နု၊ ဦး: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၅၃ -
== နိုင်‌ငံရေးဘဝ ==
=== လွတ်လပ်ရေး ===
သူ၏ နိုင်‌ငံရေးဘဝသည် [[တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ | ရန်‌ကုန်‌တက္ကသိုလ်‌ ကျောင်းသားများ သမဂ္ဂ ]] ဥက္ကဌ တာဝန်‌ကို ရယူခဲ့ချိန်မှ စတင်‌ခဲ့သည်‌။ ထိုအချိန်တွင် [[အောင်ဆန်း|ဗိုလ်ချူပ်အောင်ဆန်း]]မှာ သမဂ္ဂ၏ အတွင်းရေးမှုးဖြစ်ခဲ့သည်။ သူတို့နှစ်ဦးစလုံးသည် သမဂ္ဂတွင်ပါသော ဆောင်းပါးတစ်ပုဒ်ကြောင့် ကျောင်းမှထုတ်ပစ်ခြင်းခံခဲ့ရပြီး ထိုကိစ္စကြောင့် ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလတွင် ဒုတိယအကြိမ်ကျောင်းသားသပိတ်ကို ဖြစ်ပေါ်စေခဲ့သည်။ သူတို့နှစ်ဦးစလုံးသည် ၁၉၃၀ ခုနှစ်က ဖွဲ့ခဲ့သော [[တို့ဗမာအစည်းအရုံး]] အဖွဲ့ဝင်များ ဖြစ်လာကြပြီး သူတို့၏ နာမည်ရှေ့တွင် 'သခင်' ဟူသော ဂုဏ်ပုဒ်ကို တပ်ခဲ့ကြသည်။ မိမိတို့နိုင်ငံတွင် မိမိတို့သာ သခင်များဖြစ်ကြောင်း ပြယုဂ် အဖြစ် တပ်ခြင်း ဖြစ်သည်။ ၁၉၄၈ ခုနှစ် တွင် လွတ်လပ်ရေးရပြီး နှစ်အနည်းငယ်အထိ သခင်တပ်ခြင်းကို ဆက်ထိမ်းပြီး ၁၉၅၂ ခုနှစ်တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီး ဖြစ်၍ ‘[[ရဲဘော်သုံးကျိပ်|သခင်]]’ ဟုအမည်ရှေ့တွင် တတ်ရန် မလိုတော့သည့်အတွက် ‘[[သခင်]]’ကို မသုံးတော့ပဲ ဦးနုဟုသာပြန်လည်သုံးနှုန်း စေခဲ့သည်။ ၁၉၃၇ ခုနှစ်က သခင်သန်းထွန်းနှင့် အတူ ‘နဂါးနီ’ စာပေတိုက်ကို ပူးတွဲထူထောင်ခဲ့ပြီး ၎င်းပါတီသည် နောင်တွင် ဆိုရှယ်လစ်ပါတီ ဖြစ်လာသည်။ ထို့နောက် ပေါင်းစည်းထားသည့် အဖွဲ့အစည်းဖြစ်သည့် ဖက်ဆစ်တော်လှန်ရေးပြည်သူ့လွတ်လပ်ရေး (ဖဆပလ) အဖွဲ့ကြီးကိုပါ ပူးတွဲထူထောင်ခဲ့ပြီး ၁၉၄၀ ပြည့်လွန်နှစ်များဝန်းကျင်ကတည်းက [[ဂျပန်နိုင်ငံ|ဂျပန်]]နှင့် [[ဗြိတိန်နိုင်ငံ|ဗြိတိသျှ]]တို့၏ သိမ်းပိုက်မှုလက်အောက်မှ ရုန်းထွက်ရန် ဆော်ဩတိုက်တွန်းခဲ့ကြသည်။ ကိုလိုနီအစိုးရ၏ ၁၉၄၀ ပြည့်နှစ်တွင် [[သခင်စိုး]]၊ [[သခင်သန်းထွန်း]]၊ [[ဦးကျော်ငြိမ်း]]၊ [[မြို့မ-ဦးသန်းကြွယ်]]၊ [[ဒေါက်တာဘမော်]]တို့နှင့်အတူ ထိန်းသိမ်းခြင်းခံခဲ့ရသည်။ ၁၉၄၇ ခုနှစ် [[၁၉ ဇူလိုင်|ဇူလိုင် ၁၉]] ရက်တွင် စစ်ရေး၊ နိုင်ငံရေးခေါင်းဆောင် ဗိုလ်ချူပ်[[အောင်ဆန်း]]နှင့် တကွ ကက်ဘိနက်အဖွဲ့ဝင်များ လုပ်ကြံခြင်းခံရပြီးနောက် ၁၉၄၇ ခုနှစ် အောက်တိုဘာလတွင် [[ဗြိတိသျှဝန်ကြီးချူပ်]] ကလဲမင့်အက်တလီနှင့် အတူ လွတ်လပ်ရေးသဘောတူညီမှုစာချူပ် (နု-အက်တလီ စာချူပ်) ကို ဦးနုဦးဆောင်သည့် ဖဆပလအဖွဲ့ကြီးက လက်မှတ်ရေးထိုးခဲ့သည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု ခေတ်အတွင်း ထင်ရှားခဲ့ကြသောဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ခေါင်းဆောင်များတွင် [[ဗိုလ်ချုပ်အောင်ဆန်း]] ၊ ဦးနု၊ [[ကိုဗဟိန်း]]၊ [[ဦးဗဆွေ]] ၊ [[မြို့မ-ဦးသန်းကြွယ်]]၊ သူရိယ ဦးသန်းမောင်၊ ဒေါက်တာ[[သန်းထွန်း]]၊ အာဏာရှင် လှရွှေ တို့ပါဝင်ကြသည်။
နယ်ချဲ့ဆန့်ကျင်ရေး၊ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု ခေတ်အတွင်း ထင်ရှားခဲ့ကြသောဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ခေါင်းဆောင်များတွင် [[ဗိုလ်ချုပ်အောင်ဆန်း]] ၊ ဦးနု၊ [[ကိုဗဟိန်း]]၊ [[ဦးဗဆွေ]] ၊ [[မြို့မ-ဦးသန်းကြွယ်]]၊ သူရိယ ဦးသန်းမောင်၊ ဒေါက်တာ[[သန်းထွန်း]]၊ အာဏာရှင် လှရွှေ တို့ပါဝင်ကြသည်။
 
=== ပါလီမန်ခေတ် ===
Line ၇၁ ⟶ ၇၀:
 
=== ရှစ်လေးလုံး ===
 
မြန်မာနိုင်ငံနှင့် [[အမေရိကန်နိုင်ငံ]]တို့တွင် [[ဗုဒ္ဓဘာသာ]]သင်တန်းများပို့ချပြီး ([[၁၉၈၇]] ခုနှစ်က ဦးနုသည် [[မြောက်အီလီနွိုင်း တက္ကသိုလ်]]တွင် ဗုဒ္ဓဘာသာဆိုင်ရာသင်တန်းများ ပို့ချခဲ့သည်။) မထင်မရှားနေနေခဲ့ပြီး ဦးနုသည် [[ရှစ်လေးလုံးအရေး]]တော်ပုံ၌ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီကို ထောင်ကာ ပြန်လည်လှုပ်ရှားခဲ့သည်။ လန်ဒန်မြို့တွင် [[၁၉၆၉]] ခုနှစ်က သူသည် မြန်မာနိုင်ငံ၏ တရားဝင်ဝန်ကြီးချုပ်‌ဖြစ်ကြောင်း ကြေငြာခဲ့သည်ကို ပဲ့တင်ထပ်၍ [[၁၉၈၈]] ခုနှစ် [[စက်တင်ဘာ ၉]] ရက်တွင် ထပ်မံ၍ ကြေငြာခဲ့ပြန်သည်။ ဒေါ်[[အောင်ဆန်းစုကြည်]]နှင့် ဗိုလ်မှုးချုပ်ဟောင်း [[အောင်ကြီး]](ရှစ်လေးလုံး ကာလက အတိုက်အခံ နိုင်ငံရေးသမား) တို့အား ကြားဖြတ် အစိုးရဖွဲ့ရန် ကမ်းလှမ်းချက်ကို ၎င်းတို့မှ လက်မခံခဲ့ပေ။ သူသည် လက်မလျှော့ပဲ သူ၏ အစိုးရကို [[၁၉၆၂]] ခုနှစ်က ဖြုတ်ချခဲ့သည့် သမ္မတဟောင်း [[မန်းဝင်းမောင်]]ကို သမ္မတနေရာတွင် ပြန်လည် ခန့်အပ်လျက် ဖွဲ့စည်းခဲ့သည်။ [[၁၉၈၈]] ခုနှစ် [[စက်တင်ဘာ ၁၈]] ရက်တွင် စစ်တပ်မှ အာဏာသိမ်းယူပြီးနောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်မှု အဖွဲ့ (နဝတ)ကို ဖွဲ့စည်းပြီးနောက် နဝတမှ ဦးနုအား ၎င်း၏ကြားဖြတ်အစိုးရအား ဖျက်သိမ်းပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း ဦးနုမှ မလိုက်လျောခဲ့ပေ။ ထို့ကြောင့် ၁၉၈၉ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် ဦးနုအား နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းထားလိုက်သည်။ ထိုစဉ်က နဝတပြောရေးဆိုခွင့်ရှိသူတစ်ဦးက သူ့အားနိုင်ငံတော်သစ္စာဖောက်မှုဖြင့် ရုံးတင်တရားစွဲဆို၍ ရသော်လည်း အသက်အရွယ်ကြီးရင့်ပြီဖြစ်ခြင်းနှင့် လွပ်လပ်ရေးကြိုးပမ်းအားထုတ်မှုများကြောင့် သူ့အားတရားမစွဲဆိုခြင်း ‌ဖြစ်ကြောင်းပြောကြားခဲ့သည်။ [[၁၉၉၂]] ခုနှစ် [[ဧပြီ ၂၃]] ရက် နဝတဥက္ကဌ ဗိုလ်ချုပ်မှုးကြီး[[စောမောင်]] ([[၁၉၉၇]] ခုနှစ် ဇူလိုင် ကွယ်လွန်) အား အာဏာစွန့်လွှတ်စေခဲ့သည့် တစ်ရက်တည်းတွင် ၎င်းအားပြန်လွှတ်ခဲ့သည်။ ထိုနေ့တွင်ပင် ယခုလက်ရှိ နိုင်ငံတော် [[နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ|အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ]]၏ ဥက္ကဌ ဗိုလ်ချုပ်မှုးကြီး [[သန်းရွှေ]]က အာဏာလွှဲပြောင်း ရယူခဲ့သည်။
 
Line ၇၉ ⟶ ၇၇:
 
== ဘာသာရေးနှင့် စာပေလုပ်ငန်း ==
 
[[ဗုဒ္ဓဘာသာ]] ကို ကိုင်းရှိုင်းသူဖြစ်ပြီး တိုင်းပြည်၏ လောကုတ္တရာရေးရာဆိုင်ရာ ထင်ပေါ်သည့် ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။ ဆဋ္ဌမ မဟာသင်္ဂနာယကာပွဲ အတွက် ကမ္ဘာအေးစေတီတော်နှင့် မဟာပသဏလှိုဏ်ဂူတော်တို့ကို တည်ဆောက်ခဲ့ပြီး ၎င်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် ၁၉၅၄-၁၉၅၆ ခုနှစ်တွင် ထိုပွဲကို အောင်မြင်စွာ ကျင်းပခဲ့သည်။ ထိုစဉ်က ဦးနု၏ အဓိက လုပ်ရပ်များကြောင့် ၁၉၆၁ ခုနှစ် ဩဂုတ်လ ၂၉ ရက်တွင် ပါလီမန်သည် ဗုဒ္ဓဘာသာကို [[နိုင်ငံတော်ဘာသာ]] အဖြစ်ကြေငြာခဲ့သည်။ ယင်းကိစ္စကြောင့် ခရစ်ယာန်လူနည်းစုများ‌ ဖြစ်ကြသည့် ကချင်၊ ကရင်တို့ နှင့် သွေးကွဲစေခဲ့သည်။ နွားသတ်ခြင်းကိုလည်း တရားဝင်ပိတ်ပင်ခဲ့သဖြင့် အမဲသားကို တိုးတိုးသားအ‌ဖြစ် ခေါ်ဝေါ်ရသည် အထိဖြစ်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းယူပြီးသောအခါ သူ၏ ပထမဦးဆုံးဆောင်ရွက်ချက်တစ်ခုမှာ နွားသတ်ခြင်းကိစ္စကို ဖျက်သိမ်းခြင်းဖြစ်သည်။ ဤအချက်သည် ဦးနေဝင်းနှင့် ဦးနုတို့၏ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၏ သင်္ကေတတစ်ခု ဖြစ်သည်။‌‌
 
Line ၉၃ ⟶ ၉၀:
ဂါးဒီးယန်းသတင်းစာတွင် အခန်းဆက်အဖြစ် ဖော်ပြခဲ့သည်။ ၁၉၆၀ ပြည့်လွန်နှစ်များ ပတ်ဝန်းကျင်က မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကို အားမနာတမ်းသရုပ်ဖော်ထားပြီး ၎င်းရပ်တည်ချက်သည် သိန်းဖေမြင့်၏ တက်ဘုန်းကြီး ဝတ္ထု၏ ရပ်တည်သရုပ်ဖော်မှုနှင့်လည်း ဆင်တူလှသည်။ တက်ဘုန်းကြီးမှာကဲ့သို့ပင် ‘မ’ ပြဿနာ ဇာတ်ရှုပ်များသည် ရိုးရာမြန်မာ့ယဉ်ကျေးမှု စရိုက်များနှင့် ဆန့်ကျင်သည့် အခြေအနေများကို ဖော်ပြထားရှိသည်။ ဤ တစ်ကြိမ်တွင် ‘မ’ ပြဿနာ အရှုပ်တော်ပုံများမှာ လက်ဝဲ လင်္ကျာ အုပ်စု နှစ်အုပ်စု စလုံးမှ နိုင်ငံရေးသမားများ လောက အတွင်းတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
{{မြန်မာနိုင်ငံတော်၏ ဝန်ကြီးချုပ်များ}}
==ကိုးကား==
<br />
<references/>
==ပြင်ပလင့်ခ်များ==
[http://peoplewinthrough.com/ U Nu of Burma]
https://www.myanmarisp.com/Student_Movements/stu0003
{{DEFAULTSORT:န|ဦးနု}}
 
[[Category:သမိုင်း]]