ဘမော်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၈ -
မောင်ဘမော် ၃ နှစ်သား အရွယ်တွင် ဖခင်ဖြစ်သူ ဦးကျေးမှာ ကျိုက္ခမီနယ်တွင် မောင်ဘမော်အား ခရစ်ယာန် သာသနာပြု ဘုန်းတော်ကြီး ကျောင်း၌ အပ်နှံထားရာ ယင်းဘုန်းတော်ကြီး၏ ခင်မင် ချစ်ခင်မှုဖြင့် ရန်ကုန်မြို့ စိန်ပေါကျောင်း (ယခု ဗိုလ်တထောင် ၆) တွင် ပညာ သင်ကြားခဲ့သည်။ ပညာ ထက်မြက်သော မောင်ဘမော်သည် ရန်ကုန် တက္ကသိုလ် တွင်ပင် ဆက်လက် ပညာ သင်ကြားခဲ့ရာ ၁၉၁၃ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ (ဘီအေ) ကို ရရှိခဲ့သည်။
 
ဝိဇ္ဇာဘွဲ့ ရပြီးသော ကိုဘမော်သည် ရန်ကုန်မြို ့ရန်ကုန်မြို့ အစိုးရ အထက်တန်းကျောင်းတွင် ကျောင်းဆရာ အဖြစ် လုပ်ကိုင်ခဲ့သည်။ ယင်းသို့ လုပ်ကိုင်နေစဉ် တစ်နေ့သောအခါ မျက်နှာဖြူ ကျောင်းဆရာကြီး တစ်ဦးသည် ဆရာဦးဘမော်အား အချိန် နောက်ကျရမလားဟု မိမိ၏ မြန်နေသောနာရီကို အကိုးအကား ပြု၍ အပြစ်ရှာ ကြိမ်းမောင်း တော့သည်။ မဟုတ်လျှင် ခေါင်းငုံ့မခံတတ်သော ဆရာ ဦးဘမော်သည် ယင်းမျက်နှာဖြူ ကျောင်းဆရာကို သူတစ်ခွန်း ကိုယ်တစ်ခွန်း အကြိတ်အနယ် ပြောဆိုလိုက်သည်။ မျက်နှာဖြူ အင်္ဂလိပ် အစိုးရတို့ ကြီးစိုးသော ခောတ်အခါ သမယ ဖြစ်၍ နာရီဝက်မျှ မကြာမီ အတွင်းတွင် ဆရာ ဦးဘမော်မှာ ယင်းကျောင်းမှ ထွက်လိုက်ရသည်။
 
ဆရာ ဘမော်သည် ကျောင်းမှ ထွက်လိုက်ရသော်လည်း ပညာထက်မြက်သူ တစ်ဦး ဖြစ်၍ ၂ ရက် အတွင်းတွင်ပင် အမေရိကန် သာသနာပြု ကျောင်း၌ လခနှစ်ဆဖြင့် ဆရာ အလုပ်ကို ရပြန်သည်။
စာကြောင်း ၃၄ -
ဦးပု (ရွှေကျင်) နန်းရင်းဝန် ဖြစ်လာသည်။ ၎င်းနောက် [[ဂဠုန်ဦးစော]] နန်းရင်းဝန် ဖြစ်လာသည်။
 
ဒေါက်တာ ဘမော် နန်းရင်းဝန် ဖြစ်သော အချိန်ခါက ဆဌမမြောက် ဂျော့ဘုရင်မင်း၏ (အင်္ဂလိပ် အင်ပါယာ ရှင်ဘုရင်) ၁၉၃၇ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် ကျင်းပသော ဘိသိက်ပွဲသို့ အင်္ဂလိပ် လက်အောက်ခံ ပြည်နယ် ကိုယ်စားလှယ်တော်ကြီး တဦး အနေဖြင့် တတ်ရောက် ခဲ့သည်။ (တိုင်းရင်းသား ဝတ်စုံဖြစ်သော မန္တလေးချိတ် တောင်ရှည်ပုဆိုး၊ ပေါ်ဖုံးပိုး အင်္ကျီအဖြူ၊ ဖက်ဖူးရောင် မောင့်ကျက်သရေ ခေါင်ပေါင်း၊ မန္ဈလေးမန္တလေး ကတ္တီပါ ဖိနပ် စီးလျက် တက်ရောက်ခဲ့၏။) မြန်မာ တိုင်းရင်သား ဝတ်စုံဖြင့် တက်ရောက်သော ပုဂ္ဂိုလ်မှာ ထိုစဉ်က သူတစ်ဦးသာ ရှိခဲ့သည်။
 
[[File:Greater East Asia Conference.JPG|right|thumb|300px|[[Greater East Asia Conference]] in November 1943, Participants Left to right: [[Ba Maw]], [[Zhang Jinghui]], [[Wang Jingwei]], [[Hideki Tōjō]], [[Wan Waithayakon]], [[José P. Laurel]], Subhas Chandra Bose]]
စာကြောင်း ၆၄ -
၁၉၆ဝ ပြည့်နှစ်တွင် Old Paulians Association နာယက အဖြစ် ဆောင်ရွက်ခဲ့သည်။ ရေးသား ပုံနှိပ် ထုတ်ဝေခဲ့သော စာအုပ်များမှာ ၁၉၂၄ ခုနှစ်တွင် ‘စိတ်သာယှဉ်စော ဘုရားဟော (Buddhist Mysticism)’ စိတ်ပညာကို လေ့လာခြင်း၊ ၁၉၄၅ ခုနှစ်တွင် ‘ဗမာပြည် အတွင်း စီမံကိန်းသစ်’၊ ‘ဗမာစစ်တွင်းကာလ ကိုယ်တွေ့ ဖြစ်ရပ်များ’ တို့ ဖြစ်သည်။
 
ဒေါက်တာ ဘမော်ကား လူပုဂ္ဂိုလ် တစ်ဦး အနေဖြင့် ဖော်ပြရလျှင် ဥပဓိရုပ် ခံ့ညားသည်။ အပြောအဆို ကောင်းသည်။ ဟန်၊ မာန်၊ မောင်း ကောင်းသည်။ နိုင်ငံခြား ခေါင်းဆောင်ကြီးများကဲ့သို့ ပေမီသည်။ အင်္ဂလိပ်စကားကို အင်္ဂလိပ်အစစ်ကဲ့သို့ ပီသစွာ ပြောနိုင်သည်။ ပါးနပ် လိမ္မာသည်။ ဘာသာစကား ၆မျိုးမျှ တတ်ကျွမ်းသည်။
 
ဇနီး ဒေါ်ခင်မမမော်နှင့် သား ၃ ယောက်၊ သမီး ၄ ယောက် ထွန်းကားခဲ့သည်။ သမီးဖြစ်သူ တင်ဇာမော်နှင့် ရဲဘော်သုံးကျိပ်ဝင်[[ဗိုလ်ရန်နိုင်]] တို့ ၁၉၄၄-ခု၊ ဇွန်လ(၂၃)ရက်တွင် ထိမ်းမြားလက်ထပ်သည်။ <ref>၂ဝရာစု မြန်မာ့သမိုင်း သန်းဝင်းလှိုင်၊ ၂ဝဝ၉ ခု၊ မေလ၊ ကံကော်ဝတ်ရည် စာပေ။