မောင်ကြီး၊ ဆာ(ရဲတပ်ဗိုလ်ချုပ်): တည်းဖြတ်မှု မူကွဲများ

" ၁၈၈၆ ခုနှစ်၊ ဖေ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၁ -
၁၈၈၆ ခုနှစ်၊၁၈၈၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်၊ တနင်္ဂနွေနေ့တွင် ပဲခူးဒိစကြိတ် ရွှေကျင်မြို့၌ ဖွားသည်။ အဖ ကျောင်းဒါယကာ ကုန်သည် ဦးစံဦး၊ အမိ ဒေါ်လှိုင် ဖြစ်သည်။
 
 
စာကြောင်း ၅ -
 
 
၁၉ဝ၂ ခုနှစ်တွင် ရန်ကုန် အစိုးရ ဟိုက်စကူးကျောင်းမှ မက်ထရစ် စာမေးပွဲကို ဂုဏ်ထူးများဖြင့် အောင်သည်။ စကောလားရှစ် ရ၍ ၁၉ဝ၆ ခုနှစ်တွင် ရန်ကုန်ကောလိပ်မှ ဘီအေဘွဲ့ကို အင်္ဂလိပ်စာ ဒုတိယတန်း ဂုဏ်ထူးဖြင့် ရရှိသည်။ ဘီအေ စာမေးပွဲကို ကာလကတ္တား တက္ကသိုလ်မှ စစ်ဆေးရာ ကာလကတ္တား တက္ကသိုလ် တခုလုံးတွင် အဆင့် ၄ ရခဲ့သည်။ ရန်ကုန်ကောလိပ်နှင့် ကာလကတ္တား တက္ကသိုလ် ရစ်ပွန်းကောလိပ် တို့တွင် ဥပဒေပညာ ဆက်လက် ဆည်းပူးသည်။ ၁၉ဝ၇ ခုနှစ်တွင် အပြင်ဖြေ အဖြစ်နှင့် ကာလကတ္တား တက္ကသိုလ်မှ အမ်အေဘွဲ့ ရသည်။
 
 
စာကြောင်း ၁၄ -
 
 
၁၉၁၈-၂၁ တွင် ရန်ကုန်ကောလိပ် ဥပဒေကထိက၊ ၁၉၁၉-၂ဝ တွင် ချိကုတ် တရားဝန်ထောက် အဖြစ် အမှုထမ်းသည်။ ၁၉၂ဝ ပြည့်နှစ်တွင် ပထမအကြိမ် တက္ကသိုလ် ကျောင်းသားသပိတ်နှင့် အတူ ပေါ်ပေါက်လာသည့် အမျိုးသား ပညာရေး အဖွဲ့ချုပ်တွင် ဥက္ကဋ္ဌ အဖြစ် ၁၉၂၂ ခုနှစ်တိုင် ဆောင်ရွက်ခဲ့သည်။ လစာ တထောင်ကျော်ရသော ချိကုတ် တရားဝန်ထောက် ရာထူးနှင့် ဥပဒေ ကထိက ရာထူး နှစ်ရပ်စလုံးကို စွန့်၍ အမျိုးသား ပညာရေးကို ဦးဆောင်ခဲ့သည်။ ယောက္ခမဖြစ်သူ ဒေါ်ကြီကြီးကလည်း ကြည့်မြင်တိုင်ဘက်တွင် မိန်းကလေးကျောင်း အဆောက်အအုံနှင့် မြေနေရာကို လှူဒါန်းရာ ဒေါ်ကြီးကြီး မိန်းကလေးကျောင်းဟု အမည်တွင်သည်။
 
 
စာကြောင်း ၃၅ -
 
 
၁၉၄၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင် မန်းဘခိုင် နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရ အဖွဲ့တွင် ဝန်ကြီး အဖြစ် ခန့်အပ်ခဲ့ရ၍ ပြည်သူ့လုပ်ငန်းနှင့် ပြန်လည် ထူထောင်ရေး ဝန်ကြီး အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သည် ဆာမောင်ကြီး ၊ ဗိုလ်မှူးအောင်၊ ဦးအောင်ဇံဝေ၊ [[တင်ထွဋ်၊ ဦး (အိုင်စီအက်စ်)]]၊ [[မြို့မ-ဦးသန်းကြွယ်]] ၊ သခင်ဝတင် နှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံ တွင် ဦးဆောင် ခဲ့သည်။ ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်တွင် လန်ဒန်မြို့၌ မြန်မာပြည်ဆိုင်ရာ ကော်မရှင်နာ မင်းကြီး အဖြစ် ပြောင်းရွှေ့ တာဝန်ယူရသည်။ ၁၉၄၇ ခုနှစ်၊ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီတွင်လည်း ပါဝင်ခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက် အင်္ဂလန်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် ၁၉၄၉ ခုနှစ်၊ မတ်လ အထိ ထမ်းဆောင်ခဲ့သည်။ ထို့နောက် အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် တာဝန် ထမ်းရွက်ခဲ့ပြီး၊ ၁၉၅၂ ခုနှစ်၊ မေလတွင် အငြိမ်းစားယူခဲ့သည်။