စာကြောင်း ၅ -
ကူကီးအမည်နာမနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်
 
ကူကီးဟူသော ဝေါဟာရမှာ မည်သည့်အချိန်မှစ၍ ပေါ်ပေါက်လာကြောင်း ခုနှစ်သက္ကရာဇ် အတိအကျ မှတ်တမ်းတင်နိုင်ခြင်း မရှိခဲ့သော်လည်း ခရစ်သက္ကရာဇ် ၁၇ရာစုက လူမျိုးများအကြောင်းကို ရေးသားခဲ့ကြသော အနောက်တိုင်းပညာရှင်တို့ သုတေသနလုပ်ခဲ့ကြသည့် စာအုပ်များတွင် စတင်မှတ်တမ်းတင်ခဲ့ကြပြီးဖြစ်ရာ အိန္ဒိယ−မြန်မာ နယ်စပ်ဒေသများတွင် နေထိုင်ကြသည့်လူမျိုးများအနက် ရှေးအကျဆုံးသောအုပ်စုတွင် ပါဝင်ကြောင်း သိရသည်။ ထိုသုတေသီတို့၏ မှတ်တမ်းများအရ ကူကီးဟူသောအမည်နှင့် ပတ်သက်၍ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကြသည်။ အချို့မှတ်တမ်းများတွင် ကူကီးဟူသောဝေါဟာရမှာ ဘင်္ဂါလီစကားဖြစ်သော ကူဆီး(Cuci)မှ ဆင်းသက်လာကြောင်း ဆိုသည်။ ထို CUCI မှတဆင့် KOOKIES ဟူ၍ထပ်မံသုံးစွဲလာကြသည်။ အချိန်ကာလ ကြာလာသည်နှင့်အမျှ ယနေ့ အများစု သိရှိနားလည်ကြသည့် KUKI ဟူသော ဝေါဟာရ ပေါ်ပေါက်လာသည်ဆို၏။ သို့ဖြစ်၍ မူလဝေါဟာရ Cuciဟူသည်မှာ ဘင်္ဂါလီစကားအရ ချုပ်ချယ်မှုကို မနှစ်သက်သူများ၊ မိမိ၏ သဘောဆန္ဒအရ နေထိုင်ခြင်းဟု အဓိပ္ပာယ်ရပေသည်။ ဥပမာအားဖြင့် Mera Cuci He ဟူသော ကုလားစကားမှာ ကျွန်ုပ်သဘောပဲဟူ၍ အဓိပ္ပာယ် ရရှိသကဲ့သို့ Upka Cuci He ဟူသည်မှာလည်း ခင်ဗျားရဲ့သဘောပဲ ဟူ၍ အနက်ရ၏။ သို့ဖြစ်၍ Cuci ဟူသော ဝေါဟာရမှာလွတ်လပ်သူများ (သို့) လွတ်လပ်မှုကို မြတ်နိုးသူများဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပေသည်။
ကူကီးဟူသော ဝေါဟာရမှာ မည်သည့်အချိန်မှစ၍ ပေါ်ပေါက်လာကြောင်း ခုနှစ်သက္ကရာဇ် အတိအကျ မှတ်တမ်းတင်နိုင်ခြင်း မရှိခဲ့သော်လည်း ခရစ်သက္ကရာဇ် ၁၇ရာစုက လူမျိုးများအကြောင်းကို ရေးသားခဲ့ကြသော အနောက်တိုင်းပညာရှင် ပညာရှင်တို့မှ သုတေသန ပြုလုပ်ခဲ့ကြသည့် စာအုပ်များတွင် စတင်မှတ် တမ်းတင်ခဲ့ကြပြီး ဖြစ်ရာ ယနေ့ အိန္ဒိယနှင့်မြန်မာ နယ်စပ်ဒေသများတွင် နေထိုင်ကြသည့်လူမျိုးများ လူမျိုးများအနှက် ရှေးအကျဆုံးသော အုပ်စုတွင် ပါဝင်ကြောင်း မှတ်တမ်းတင်ခြင်းခံခဲ့ရသည်။ ထိုသုတေသီတို့၏ မှတ်တမ်းများအရ ကူကီးဟူသောအမည် အမည်နာမနှင့် ပတ်သတ်ပြီး အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကြသည်ကိုတွေ့မြင် နေရပေ သည်။ အချို့စွယ်စုံကျမ်းများတွင် ကူကီးဟူသော ဝေါဟာရမှာ ဘင်္ဂါလီစကားဖြစ်သော ကူဆီး(Cuci)မှ ဆင်းသက်လာခြင်းဖြစ်သည်ဟု သိရှိရသည်။ ထို CUCI မှတဆင့် KOOKIES ဟူ၍ထပ်မံသုံးစွဲလာခဲ့ကြရာ အချိန်ကာလကြာလာသည်နှင့်အမျှ နောက်ဆုံးတွင် ယနေ့အများစုသိရှိ နားလည်ကြသည်KUKI ဟူသောဝေါ်ဟာရ ပေါ်ပေါက် လာရခြင်းဖြစ်သည်ဟုသိရှိရသည်။ သို့ဖြစ်၍ မူလဝေါ်ဟာရဖြစ်သော Cuciဟူ သည်မှာ ဘင်္ဂါလီစကားအရချူပ်ချယ်မှုကို မနှစ် သက်သူများ၊ မိမိ၏သဘောဆန္ဒအရ နေထိုင်လိုခြင်း ဟု အဓိပ္ပါယ်ရရှိပေသည်။ ဥပမာအားဖြင့် Mera Cuci He ဟူသော ကုလား စကားမှာ ကျွန်ုပ်သဘောဘဲဟူ၍ အဓိပ္ပါယ် ရရှိသကဲ့သို့ Upka Cuci He ဟူသည်မှာလည်း ခင်ဗျားရဲ့သဘောဘဲဟူ၍ အဓိပ္ပါုယ်ရရှိသည်။ သို့ဖြစ်၍ Cuci ဟူသော ဝေါ်ဟာရမှာ လွတ်လပ်သူများ(သို့) လွတ်လပ်မှုကို မြတ်နိုးသူများဟု အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပေသည်။
ထို့အပြင်ရှေးကူကီးလူမျိုးများအနေဖြင့်ထို့အပွငျ ေတာေတာင္ေဒသမ်ားတြင္ရှေးကူကီးလူမျိုးများအနေဖြင့် တောတောင်ဒေသများတွင် အုပ်စုလိုက်ဖြစ်စေ၊ တစ်ယောက်တည်းဖြစ်စေ၊ အမဲလိုက်ခြင်း၊ သားင အုပ်စုအလိုက်ဖြစ်စေ၊ တစ်ယောက်တည်းဖြစ်စေ၊ အမဲလိုက်ခြင်း၊ သားငါးတို့ကိုရှာဖွေခြင်းနှင့်တောင်ယာများတွင် အလုပ်လုပ်ကိုင်ခဲ့ကြရင်းအလုပ်စချိန်၊ အလုပ်သိမ်းချိန်တို့အပြင် အိမ်ပြန်ချိန်တို့တွင် ဟိုဘက်ဒီဘက်လူပုဂ္ဂျိလ်အချင်းချင်းအကြားကူးဟု လည်းကောင်း၊ ကီး ဟူ၍လည်းကောင်း ေအာ္ဟစ္ၿပီးအျပန္အပြန်အလှန် အချက်ပေးလေ့ရှိကြသည်။ အလွန္အခ်ကပေးလေ့ရှိကြသည်။
ထို့ကြောင့်လည်း ၎င်းတို့၏အိမ်နီးချင်းလူမျိုးတို့မှ ထိုအသံကို အစွဲပြုရင်း(ကူး)သို့မဟုတ် (ကီး)ဟုအော်ဟစ်သူများဟု ပြောဆိုခဲ့ကြရာမှ ကူကီးဟူသောအမည်နာမ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်ဟုလည်းသိရှိရပေသည်။
ထိုနည်းတူ အချို့မှတ်တမ်းများအရ ကူကီးလူမျိုးများသည် (Khul)ဂူမှဆင်းသက်လာခဲ့ကြသော လူမျိုးများဖြစ်ကြသည် နှင့်အညီ လူမျိုးခြားများထံ မိမိတို့ကိုမိမိတို့ မိတ်ဆက်ကြရာ၌ ခူလ်မီး(Khulmi) ဟူ၍ပြောဆိုကြကြောင်း သိရှိရပေသည်။ ကူကီး ဘာသာဖြင့် ခူလ်ဟူသောဝေါ်ဟာရမှာ မြန်မာဘာသာဖြင့် ဂူဟုအဓိပ္ပါယ်ရရှိပြီး (မီး)မှာ လူသား ဟူ၍အဓိပ္ပါယ်ရရှိသည်။ သို့ဖြစ်၍ (Khulmi)ဟူသော ကူကီးဝေါ်ဟာရမှာ မြန်မာဘာသာဖြင့် ဂူသား(သို့မဟုတ်)ဂူမှ ပေါက်ဖွားသူများဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပေ သည်။ ကူကီးလူမျိုးအုပ်စုတွင် အချို့လူမျိုးများသည် ယနေ့အထိ Khulmi (ဂူသား)ဟူသောအမည်ဖြင့်ရပ်တည်နေကြဆဲဖြစ် သည်ကို တွေ့မြင်နေရပေသည်။ ဥပမာအားဖြင့် မဏိပူပြည်နယ်ရှိ ချန်ဒေလ် ခရိုင်တွင်နေထိုင်လာခဲ့ကြပြီး သုတေသီတို့မှ (Old Kuki)ရှေးကျသော ကူကီးလူမျိုးများ မှတ်တမ်းတင်ခြင်းခံ ခဲ့ကြသည့် Kom, Chothe, Anal, Maring, Mujol, Lamkang, Khoibu, Monsang,စသည့်လူမျိုးစုအသီးသီး တို့သည် ယနေ့အထိ Khulmi(ဂူသား)ဟူသောအမည်ကို ခံယူကြဆဲဖြစ်သည့် အပြင်၊ ၎င်းတို့နေထိုင်ရာဒေသကိုလည်း Khulmi Region ဂူမှဆင်းသက်လာသူများ၏ဒေသဟူ၍ပင်သတ်မှတ်ကြလေသည်။