ဂီတ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး Bot: Migrating 173 interwiki links, now provided by Wikidata on d:q638 (translate me) |
|||
စာကြောင်း ၆ -
ဂီတ၏ ဖန်တီးမူ့၊တင်ဆက်မူ့၊ ထင်ရှားသော ဝိသေသလက္ခဏာ များနှင့် ဂီတဆိုသော အဓိပ္ပါယ်ဖွင့်ဆိုချက် ကိုယ်တိုင်ပင် မတူညီသော ယဉ်ကျေးမူ့များနှင့် လူမူ့ရေးအရ ပုံသဏ္ဍန်အမျိုးမျိုးကွဲပြားနေလေသည်။<ref>[http://en.wikipedia.org/wiki/Music အင်္ဂလိပ်ဝီကီမှ]</ref>
== အဓိပ္ပါယ်
`ဂီတ´ဝေါဟာရသည် ပါဠိဘာသာမှ ဆင်းဆက်လာပြီး `သီချင်း၊ သီဆိုခြင်း´(Song, Singing) အဓိပ္ပါယ်ရသည်။ `တူရိယာတီးမှုတ်ခြင်း´ (Music) အဓိပ္ပါယ်နှင့် တစ်ခြားစီဖြစ်သည်။ ပါဠိဘာသာအရ `တူရိယာတီးမှုတ်ခြင်း´ကို ဝါဒိတ္တဝါဒန ဟူ၍ခေါ်ဝေါ်သည်။ မြန်မာ့ကျမ်းဂန်များအရ `ဂီတ´ဆိုသည်မှာ `ဒီဃသရေန ဂါယိတဗ္ဗနကိဂီတံ´ရှည်သောအသံဖြင့် ရွတ်အပ်သောကြောင့် ဂီတမည်သည်ဟု၍၎င်း၊ `ပုဗ္ဗဘာဂဩကုဇ´ရှေ့အဖို့၌ ရင့်ရှုညည်းတွားခြင်းသည်ပင်လှျင် ဂီတဟူ၍၎င်း၊ သုံးမတြာကာလထက် လွန်အောင်ရွတ်ဖတ်ရသော အသံများကို `ပြူတသံ(ဝါ)ဂီတသံ´ ဟူ၍၎င်း ပြဆိုပေသည်။ ရှေးခေတ်ကျောက်စာများတွင် သီချင်းသီဆိုသူကို `သိခြင်းသည်´(သီချင်းသည်) ဟူ၍၎င်း၊ `ရခန်း´ဟူ၍၎င်း၊ `ရတင်သည်´ဟူ၍၎င်း အမျိုးမျိုး ခေါ်ဝေါ်ကြသည်။ ထို့ကြောင့် `ပန်ထျာဂီတ´၏ အနက်အဓိပ္ပါယ်မှာ တီးမှုတ်သီဆိုခြင်းပင် ဖြစ်သည်။
ရှည်သောအသံဖြင့်သီဆိုအပ်သော စကားအဖွဲ့သီချင်း လို့ အဓိပ္ပါယ်ရသည်။ စည်း၊ ဝါး စသော တူရိယာတို့ဖြင့် တီးမှုတ်သီဆိုရသော ကဗျာမျိုးကို ဂီတ ဟုခေါ်သည် ရယ်လို့ ဦးသော်ဇင်ရဲ့ ကဗျာ့လမ်းညွှန် စာအုပ်ထဲမှာ ဆိုထားပါတယ်။ ရှည်လျားသော အသံဖြင့်သီဆိုရသောသီချင်းလို့ ဆိုပါတယ်။ ဘယ်လောက်အထိရှည်ရမလဲဆိုရင် အချိန်ကာလအားဖြင့် သုံးမတြာထက် ကျော်လွန် ရှည်လျားပြီး စည်းဝါး အစရှိတဲ့ တူရိယာတွေနဲ့ သီဆိုရရင် ဂီတလို့ခေါ်ပါတယ်။ ('မတြာ' ဆိုတာ အသံရှိန်ကို တိုင်းတာတဲ့ မြန်မာယူနစ် (Dimensional unit) ဖြစ်ပါတယ်။ မျက်စိတမှိတ်၊ လှျပ်တပြက်၊ နွားနို့တညှစ်စာ ကာလကို တစ်မတြာ ကြာတယ်လို့ တိုင်းတာပါတယ်)
== မြန်မာဂီတ (သီချင်း) အမျိုးအစား ==
|