ဖီဒိုရာ လင်းနပ်စ်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁ -
=='''Fedora ဆိုတာ'''==
Fedora ဆိုတာက Red Hat ကုမ္ပဏီက ထောက်ပံ့ပေးပြီး Fedora Project လို့ခေါ်တဲ့ အွန်လိုင်းအဖွဲ့တစ်ဖွဲ့က Linux kernel ပေါ်မှာ အခြေခံ တည်ဆောက်ထားတဲ့ ကွန်ပျူတာ operating system တစ်ခုပါ။ Fedora ရဲ့ အဓိကရည်ရွယ်ချက်က လွတ်လပ်ပြီး အခမဲ့ရနိုင်တဲ့ ဆော့ဖ်ဝဲတွေ ထုတ်လုပ်ဖို့သက်သက်မဟုတ်ဘဲ အဲဒီ အခမဲ့လွတ်လပ်ဆော့ဖ်ဝဲလောကမှာ ထိပ်တန်းက ဦးဆောင်နိုင်ဖို့ကို ရည်ရွယ်ပါတယ်။
 
Linux kernel ကိုထွင်ခဲ့တဲ့ Linus Torvalds ကတော့ Fedora ဟာ စွမ်းဆောင်ရည်မြင့်မားတဲ့ PowerPC အမျိုးအစားတွေပေါ်မှာ ကောင်းကောင်း အလုပ်လုပ်နိုင်စွမ်းရှိလို့ သူ့ရဲ့ကွန်ပျူတာတွေမှာ Fedora ကိုပဲ သုံးပါတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေဖူးပါတယ်။ အခုထိလည်း Linus Torvalds ဟာ Fedora ကို သုံးနေဆဲပဲလို့ သိရပါတယ်။
 
=='''သမိုင်းကြောင်း'''==
နာမည်ကျော် Red Hat ကုမ္ပဏီက သူ့ရဲ့ အခမဲ့ဖြန့်ချီတဲ့ Red Hat Linux (RHL) ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ပြီး အခကြေးငွေနဲ့ ရောင်းချတဲ့ Red Hat Enterprise Linxu (RHEL) ကို သူ့ရဲ့ တစ်ခုတည်းသော တရားဝင် Linux operating system အဖြစ်သတ်မှတ်လိုက်တဲ့ ၂၀ဝ၃ ခုနှစ်နှောင်းပိုင်းမှာ Fedora Project ကို ဖွဲ့စည်းခဲ့ပြီး Red Hat ရဲ့ ကျော်ထောက်နောက်ခံနဲ့ Fedora operating system ကို စပြီး ထုတ်လုပ်ခဲ့ပါတယ်။
 
Fedora ဆိုတဲ့နာမည်ကိုတော့ အရင်က Red Hat Linux အတွက် ဆော့ဖ်ဝဲတွေထုတ်လုပ်ပေးခဲ့တဲ့ စေတနာ့ဝန်ထမ်းအဖွဲ့ရဲ့ နာမည်ကိုယူထားတာဖြစ်ပြီး Red Hat ရဲ့ logo ပုံက အရိပ်လူသား ဆောင်းထားတဲ့ ဦးထုပ်ပျော့ကို အဆွဲပြုပြီး ခေါ်တွင်ခဲ့တာလည်း ဖြစ်ပါတယ်။ Fedora Linux ဟာ တစ်ဖြည်းဖြည်းနဲ့ [http://fedoraproject.org/ Fedora Project] ရဲ့ မူပိုင်ထုတ်ကုန် ဖြစ်လာခဲ့ပေမယ့် Fedora ဆိုတဲ့ ဦးထုပ်ပျော့လေးကတော့ Red Hat ရဲ့ ကုန်အမှတ်တံဆိပ်သာ ဖြစ်ခဲ့ပါတယ်။
 
=='''ဖြန့်ချီပုံ'''==