အစ္စလာမ်ဘာသာ: တည်းဖြတ်မှု မူကွဲများ

Undo revision 206540 by 49.48.203.145 (talk)
စာကြောင်း ၆၄ -
ဆွန်နီ မွတ်စလင်များသည် အစ္စလာမ်ဘာသာတွင် အကြီးမားဆုံးအုပ်စုဖြစ်ပြီး ၊ ကမ္ဘာ ့မွတ်စ-လင်ဦးရေ 1.5 ဘီလီယံ၏ 70% ရှိသည်။ထို့ကြောင့် ၎င်း တို့ကို “Ahle Sunnah Wal Jama'ah (ပြည်သူများ၏ ဥပဒေသ နှင့် အဓိက) “ ဟုအမည်တပ်သည်။ အာရပ်ဘာသာတွင် အက်စ်ဆွန်န (as-Sunnah ) ၏ အဓိပ္ပါယ်မှာ “ဥပဒေသ” သို့မဟုတ် “လမ်း” ဟု ဆိုသည်။ ဆွန်န (မိုဟာမက်ဘဝ၏ ဥပမာ)သည် ဆွန်နီအဆိုအမိန့်၏ အဓိကမဏ္ဍိုင်ကြီးဖြစ် သည်ဟု ကိုရန်နှင့် ဟာဒစ်ကျမ်းတို့တွင် မှတ်တမ်းတင်ထားသည်။ ဆွန်နီများသည် ပထမဆုံးသော အုပ်ချုပ်ရေး နှင့် ဘာသာရေးအဓိကခေါင်းဆောင်ကြီး (Khalifah) လေးဦးအား မိုဟာမက်အရိုက်အရာကို အမှန်အကန်ဆက်ခံသူများဖြစ်သည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်သည် မည်သည့်ခေါင်းဆောင်များကိုမှ မိုဟာမက်၏ ဆက်ခံသူများအဖြစ် ပြဆိုခြင်းမရှိ ခဲ့သည့်အတွက်၊ ထိုခေါင်းဆောင်များသည် ရွေးကောက်တင်မြှောက်ခံထားခဲ့ရသူများဖြစ်မည်။ အသိအမှတ်ပြုလက်ခံထား သည် မက်ဇ်ဟဗ် (madh'habs) (အတွေးအခေါ်ကျောင်းများ) ကျောင်းလေးခုရှိသည်။ ၎င်းတို့မှာ ဟာနဖီ ၊ မာလီကိ ၊ ရှာဖီ နှင့် ဟန်ဘလီ တို့ဖြစ်သည်။ အားလုံးသော ထိုလေးခုသည် အခြား အခြားသော ခိုင်မာမှုများကို လက်ခံကြပြီး မွတ်စလင်တစ်ဦးသည် ယင်းတို့ထဲမှတစ်ခုခုကို သဘောကျနှစ်သက် သလို ရွေးချယ်နိုင်သည်။ ဆွန်နီဖြစ်သည်ဟု သုံးသပ်နိုင်သည့် အခြားသောအစ္စလာမ်ဘာသာအခွဲငယ်များလည်းရှိသည်။ ၎င်းဘာသာအခွဲ ငယ်များသည် အများစုမှ ခွဲထွက်လာကြပြီး၊ အစ္စလာမ်မှကွဲကွာထားသည့်ဗီဒါတ်(မွန်းမံပြင်ဆင်ချက်များ)နှင့်အစွန်းရောက်နိုင်ငံရေးအမြင်များကိုသွတ်သွင်းလက်ခံသုံးစွဲလာကြသည်။
 
== ဂိုဏ်းကွဲ ရှီအတ် ==
== ရှီအတ်အစ္စလာမ် ==
 
ရှီအတ်သည် အစ္စလာမ်ဘာသာဝင်များ၏ 15% ရှိပြီး၊ ဒုတိယအကြီးမားဆုံးသော ဂိုဏ်းခွဲဖြစ်သည်။သူတို့ သည် အီမမ်များ၏ နိုင်ငံရေးနှင့် ဘာသာရေး ခေါင်းဆောင်မှုကို ယုံကြည်လက်ခံကြသည်။ အီမမ်သည် အလီအစ်ဗ်နိ အဗီတာလစ်ဘ် (Ali ibn Abi Talib) မှ ဆင်းသက်လာသူများဖြစ်ပြီး၊ ရှီအတ်များ၏ အဆိုအရ ၊ အီမမ်များသည် အစ်စမာ(ismah) ၏ အသိုက်အဝန်းတွင်ရှိကြသူများဖြစ်သည်။ အစ်စမာ၏ အဓိပ္ပါယ်သည် တရားတော်အနေဖြင့် မမှား မယွင်းနိုင်ခြင်းဖြစ်သည်။ ရှီအတ်တို့သည် အလီအစ်ဗ်နိ အဗီတာလစ်ဘ် (မိုဟာမက်နှင့် ဝမ်းကွဲတော်စပ်ပြီး သားမက်လည်း ဖြစ်သူ)ကို မိုဟာမက်အရိုက်အရာဆက်ခံသူအဖြစ် ယုံကြည်ကြသည်။ ရှေးယခင်မွတ်စလင်ခေါင်းဆောင်ကြီးများ၏ တရားဝင်သတ်မှတ်ခဲ့သည်များကို ငြင်းပယ်၍ အလီအစ်ဗ်နိ အဗီတာလစ်ဘ်ကို ပထမဦးဆုံးသော အီမမ် (ခေါင်းဆောင်)အဖြစ် ခေါ်ဆိုကြသည်။ ရှီအတ်အများစုအတွက် အီမမ်တစ်ဦးသည် ဘုရားသခင်၏ခန့်အပ်ထားမှုများဖြင့် အုပ်ချုပ်ပြီး၊ မွတ်စလင် များအတွင်းတွင် “လုံးဝစိတ်ပိုင်းဆိုင်ရာ အာဏာပိုင်“ အဖြစ် စွဲကိုင်ထားပြီး ၎င်းတို့အဆိုအမိန့်နှင့် ဟောကြားသည့်တရားသည် နောက်ဆုံးဖြစ်သည်။