ကရာချိမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 116 interwiki links, now provided by Wikidata on d:q8660 (translate me)
အရေးမကြီး The file Image:Karachi_Montage_2.jpg has been removed, as it has been deleted by commons:User:Fastily: ''Per commons:Commons:Deletion requests/File:Karachi Montage 2.jpg''. ''Translate me!''
စာကြောင်း ၁ -
 
[[File:Karachi Montage 2.jpg|thumb|ကရာချိမြို့ မြင်ကွင်း]]
'''ကရာချိမြို့'''သည် အိန္ဒိယ ကျွန်းဆွယ်အနောက်ဘက်ပိုင်း သိန္ဓုနယ်ရှိသင်္ဘောဆိပ်မြို့ ဖြစ်၍၊ [[ပါကစ္စတန်နိုင်ငံ]]၏ မြို့တော်ဖြစ်ပြီးလျှင် [[အိန္ဒုမြစ်]]ဝကျွန်းပေါ် ဒေသ၏ မြောက်ဘက်တွင် တည်ရှိ၏။ ထို့ကြောင့် အိန္ဒုမြစ်ထွက်သော ဝါဂွမ်း၊ ဆား၊ သားရေစိမ်း၊ သိုးမွေးအကြမ်းနှင့် ဂျုံစပါးတို့ကို ကရာချိမြို့မှတဆင့် အခြားမြို့နယ်နိုင်ငံများသို့ တင်ပို့လေသည်။ ထိုသို့ ကရာချိမြို့သည် အတွင်းဖက်ရှိ နယ်များအတွက် ထွက်ပေါက်ဖြစ်သဖြင့် ကုန်စည်ကူးသန်း ရောင်းဝယ်ရေး၌ ထင်ရှားသောမြို့ဖြစ်သည်။ ပါကစ္စတန်နိုင်ငံအတွက် ဥရောပတိုက်နှင့် အနီးဆုံး သင်္ဘောဆိပ်နှင့် လေဆိပ်စခန်းလည်းဖြစ်၍ အခြားမြို့ကြီးများနှင့် မီးရထားဖြင့် ဆက်သွယ်လျက်ရှိသည်။ ထိုမြို့မှ ဟိုက်ဒရဗတ်နယ်နှင့် အိန္ဒုမြစ်ဝှမ်း တစ်လျှောက်သို့ မီးရထားဖြင့်လည်းကောင်း ရေလမ်းမှလည်းကောင်း ကူးသန်းသွားလာ နိုင်လေသည်။ ကရာချိမြို့နှင့် ၃ မိုင်ခန့် ကွာဝေးသော ကီယာမာရီကျွန်းတွင် အကြီးဆုံးသော သင်္ဘောကျင်းများကို တည်ဆောက်ထား၏။ ထိုမြို့တွင် ဘိလပ်မြေလုပ်ငန်းနှင့် တံငါလုပ်ငန်းများမှာ ထင်ရှားသော လုပ်ငန်းကြီးများဖြစ်လေသည်။ ကရာချိမြို့၏ အကျယ်အဝန်းမှာစတု ရန်းမိုင် ၈၁၂ဖြစ်၍လူဦးရေမှာ ၁၉၅၂ ခုနှစ် သန်းကောင်စာရင်းအရ ၁၁၁၈၀ဝဝ ဖြစ်သည်။