စာကြောင်း ၃၅ -
 
==ကသည်း​မင်း​ကြီး​ ဦး​စာနီ==
ဗဒုံမင်း(ဘိုး​တော်ဘုရား​) လက်ထက်တွင် ကသည်း​နွယ်ဖွား​များ​နှင့်​ ပတ်သက်၍ ကြီး​ကြပ်အုပ်ချုပ်ရန် ဦး​စာနီဆိုသူအား​ ခန့်​အပ်တာဝန်​ပေး​ခဲ့​ရာ ကသည်း​မင်း​ကြီး​ဟု အမည်တွင်ခဲ့​သည်။ ယင်း​ ကသည်း​မင်း​ကြီး​ ဦး​စာနီ သည်ပင်ဦး​စာနီသည်ပင် ကသည်း​ဝန်ဖြစ်ဟန်ရှိပါသည်။ ဦး​စာနီ၏ ဘွဲ့​မည်မှာ မဟာ​ဇေယျသူရ ဖြစ်သည်။ ၁၇၆၀ ပြည့်​နှစ်တွင် ဆား​လင်း​ကြီး​၌ ဆား​လုပ်ငန်း​ လုပ်ကိုင်သူ ဦး​နေဒွန်း​နှင့်​ ​ဒေါ်မိန်း​မတို့​က ဖွား​မြင်ခဲ့​သူဖြစ်ပြီး​ ဘိုး​တော်ဘုရား​လက်ထက်တွင် အိမ်​ရှေ့​မင်း​ ဦး​ပေါ်ထံ အမှုထမ်း​ခဲ့​သည်။ သူသည် အမိန့်​တော်အရ ၁၈၀၅ ခုနှစ်တွင် ၃၇ မင်း​ နတ်ချင်း​များ​ကို မှတ်သား​လေ့​လာခဲ့​ပြီး​နောက် မကြာမီ ကသည်း​ မင်း​ကြီး​အရာ ခန့်​အပ်ခံခဲ့​ရသည်။
 
စစ်ကိုင်း​မင်း​ (ဘကြီး​တော်)လက်ထက်တွင် ဦး​စာနီကို ကသည်း​မင်း​ကြီး​အရာ ဆက်လက်ခန့်​အပ်ခဲ့​သည်။ ၁၀ စက်တင်ဘာ ၁၈၂၀ တွင် ယခင်​လေ့​လာပြုစုခဲ့​သည့်​ ၃၇ မင်း​နတ်ချင်း​အား​ အမိန့်​တော်အရ ပြင်ဆင်ဖြည့်​စွက်မှုများ​ ပြုကာဆက်သွင်း​ခဲ့​ရ၏။ ယင်း​နောက် ၁၈၂၂ ခုနှစ် ၊​ ဒီဇင်ဘာလတွင် ကချာသို့​ စစ်ချီတက်စဉ်အတွင်း​ ကသည်း​မင်း​ကြီး​ ဦး​စာနီ ငှက်ဖျား​ရောဂါဖြင့်​ ကွယ်လွန်သွား​ပါသည်။
 
ကုန်း​ဘောင်​ခေတ်​နှောင်း​ကုန်း​ဘောင်​ခေတ်​နှောင်း​ကာလ ကာလသာယာဝတီမင်း​နှင့်​သာယာဝတီမင်း​နှင့်​ ပုဂံမင်း​တို့​လက်ထက်တွင် ကသည်း​ဝန်ဟူ၍ သီး​ခြား​မ​တွေ့​ရ​သေး​ပါ။ ကသည်း​ မြင်း​ဝန်ကပင်ကသည်းမြင်း​ဝန်ကပင် ကသည်း​မျိုး​နွယ်များ​အား​ ကြီး​ကြပ် အုပ်ချုပ်ရဟန် ရှိပါသည်။ မင်း​တုန်း​မင်း​ (၁၈၅၃-၁၈၇၈)လက်ထက်သို့​ ​ရောက်​သောအခါ ကသည်း​ဝန်၏ အခန်း​ကဏ္ဍမှာ ​ပျောက်ကွယ်လုနီး​ ဖြစ်​နေ​လေပြီ။ ၁၈၇၈ ခုနှစ်အတွင်း​ ဝက်မစွတ်ဝန်​ထောက် ဦး​လတ်နာမကျန်း​ဖြစ်စဉ် ကသည်း​ဝန် ​နေမျိုး​နာဂသျှန္တ​ကျော်ဘွဲ့​ခံ ဟဇနနှင့်​ မိန်း​မစိုး​ ​ပေါက်မြိုင်ရွာစား​တို့​ကို ​ခေါ်ယူကုသခဲ့​ရ​ကြောင်း​ သိရှိရ၏။
 
သီ​ ပေါမင်း​လက်ထက်သီ​ပေါမင်း​လက်ထက် ဝန်စုမှူး​စုစာရင်း​၌ ကသည်း​ဝန်ရာထူး​ကို မ​တွေ့​ရ​တော့​ပေ။ မင်း​တုန်း​မင်း​လက်ထက် ကသည်း​ဝန်ကပင် သီ​ပေါမင်း​လက်ထက်၌ ဆက်လက်အမှုထမ်း​ခဲ့​ခြင်း​ ဖြစ်သ​လော သို့​မဟုတ် ကသည်း​ဝန်ရာထူး​ ခန့်​ထား​ခြင်း​မရှိ​တော့​သည်​လော မသိရပါ။ ကုန်း​ဘောင်​ခေတ်ဦး​ကာလ ကသည်း​လူမျိုး​ အ​ရေအတွက်မှာလည်း​ ​ခေတ်​နှောင်း​ကာလတွင် အ​တော်အတန် နည်း​ပါး​သွား​ပြီ ဖြစ်ပါသည်။ ၁၈၇၁ ခုနှစ် စာရင်း​အရပင် ရန်ကုန်မြို့​၌ ကသည်း​ ၃၁ ဦး​သာရှိ​တော့​ကြောင်း​ သိရှိရ၏။ ကုန်း​ဘောင်​ခေတ်​နှောင်း​ကာလတွင် ကသည်း​ဝန်၏ အ​နေအထား​မှာ အနှိပ်သည်သာသာမျှပင် ရှိ​တော့​သည်ဟု ဆိုနိုင်ပါသည်။ ကသည်း​ဝန်သည် နန်း​တွင်း​၌ပင် ​နေထိုင်ခွင့်​မရ​တော့​ဘဲ ကသည်း​လူမျိုး​စုများ​ ​နေထိုင်ရာ ရပ်ကွက်အတွင်း​၌ ​နေထိုင်ရ​ကြောင်း​ သိရှိရ၏။