ခရီးသွားခြင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.3) (ရိုဘော့က ပေါင်းထည့်နေသည် - et:Reisimine
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:Taunggyicity.jpg|thumb|right|400px|ခရီးသွားလာသူများ အကြိုက်တွေ့ကြသည့် [[တောင်ကြီးမြို့]]]]
ခရီးသွားခြင်းဟာ ကလေးများအတွက် ဒေသန္တရ ဗဟုသုတ တိုးပွား စေပါတယ်။ ကျောင်းသုံးစာအုပ်များတွင် သင်ယူရတဲ့ ပထဝီ သင်ခန်းစာများကို ပြင်ပတွင် လေ့လာနိုင်သလို ၊ [[ရုပ်ရှင်]] ၊ [[ရုပ်ပြ]] များတွင် မြင်တွေ့ဖူးနေရသော [[တိရစ္ဆာန်ဥယျာဉ်]]၊ [[ရိုလာကိုစတာ]] စတာတွေကို ကိုယ်တိုင်မြင်တွေ့ လေ့လာ ရသဖြင့် တစ်မြို့ တစ်ရွာသို့ သွားရောက်လည်ပတ်ခြင်းသည်လည်းကောင်း ၊ မြို့တွင်း၌သာ လည်ပတ်ခြင်းသည်သော်လည်းကောင်း ၊ ခရီးတိုသော် လည်းကောင်း ၊ ရပ်ဝေးခရီးရှည်သော်လည်းကောင်း မည်သည့်ခရီးပင်ဖြစ်ပါစေ ကလေးများအတွက် အကျိူးကျေးဇူးရှိလှပါတယ်။အကျိုးကျေးဇူးရှိလှပါတယ်။
 
တကယ်တော့ ကလေးများနှင့် ခရီးသွားလာခြင်းဟာ ပျော်ပွဲစားထွက် သလို မဟုတ်ဘဲ ခရီးမထွက်မီ ကြိုတင်ပြင်ဆင်ရခြင်း ၊ ခရီးဆောင်အိတ်များ သေတ္တာများ ထုပ်ပိုးရခြင်း ၊ တစ်မြို့ တစ်ရွာတွင် ကလေးများ ခရီးပန်းကာ ဖျားနာခြင်းမျိုးအတွက် စိုးရိမ်ရခြင်း ၊ အိပ်ရေးဝဝ မအိပ်ရခြင်းတို့ ကြုံတွေ့ နိုင်သော်လည်း ကျောင်းပိတ်ရက်များ ခရီးသွားလာခြင်းဟာ ကလေးများ အတွက် ပြုလုပ်ပေးရမယ့် မိဘများရဲ့ အလုပ်တစ်ခုပဲ ဖြစ်ပါတယ်။
စာကြောင်း ၁၀ -
ဘယ်ကိုသွားရမယ်ဆိုတာကို စဉ်းစားတဲ့အခါမှာ ဥရောပနိုင်ငံများကို သွားရောက်လည်ပတ်ခြင်းက စရိတ်စက ကြီးမားလှပေမယ့် အိမ်နီးချင်း နိုင်ငံများ ကို သွားရောက်လည်ပတ်လျှင်တော့ စရိတ်သိပ်ကုန်ကျမှာ မဟုတ်ပါဘူး။ ကလေးများကို မတူညီသော ယဉ်ကျေးမှု ၊ ဘာသာစကား ၊ အဆောက်အဦ ဗိသုကာလက်ရာ ၊ အစားအသောက် အသစ်အဆန်းများ နဲ့ ပတ်ဝန်းကျင် ရနံ့သစ်တို့ကို မျက်စိဖွင့်ပေးရာ ရောက်ပါတယ်။ ကလေးများကို သူတို့ရဲ့ ဇာတိမြို့ရွာမှ ကွဲပြားခြားနားသော ၊ အသစ်အဆန်းဖြစ်နေသော နေရာဒေသတစ်ခုသို့ ပို့ဆောင်ပေးခြင်းဟာ သူတို့အတွက် ခြားနားခြင်းကို လေ့လာရန် အရေးကြီးလှပါတယ်။
 
ခရီးထွက်မည့်နေရာကို ရွေးချယ်သောအခါမှာလည်း ကလေးများ နှစ်သက်ပျော်ရွှ့င်မှုရရှိနိုင်သောနှစ်သက်ပျော်ရွှင်မှုရရှိနိုင်သော နေရာဖြစ်ရန်လည်း လိုအပ်လှပါတယ်။ သမိုင်းဝင် အဆောက်အဦးများကို မြင်တွေ့ရသော အခါတွင်လည်း သမိုင်းစာအုပ်ထဲတွင် ပါရှိသော သင်ခန်းစာများကို ကလေးများ မျက်မြင် တွေ့မြင်နိုင်သလို တော ၊တောင် ၊ ရေ ၊ မြေ သဘာဝများကို ကလေးများကို ပြသကာ ပထဝီသင်ခန်းစာများကို ပြန်လည်မှတ်မိစေနိုင်ပါတယ်။ ကားလမ်းဖြင့် ခရီးသွားလာသောအခါတွင်လည်း မိုင်တိုင် အရေအတွက်များကို မှတ်သားစေခြင်းဖြင့် ကလေးများကို သင်္ချာသင်ခန်းစာကို လေ့လာစေနိုင်ပါတယ်။
 
လူကြီးများက အလုပ်တာဝန် ၊ အိမ်မှုတာဝန်များဖြင့် ပင်ပန်းနေသော်လည်း ကလေးများ ကျောင်းပိတ်ရက်ရှည်တွင် ကလေးများကို ခရီးတစ်ခုခု ပို့ဆောင် ပေးခြင်းဖြင့် ထိုခရီးသွားအတွေ့အကြုံများက သူတို့အတွက် လေ့လာမှတ်သား စရာများဖြင့် အကျိုးရှိလှသလို ဘဝတစ်သက်တာမှာ မှတ်မိနေမည့် ပျော်ရွှင်စရာနေ့ရက်များ ဖြစ်ပါပေလိမ့်မယ်။