ကြက်ဆူပင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 53 interwiki links, now provided by Wikidata on d:q155867 (translate me)
No edit summary
စာကြောင်း ၄၆ -
အရိုးကိုပြာချ၍ သစ်သားသင်ပုန်းချေရာတွင် အသုံးပြုကြသည်။
<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)</ref>
 
*Item Name -------- Castor Oil Plant (ကြက်ဆူပင်)
*Category ----------- Raw Material
*Botany Term ------- Ricinus communis Linn
*Species Family ----- Euphorbiaceae
 
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ပေါက်ရောက်ဖြစ်ထွန်းသည်။သမနွေးပိုင်းရာသီ ကို နှစ်သက်သော်လည်းပူပြင်း ခြောက်သွေ့သောဒေသများတွင်လည်း ဖြစ်ထွန်းသည်။ မြစ်နားကမ်းနား ချောင်းမြောင်းပေါသည့်
ဒေသများတွင် သဘာ၀အလျောက် ပေါက်ရောက်သည်။သဘာ၀အလျောက် ပေါက်ရောက်သော်လည်း ယခုအခါ အသီးမှ အဆီများ ထုတ်ယူရန်အတွက် ကျယ်ပြန့်စွာ စိုက်ပျိုးသည်ကို တွေ့ရသည်။မြေအမျိုးအစား။ ။ အလွန်စေးသည့်မြေမှ တစ်ပါး မည်သည့် မြေမဆို စိုက်ပျိုးနိုင်သည်။ တောင်ခြေရှိ မြေနီ ၊ မြေ၀ါ ၊ သဲဲမြေကြမ်းများတွင် စိုက်ရန် အထူးသင့်လျော်သည်။ မြေဖွာ၍ ရေစိမ့်၀င်နိုင်ရန် လိုအပ်သည်။ စိုက်ပျိုးမည့်မြေကို လိုအပ်သလို ပြုပြင်ပြီး မျိုးစေ့ကို တိုက်ရိုက်ချ၍ စိုက်ပျိုးရသည်။ အတန်းလိုက် စိုက်ပျိုးသင့်သည်။ တစ်တန်းနှင့် တစ်တန်း ၆ ပေ အကွာထားပြီး ၂ ပေကွာ အတန်းလိုက် ကျင်းကလေးများ တူး၍ တစ်ကျင်းလျှင် မျိုးစေ့ ၃-၄ စေ့ချပေးသင့်သည်။ စိုက်ပြီးလျှင် မျိုးစေ့များအား မြေဖြင့် ဖုံးပေးရမည်။ မြေခြောက်သွေ့နေလျှင် တွင်းစေ့အောင် ရေခံစိုက်သင့်သည်။ အစေ့မှအပင်ပေါက်ရန်၈ရက်၁၀ရက်ခန့်ကြာသည်။အပင်မြင့်၃ ပေခန့်ရှိသောအခါ ခေါက်နှိမ်ပေးခြင်းအားဖြင့် အကိုင်းအခက်များစွာ ဖြာထွက်လာပြီး အသီးထွက် ပိုမိုလာနိုင်သည်။ စိုက်ပြီး ၄ လအကြာတွင် ကြက်ဆူသီးများ ရင့်မှည့်လာ၍ ညိုလျက် ရှိသော အသီးများ ကွဲအက်စပြုလာသောအခါတွင် လက်ဖြင့် ဆွတ်ခူးရပါသည်။အသီးခူးချိန်အား ၃ လခန့် အထိ ဆက်လက် ခူးသွားနိုင်သည်။ဆွတ်ခူးပြီးအသီးများအား လုံး၀ခြောက်အောင်နေလှန်းထားခြင်းအားဖြင့် အသီးများ အက်ကွဲပြီး အစေ့များ ရရှိနိုင်ပါသည်။
 
 
♥ အပင်
 
ကြက်ဆူတွင် ရိုးနီ ၊ ရိုးစိမ်း ဟူ၍ ရှိသည်။ အမြဲစိမ်းလန်းသော ပင်ငယ်တစ်မျိုးဖြစ်၍ အမြင့် ၁၀ ပေ ထိရှိတတ်၏ ။ အပင်ကြီးထွားမှု မြန်သည်။ ပင်စည်ခေါင်းပွ ဖြစ်သည်။
 
♥ အရွက်
 
ရွက်လွှဲထွက်၏။ ရွက်ပြားကြီးပြီး အလွန်နက်သော အဟိုက်များ ၇-၈ ခုထိ ပါရှိသည်။ ရွက်နားတွန့်၏။ ရွက်ကြောများ ရွက်ညှာထိိပ်မှ စဖြာသည်။ ရွက်ညှာရှည်၍ တုတ်၏။ အရွက်နုစဉ် ရွက်ပြားနီညိုရောင် သို့မဟုတ် အစိမ်းရောင် ရှိ၏ ။ ရွက်ညှာတံနှင့် ရွက်ကြောအနီရောင် သို့မဟုတ် အစိမ်းရောင်ဖြစ်၏ ။
 
♥ အပွင့်
 
အဖိုပွင့် ၊ အမပွင့် ရှိ၏ ။ အသီး အသီးသည် အခိုင်လိုက်ပြွတ်၍ သီးသည် ။ အသီးသည် အချင်း ၁/၂ ၁ လက်မထိရှိ၍ ပျော့ပျောင်းသော ဆူးငယ်များရှိသည်။ အခန်း ၃ ခန်း ပါ၏ ။
 
♥ အစေ့
 
ကြွေစေ့ခန့်ရှိပြီး ရှည်မျောမျော ပုံဖြစ်သည်။ ပြောင်ချောနေသည်။ အညိုကြားနှင့် အဖြူကြား အနက်စသည်ဖြင့် အရောင်အမျိုးမျိုးရှိသည်။
 
► အသုံးဝင်ပုံ
 
အရွက် ၊ အစေ့ ၊ အစေ့ဆီ။
 
♥ အာနိသင်
 
မြန်မာဆေးကျမ်းများ အလိုအရ ကြက်ဆူသည် ချို၏ ။ ခါးသက်သက်ရှိ၏ ။ ပူသော ဂုဏ်သတ္တိရှိ၏ ။ ကြေကျက်ခဲ၏ ။ သုက်ကို ပွားစေ၏ ။ ၀မ်းသက်စေ၏ ။ ၀မ်းမီးကို တောက်စေ၏ ။ ထက်မြက်၏။ လေသလိပ်ကို နိုင်၏ ။
► အရွက်အသုံးပြုပုံ
 
၁ ။ အရွက်ကို ခေါင်း ကိုက်ပျောက်ဆေး၊ အနာအုံဆေး အဖြစ် အသုံးပြုသည်။
၂ ။ အရွက်ကို ရေဖြင့် သုံးခွက်တစ်ခွက်တင် ကျို၍ သောက်လျှင် လေသလိပ်အားကြီးခြင်း ၊ ေ၀ှးစေ့ကြီးခြင်း ၊ ဆီးအိမ်၌ ထုံကျင်ကိုက်ခဲခြင်းနှင့် လည်ချောင်းနာ ၊ သည်းခြေနာတို့ကို ပျောက်စေ၏။
 
► အစေ့အသုံးပြုပုံ
 
၁ ။ ကင်းဆိပ်ဖြေဆေးအဖြစ် အစေ့ကို သွေး၍ လိမ်းပေးရ၏ ။
၂ ။ လေချုပ်၊ အဖျား ၊ ချောင်းဆိုး၊ ၀မ်းဗိုက် ဖောရောင် ၊ ထိုးအောင့်ခြင်း ၊ ခါး ၊ ဆီးအိမ် ၊ ခေါင်းကိုက်ခဲခြင်း နှင့် ပန်းနာ ၊ နူနာ ၊ ဖျဉ်းဒူလာ ၊ အသည်း ရောဂါ၊ ၀မ်းကိုက်ရောဂါတို့အတွက် ဖော်စပ်သောဆေးများတွင် ထည့်သွင်းအသုံးပြု၏ ။
 
► အစေ့ဆီအသုံးပြုပုံ
 
၁ ။ အစေ့ဆီကိုပြုပြင်၍ ၀မ်းနုတ်ဆေးဖော်စပ်ရာတွင် သုံးသည်။
၂ ။ ကလေး လွယ်ကူစွာ ဖွားမြင်နိုင်ရန်အတွက် ကြက်ဆူဆီကို သုံး၏ ။
၃ ။ ကြက်ဆူဆီကို ဆံပင်သန်ဆေးအဖြစ်လည်း သုံး၏ ။
 
♦ မှတ်ချက်
 
အစေ့မှ တိုက်ရိုက်ထုတ်၍ ရသော အဆီကို စားသုံးဆေးအဖြစ် တိုက်ရိုက် သုံးစွဲ၍မရပါ။ ၎င်းအဆီမှ အဆိပ်ဖြစ်စေတတ်သော ဓာတ်များ ကို ထုတ်ပြီးမှ သောက်ဆေးအဖြစ် အသုံးပြုနိုင်သည်။ ကြက်ဆူစေ့ကို စားလျှင် သေနိုင်သည်။
 
== ကိုးကား ==
<references/>
 
[[Category:အပင်]]
[[Category:ရုက္ခဗေဒ]]
[[Category:ဆေးဖက်ဝင် အပင်များ]]