အစ္စလာမ်ဘာသာ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၇ -
=== နဗီတမန်တော်များ ===
အစ္စလာမ်ဘာသာရှိ နဗီဟုခေါ်သော တမန်တော်များသည် ဘုရားသခင်က သူ၏ စေတမန်အဖြစ် ဆောင်ရွက်ရန် ရွေးချယ်ခြင်း ခံရသည့် လူသားများဖြစ်သည်။ ကုရ်အာန်၏အဆိုအရ အေဗရာဟင်နှင့် အင်မရာန်တို့မှ ဆင်းသက်လာသူများသည် ဘုရားသခင်၏ အလိုတော်များကို လူသားများထံ ဆောင်ကျဉ်းယူဆောင်ရန် ရွေးချယ်ခံရလေသည်။ ထိုတမန်များသည် တန်ခိုးပြာဋိဟာအစွမ်းများ ပြသနိုင်သော်လည်း ဘုရားမဟုတ်၊ သာမန်လူသားများသာ ဖြစ်သည်ဟု ယုံကြည်ကြသည်။ အစ္စလာမ်ဘာသာအရ ထိုတမန်တော်များအားလုံးသည် ဘုရားသခင်၏ မိန့်ကြားချက်များကို ဟောကြားပို့သလေသည်။ ကုရ်အာန်ထဲတွင် အာဒမ်၊ နူးဟ်၊ အေဗရာဟင်၊ မိုးဇက်(မူဆာ)၊ ဂျီးဇက် (အီဆာ) အစရှိသည့် တမန်တော်များစွာ၏ နာမည်ကို ဖော်ပြထားသည်။ နောက်ဆုံးတွင်မူ ဘုရားသခင်သည် တမန်တော်မုဟမ္မဒ်အား နောက်ဆုံးပိတ်အဖြစ် ဘုရားသခင်၏ အမိန့်ဒေသနာများကို တစ်ကမ္ဘာလုံးအား ဟောကြားပို့သရန် စေလွှတ်လိုက်သည်။ အစ္စလာမ်ဘာသာတွင် မုဟမ္မဒ်၏ ဘဝနေထိုင်မှုကျင့်စဉ်များကို ဆွန္နသ်ဟုခေါ်ပြီး ဟောကြားပို့ချချက်များကို ဟဒီးဆ်ဟုခေါ်သည်။ မွတ်စလင်များအတွက် နေ့စဉ်ဘဝတွင် ထိုဆွန္နသ်နှင့် ဟဒီးဆ်များကို လိုက်နာကျင့်သုံးရန် အရေးကြီးလေသည်။ ဆွန္နသ်နှင့် ဟဒီးဆ်များသည် ကုရ်အာန်ကျမ်းစာကို အဓိပ္ပါယ်ကောက်ရာတွင်လည်း အရေးကြီးသည်ဟု ယူဆကြသည်။
 
=== သေပြီးတစ်ဖန် ပြန်လည်ရှင်သန်ထခြင်းနှင့် တရားစီရင်ခံရခြင်း ===
ကေယာမတ်ဟုခေါ်သော သေပြီးနောက် တစ်ဖန် ပြည်လည်ရှင်သန်ထကာ တရားစီရင်ခံရခြင်းမှာလည်း မွတ်စလင်များ၏ အရေးကြီးသော ယုံကြည်ချက်တစ်ခုဖြစ်သည်။ ကေယာမတ်ဖြစ်မည့်အချိန်သည် ဘုရားသခင်က ကြိုတင်သတ်မှတ်ထားပြီး လူသားများ မသိရှိနိုင်ဟု ယုံကြည်ကြသည်။ ကေယာမတ်နေ့မတိုင်မီနှင့် ထိုနေ့၌ ဖြစ်ပွားမည့် အဖြစ်အပျက်များကို ကုရ်အာန်နှင့် ဟဒီးဆ်များတွင် အတိအလင်း ဖော်ပြထားလေသည်။
 
ကုရ်အာန်ထဲတွင် လူသားများကို ငရဲသို့ လားစေနိုင်သည့် ဘုရားသခင်အား ယုံကြည်မှုကင်းမဲ့ခြင်း၊ ဘုရားသခင်နှင့် တုဖက်နိှုင်းယှဉ် ကိုးကွယ်ခြင်း စသည့် အကုသိုလ်အချို့ကို ဖော်ပြထားသည်။ မွတ်စလင်များက ကောင်းကင်ဘုံအား ပျှော်ရွှင်ဖွယ် သုခဘုံဟု မြင်ပြီး ကုရ်အာန်ထဲတွင်လည်း ကောင်းကင်ဘုံ၏ features and the physical pleasures များကို ဖော်ပြထားသည်ကို တွေ့ရသည်။
 
=== ကြိုတင်ပြဌာန်းထားမှု (နဖူးစာ ခေါ် Taqdir )===