မဟာဗောဓိတထောင်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary |
No edit summary |
||
စာကြောင်း ၈ -
==လေးကျွန်းစကြာ ရပ်တော်မူမြတ်စွာဘုရား==
လေးကျွန်းစကြာ ရပ်တော်မူမြတ်စွာဘုရားကြီးကို ၁၉၉၅ ခုနှစ်တွင် စတင်တည်ထား ကိုးကွယ်ခဲ့သည်။ ဉာဏ်တော်အမြင့်ပေ (၄၂၄)ပေ အမြင့်ဆောင်ပြီး၊ အထပ်ပေါင်း (၃၁)ထပ် ပါရှိသည်။ ကမ္ဘာ့ဒုတိယအကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်ကြီးဖြစ်သည်။<ref>http://en.wikipedia.org/wiki/List_of_statues_by_height</ref><ref>http://en.wikipedia.org/wiki/Laykyun_Setkyar</ref>
==လျောင်းတော်မူ မြတ်စွာဘုရား==
စာကြောင်း ၁၅ -
==အောင်စကြာစေတီတော်==
အောင်စကြာစေတီတော်ကြီးသည် ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်ပုံစံ ဖြစ်သည်။ အထဲတွင် လိုဏ်ခေါင်းပါပြီး သပိတ်မှောက်အထိ အတွင်းလိုဏ်လှေကားမှတစ်ဆင့် တက်ရောက်ဖူးမြော်နိုင်သည်။ စေတီတော်ကြီးကို ၁၃၄၁ ခု၊ တပေါင်းလဆန်း(၂)ရက် (၂ ၁၅)နာရီတွင် စတင်ပန္နက်ရိုက်၍၊ (၁၂ ၁၅)နာရီတွင် အုတ်မြစ်ချသည်။ စေတီတော်တည်ထားရာ ကုန်းတော်ကြီးမှာ ကျောက်သားတောင်ကြီးဖြစ်သဖြင့် အုတ်မြစ်ကျင်းတူးရန်မလိုပေ။ ဉာဏ်တော်အမြင့် အတောင်(၁၅ဝ)၊ ပေအားဖြင့် (၂၂၅)ပေ ရှိသည်။ ဖိနပ်တော် ၂၁၆ ပေ၊ ၉ လက်မ ရှိသည်။<ref>မုံရွာမြို့၊ မိဂဒါဝုန်ဆရာတော်၏ '''ဗောဓိတထောင်ဆရာတော် ဘဒ္ဒန္တနာရဒ၏ နှစ် ၆ဝ-ဘဝခရီး'''</ref> စေတီတည်နှစ်ကို ''အောင်စည်ရိုက်ဦး စေတီထူး''ဟု အမှတ်သညာပြုကြသည်။ စေတီတော်ကြီး၏ သပိတ်မှောက်အထိ တက်ရောက်ဖူးမြော်နိုင်ရန် အတွင်း၊ အပြင် လှေကားများ ပါရှိသည်။ စေတီတော်အောက်ခြေတွင် စေတီရံများစွာလည်း ရှိသည်။ အချိုးအစား ကျနပြေပြစ် သပ္ပါယ်သည်။
[[File:Aung Sakkya.png|thumb|alt=Taken from public source|မဟာဗောဓိတထောင် အောင်စကြာစေတီတော်]]
==နာယက ဆရာတော်များ==
|