် မည်မျှအထိ ကြီးကျယ်ကြောင်းကို သိနိုင်လေသည်။ ယင်းသို့ အတွေးအခေါ် ကျယ်ဝန်းလာ၍ ယဉ်ကျေးမှု အဆောက်အဦးကြီးမားလာရသည်မှာ ခရီးထွက် စူးစမ်းသူများကြောင့် ဖြစ်၏။
 
ဥရောပသမိုင်း၌ ဉာဏ်သစ်အရေးပုံခေါ်သော ခေတ်ဆန်းချိန်(ရီနေဆွန်း) ခေတ်တစ်ခေတ်တွင်ခဲ့သည်။ ထိုခေတ်၌ သစ်ဆန်းသော အတွေးအခေါ်နှင့် အမြော်အမြင်တို့က စေ့ဆော်ခြင်းကြောင့် ကိုလံဗပ်စသော ခရီးသည်တို့သည် ရေကြောင်းခရီးဖြင့် စွန့်သားသွားလာခဲ့ကြသည်မှာစွန့်စားသွားလာခဲ့ကြသည်မှာ ခရီးထွက်စူးစမ်းခြင်း၏ အစဟု ဆိုလောက်ပေသည်။ သို့သော် သူတို့ထက်စော၍ ရေသစ်မြေသစ်တို့ကို ရှာဖွေကာ ယဉ်ကျေးမှုကို ပျံ့နှံ့အောင် ဖြန်ချီခဲ့သော ခရီးသည်တို့ကား ရှေးနှစ်ပေါင်း ၂၀၀၀ ကျော်က ပေါ်ပေါက်ခဲ့သည် ဖီနီရှန်လူမျိုး ကုန်သည်များပင်တည်း။
 
သို့သော် ဖီနီရှန်ကုန်သည်များနှင့် ကိုလံဗပ်ကဲ့သို့သော ရေမြေသစ်ရှာသမားများသည် ယဉ်ကျေးမှု ပျံ့နှံ့ရေးအတွက် ရှေ့ဆောင်လမ်းပြများသာ ဖြစ်သည်။ ကမ္ဘာရေမြေ တစ်ဝှန်းလုံးကို ယဉ်ကျေးမှု ရောင်ခြည်လွှမ်းခြုံနိုင်သည်ကား သိပ္ပံပညာရ၏ထွန်းကားသော ခေတ်တွင် အစောဆုံးနှင့် အကျော်ကြားဆုံး ခရီးထွက် စူးစမ်းသူများမှာ ဗြိတိသျှ ရေကြောင်းဌာနမှ စေလွှတ်သော "ချဲလင်းဂျား" ခေါ် ဘုရင့်သင်္ဘောဖြင့် တောင်ပင်လယ်တစ်ကြောသို့ ထွက်ခဲ့သည့် အဖွဲဝင်များပင်တည်း။ ချဲလင်းဂျားသင်္ဘောသည် ထိုခရီးအတွက် ကိရိယာ၊ ရိက္ခာတို့ကို အထူးတလည် စီစဉ်ပြင်ဆင်၍ ၁၈၇၂ ခုနှစ် ဒီဇင်ဘာလမှ ၁၈၇၄ ခုနှစ် မေလအထိ တစ်နှစ်ခွဲခန့် တောင်ပင်လယ်များကို အစုန်အဆန် ကူးသန်းခဲ့သဖြင့် မရောက်မပေါက်ဖူးသေးသော မြေသစ်ရေသစ်တို့ကို ရှာဖွေတွေ့ရှိခဲ့ရုံမျှမက ရေနေသတ္တဝါဆိုင်ရာ ဗဟုသုတများကိုလည်း ဆည်းပူးနိုင်ခဲ့ပေသည်။ ချဲလင်းဂျားသင်္ဘောဖြင့် ခရီးထွက်ခဲ့သော သိပ္ပံပညာသည်အဖွဲ့၏ မှတ်သားဖွယ်ကောင်းလှသော အစီရင်ခံစာကြီးမှာ အုပ်တွဲပေါင်း ၅၀ ရှိသဖြင့် မည်မျှခရီးရောက်ခဲ့သည်ကို ခန့်မှန်းနိုင်လေသည်။