ဦးသန့်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၉၅ -
အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဦးသန့်သည် Palisade နှင့် Douglas Avenues လမ်းကြား၊ ၂၃၂လမ်းအနီးရှိ ၄.၇၅ဧကမျှကျယ်သော Riverdale, Bronx ခြံတွင် နေထိုင်ခဲ့သည်။ <ref>Dunlap, David W. [http://query.nytimes.com/gst/fullpage.html?res=9B0DE5D81731F935A25752C1A961948260 "Bronx Residents Fighting Plans Of a Developer"], ''[[The New York Times]]'', [[November 16]], [[1987]]. Accessed [[May 4]], [[2008]]. "A battle has broken out in the Bronx over the future of the peaceful acreage where U Thant lived when he headed the United Nations. A group of neighbors from Riverdale and Spuyten Duyvil has demanded that the city acquire as a public park the 4.75-acre parcel known as the Douglas-U Thant estate, north of 232d Street, between Palisade and Douglas Avenues. "</ref>
== နောက်ဆုံးနေ့ရက် ==
[[File:UThant4Tomb of U Thant.jpg|thumbthumbnail|left|150px|<small> ဦးသန့်၏ အုတ်ဂူ</small>]]
၁၉၇၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် ဦးသန့်သည် နယူးယောက်မြို့၌ အဆုတ်ကင်ဆာဖြင့်ကွယ်လွန်ခဲ့သည်။ ဦးသန့်၏ရုပ်ကလာပ်ကို မြန်မာပြည်သို့ ပြန်လည်သယ်ဆောင်ခဲ့သော်လည်း ထိုစဉ်က ပြည်တွင်းနိုင်ငံရေး အခြေအနေကြောင့် နိုင်ငံတော်အခမ်းအနားဖြင့် ဂုဏ်ပြုသင်္ဂြိုဟ်ခြင်း မပြုခဲ့ပါ။ ထိုစဉ်က သမ္မတဖြစ်သူ ဦးနေဝင်းသည် ဦးသန့်အား မြန်မာပြည်သူများက ချစ်ခင်ကြသည်ကို စိုးရိမ်၍လည်းကောင်း၊ ဦးသန့်၏မိတ်ဆွေဖြစ်သော ဦးနုမှ ဦးသန့်အကြောင်းပြကာ ဒီမိုကရေစီရေး ဆန္ဒပြမည်ကို စိုးရိမ်၍လည်းကောင်း ဦးသန့်၏ ရုပ်အလောင်းထည့်ထားသော ခေါင်းတလား ရန်ကုန်လေဆိပ်သို့ ရောက်သည့်တိုင် မည်သည့် အရာရှိမျှ လာရောက် ကြိုဆိုခြင်း မရှိခဲ့ပေ။ ဦးနေဝင်းက ဦးသန့်၏ ရုပ်အလောင်းအား အစိုးရအဖွဲ့မှ မည်သူ့ကိုမျှ မပါဝင်စေပဲ သင်္ဂြိုဟ်စေခဲ့သည်။