ဗညားဒလ (ဝန်ကြီး): တည်းဖြတ်မှု မူကွဲများ

ce
စာကြောင်း ၁ -
ဝန်ကြီး ဗိုလ်မှူး '''ဗညားဒလ''' (၁၅၁၈-၁၅၇၃) သည် [[ဘုရင့်နောင်]] လက်ထက်တွင် အထူးထင်ရှားသည့် မွန်မှုးမတ်တစ်ဦးဖြစ်သည်။မွန်မှုးမတ် နှုတ်ရေး၊လက်ရေးစစ်သူကြီး တစ်ဦးဖြစ်သည်။ စစ်ရေး၊ နှုတ်ရေး၊ လက်ရေး အစွမ်းကောင်းသူဖြစ်သသည်။ [[ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း‎]]ကို မွန်ပေမူမှ ပထမဆုံးသောမြန်မာပေမူအဖြစ် ဘာသာပြန်ဆိုသည်။<ref စတင်၍အမှုထမ်းသည်မှာname=mat-133-134>{{cite မွန်မင်းbook [[သုရှင်တကာရွတ်ပိ]]လက်ထက်ကပင်ဖြစ်ဟန်တူသည်။| [[တပင်ရွှေထီး]]ဟံသာ၀တီကိုlast=Aung-Thwin သိမ်းပိုက်ပြီးသည့်နောက်| ဟံသာ၀တီတွင်first=Michael ကျန်ရှိနေသည့်A. မွန်အမှုးအမတ်တို့ကို| သစ္စာပေး၍title=The ဆက်လက်အမှုထမ်းစေရာMists ဗညားဒလလည်းof ပါဝင်ခဲ့သည်ဟုဆိုသည်။Rāmañña: တပင်ရွှေထီးလုပ်ကြံခံရပြီးThe နတ်ရွာစံသည့်နောက်Legend နန်းတက်သည့်that [[သမိန်စက္ကေဝါ]]was နှင့်Lower [[သမိန်ထောရာမ]]Burma တို့လက်ထက်တွင်လည်း| ဆက်လက်၍edition=illustrated အမှုထမ်းခဲ့ဟန်ရှိသည်။| သမိန်ထောရာမအားpublisher=University အနိုင်ရပြီး[[ဘုရင့်နောင်]]ဟံသာဝတီနန်းကိုof Hawai'i Press | ပြန်လည်year=2005 သိမ်းပိုက်ကာ| နန်းတက်သည့်အချိန်တွင်လည်းlocation=Honolulu ဘုရင့်နောင်၏| အမှုတော်ထမ်းအဖြစ်isbn=978-0-8248-2886-8 ပြန်လည်ပါဝင်လာခဲ့သည်။| page=133–134}}</ref>
 
== ဘုရင့်နောင်နှင့် ဗညားဒလ ==
သို့သော် ရာဇဝင်ကျမ်းအစောင်စောင်တို့တွင် ဗညားဒလကို ဘုရင့်နောင်အား လုပ်ကြံရန် အကြိမ်ကြိမ်ကြိုးပမ်းသူအဖြစ် မှတ်တမ်းတင်ခဲ့ကြသည်။ ထင်ရှားသည့် အကြိမ်များမှာ-
 
# ဘုရင့်နောင် ဟံသာဝတီကို သိမ်းပိုက်ပြီးနောက် မြို့တွင်းသို့ လှည့်လည်ကြည့်ရှုစစ်ဆေးစဉ်က ဓါးလက်နက်တို့ကို မြေတွင်မြုပ်စေပြီး ေဝါထမ်းသူတို့ကို စည်းရုံးကာ ထိုနေရာအရောက်တွင် ဓါးလက်နက်တို့ကို ထုတ်ယူ၍ ဘုရင့်နောင်ကို လုပ်ကြံရန် စီစဉ်ခဲ့သည်။ ေဝါထမ်းသူတို့ ထိုနေရာအရောက်တွင် မငြိမ်မသက်ဖြစ်နေသဖြင့် မသင်္ကာသောကြောင့် စစ်ဆေးစေရာ ဗညားဒလအကြံပေါ်လေသည်။ သို့သော် မင်းတရားကြီးက “ဗညားဒလ ငါ့ကိုမကြံရာ၊ ကြံသော်လည်းမဖြစ်ရာ။”ဟု မိန့်ကာ ေဝါထမ်းသူတို့ကိုသာ သတ်စေသည်။
# နောက်တစ်ကြိမ် ဘုရင့်နောင်မင်းတရားကြီး [[ရွှေမော်ဓောစေတီ]]သို့ တက်ရောက်စဉ်တွင်လည်း တန်းဆောင်းတို့တွင် လူသန်လူမာ တစ်ကျိပ်(၁၀)ကို မုခ်ဦးထက်တက်ကာ နေစေသည်။ ဘုရင့်နောင် ဘုရားမှအဆင်းတွင် လုပ်ကြံရန်ဖြစ်သည်။ သို့သော် ဘုန်းကြီးလှသော မင်းဖြစ်သည့်အတွက် မုခ်ဦးရောက်ခါနီးတွင် ထိုသူတို့ မုခ်ထက်မှ ပြုပ်ကျကြသည်။ စစ်ဆေးပြီး အမှုပေါ်သော် ဗညားဒလကို လွှတ်၍ ထိုကျွန်တစ်ကျိပ်ကို ကွပ်မျက်စေသည်။
# တစ်ကြိမ်တွင် ဘုရင့်နောင် ဖောင်ပေါ်သို့တက်ရန် ရှိစဉ် လူနှစ်ယောက်ကို ဓါးလွတ်ပေး၍ ရေထဲတွင်ငုပ်ကာ လုပ်ကြံရန် စောင့်စေသည်။ ရေပလုံစီထသည်ကိုတွေ့၍ မသင်္ကာသဖြင့် စစ်ဆေးစေရာ အကြံပေါ်သဖြင့် ထိုလူနှစ်ဦးကို သတ်စေသည်။ ဗညားဒလကိုကား လွတ်မြဲလွတ်စေ၏။
 
သို့သော် စစ်ရေးပေါ့လျော့သဖြင့် ဗညားဒလအား '''ဇနက်'''ဟူသောအရပ်သို့ အလုပ်အကျွေး ၅ဦးဖြင့်ပို့ခဲ့သေးသည်။ ဗညားဒလမကျန်းမာကြောင်း ကမန်ပိုက်စားက လျှောက်တင်လာသောအခါ ကမန်ပိုက်တွင် ထား၍ ကျန်းမာအောင်နေစေသည်။ သို့သော် တစ်လအကြာတွင် ကမန်ပိုက်၌ ဗညားဒလကွယ်လွန်သည်။
 
== ရည်ညွှန်းကိုးကား ==
{{reflist}}
* တပင်ရွှေထီး-ဘုရင့်နောင် တောင်ငူရာဇဝင်စဆုံး
* မြန်မာမင်းများအရေးတော်ပုံကျမ်း (၆စောင်တွဲ)
 
[[Category:မြန်မာ့ သမိုင်း]]