မစ်(ဂ်)-၂၉: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁၇ -
ရုရှတို့၏ မစ် - ၂၉ (နေတိုးအခေါ် - Fulcrum) [[တိုက်လေယာဉ်]]သည် ယခင် [[ဆိုဗီယက် ပြည်ထောင်စု]]၏ [[စတုတ္ထမျိုးဆက် တိုက်လေယာဉ်]] ဖြစ်သည်။ ၁၉၇၀ ပြည့်နှစ်များကတည်းက မီကိုယန်ဒီဇိုင်းအဖွဲ့က ဆူခွိုင်း-၂၇([[Sukhoi Su-27]])တိုက်လေယာဉ်နှင့်အတူ စမ်းသပ် ခဲ့သော်လည်း ၁၉၈၃ ရောက်မှ [[ဆိုဗီယက်လေတပ်]]တွင် စတင် အသုံးပြုခဲ့သည်.။ ယနေ့တိုင် ကမ္ဘာ့နိုင်ငံများစွာ၏ ဘက်စုံသုံး တိုက်လေယာဉ်အဖြစ် ရပ်တည်လျက် ရှိသည်။ အမေရိကန်တို့၏ တိုက်လေယာဉ်များဖြစ်သော [[မက်ဒေါနယ်ဒေါက်ကလပ်စ် အက်ဖ်-၁၅ လင်းယုန်]]၊ [[F-16]] နှင့် F/A - 18 တို့ကို ယှဉ်ပြိုင် တိုက်ခိုက်ရန် ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။ <ref name= Gordon_Davidson_p9>Gordon and Davison 2005, p. 9.</ref> ]
 
၎င်း လေယာဉ်များကို စတင်တည်ဆောက်ချိန်ကတည်းက မည်သည့် ရန်သူ့တိုက်လေယာဉ်နှင့် ယဉ်ပြိုင်တိုက်ခိုက်နိုင်ရန်အတွက် ရည်ရွယ် တည်​ဆောက်ထားပြီး တိုက်ပွဲ အခြေအနေအမျိုးမျိုးနှင့် အဆင်ပြေနိုင်ရန်နှင့် ဝေဟင်မှ မြေပြင်ပစ် ဒုံးပျံအမျိုးမျိုနှင့် တိကျသေချာသော လက်နက်ခဲယမ်းများပဲ့ထိန်းတပ်စက်နက်များ တပ်ဆင်နိုင်ရန် တီထွင်ဖန်တီးထားသည်။ MiG-29 ကို အဓိကအခြေအနေအမျိုးမျိုးအတွက် ထုတ်လုပ်ထားသည်။ ၎င်းတို့တွင် ဘက်စုံသုံး MiG-29 အမ် နှင့် လေယာဉ်တင် သင်္ဘောများတွင် အသုံးပြုရန်အတွက် Mikoyan MiG-29K စသည်ဖြင့် မျိုးကွဲများရှိပြီး နောက်ဆုံးပေါ်နည်းပညာများဖြင့် ပြုလုပ်ထားသည် Mikoyan MiG-35 အမျိုးအစားလည်းရှိသည်။ နောက်ဆုံး ထွက်ရှိသည့် အမျိုးအစားတွင် အင်ဂျင်ပိုင်းအား အဆင့်မြှင့်တင်ထားခြင်း၊ လေယာဉ်မောင်းတံအား လက်လွှတ်ရန်မလိုပဲ ထိန်းချုပ်ခလုပ်များပါရှိသည့် မောင်းတံများ တပ်ဆင်ထားခြင်းနှင့် အီလက်ထရောနစ် စနစ်သုံး ဒီဂျစ်တယ် စက်ခန်း၊ ခေတ်သစ် ရေဒါနှင့် IRST sensors များ၊ လောင်စာဆီ ပိုမိုသယ်ဆောင်နိုင်ခြင်းနှင့် အချို့ လေယာဉ်များတွင် ဝေဟင်ဆီဖြည့်စနစ်များ ပါဝင်သည်။
 
ဆိုဗီယက် ပြည်ထောင်စုပြိုးကွဲပြီးနောက်ပိုင်းတွင် ခွဲထွက်သောနိုင်ငံများသည် မစ်-၂၉ ကို လက်ခံရယူခဲ့ကြပြီး တာဝန်များကို ဆက်လက်ထမ်း​ဆောင်ခဲ့ကြသည်။ ထိုလက်ခံရယူခဲ့သည့် နိုင်ငံများတွင် ရုရှားလေတပ်သည် အကြီးဆုံးဖြစ်သည်။ ရုရှားလေတပ်သည် ၎င်းတို့၏ မစ်-၂၉ အုပ်စုကို MiG-29SMT အဖြစ် အဆင့်မြှင့်တင်ခြင်းများပြုလုပ်လိုသော်လည်း တိုင်းပြည် ဘဏ္ဍာရေးအခက်အခဲများကြောင့် အကန်အသတ်ဖြစ်သာ ပြုလုပ်နိုင်ခဲ့သည်။ မစ်-၂၉ သည် ထိုအချိန်က နိုင်ငံခြားတိုင်းပြည်များသို့ တင်ပို့ရောင်းချရသည် လေယာဉ်အဖြစ်ကျော်ကြားရပြီး နိုင်ငံပေါင်း ၃၀ ကျော်သို့ တင်ပို့ရောင်းချခြင်း သို့မဟုတ် နောက်ပိုင်းတွင် အဆင့်မြှင့်တင်ပေးခြင်းများ ပြုလုပ်ပေးခဲ့သည်။ ထိုအထဲတွင် အိန္ဒိယနိုင်ငံသည် လေယာဉ် တင်ပို့ပေးခဲ့ရသည် အကြီးမားဆုံးသောဈေးကွက် တစ်ခုဖြစ်သည်။ ၂၀၀၆ ခုနှစ်ကတည်းက United Aircraft Corporation ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်လာသည့် မီခိုးရမ် ကုမ္ပဏီက မစ်-၂၉ များကို ထုတ်လုပ်ရောင်ချခဲ့သည်။