ဂိုအင်ကာ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၄ -
 
ဆရာဂိုအင်ကာမှာ ဆရာကြီး ဦးဘခင်၏ ၀ိပဿနာတရားထိုင်နည်းများအား လေ့ကျင့်သင်ကြားပေးသူ ဖြစ်ပြီး၊ ၎င်း၏သင်ကြားမှုမှတစ်ဆင့် လက်ထောက်တရားပြဆရာပေါင်း ၈၀၀ အား မွေးထုတ်ပေးနိုင်ခဲ့ပြီး ဂိုအင်ကာနည်းလမ်းဖြင့် ၀ိပဿနာတရားအားထုတ်သည့် သင်တန်းများသို့ နှစ်စဉ် လူတစ်သိန်းကျော် တက်ရောက်လေ့ရှိသည်။
ဆယ်ရက်ကြာ ၀ိပဿနာတရားထိုင်နည်းသင်တန်းများကို ကမ္ဘာ့အနှ့ံဖွင့်လှစ်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။
 
ဆရာကြီး ဂိုအင်ကာ၏ နည်းလမ်းများမှာ ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က နည်းလမ်းတစ်ခုအား အသုံးပြုထားခြင်းဖြစ်သည်။ ၎င်းအနေဖြင့် “ဗုဒ္ဓမှာ ဂိုဏ်းဂဏဆိုင်ရာ ဘာသာရေးအား မည်သည့်အချိန်အခါ ကမျှ မသင်ကြားပေ။ ဗုဒ္ဓက ကမ္ဘာ့အမှန်တရားဖြစ်သည့် လွတ်မြောက်ရာနည်းလမ်းဖြစ်သော တရားဓမ္မကိုသာ သင်ကြားသည်” ဟူသော အယူအဆပေါ်တွင် အဓိကအခြေခံသည်။ ဆရာကြီး ဂိုအင်ကာ ဆိုလိုသည့် “လွတ်မြောက်မှု” ဆိုသည်မှာ သန့်ရှင်းသည့် စိတ်ဓာတ်အား ပြုစုပျိုးထောင်ခြင်း၏ အကျိုးဆက်တစ်ခုဖြစ်သော ညစ်ညမ်းသည့် စိတ်ဓာတ်မှ လွတ်ကင်းရေးနှင့် ၀မ်းနည်းကြေကွဲမှုများမှ လွတ်ကင်းရေးတို့အား ဆိုလိုခြင်းဖြစ်သည်။