ကဏ္ဍ:စီးပွားရေး: တည်းဖြတ်မှု မူကွဲများ

"စီးပွားရေး (သို..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
စာမျက်နှာကို ဗလာလုပ်လိုက်သည်
စာကြောင်း ၁ -
စီးပွားရေး (သို့) စီးပွားရေးစနစ်တွင် ကုန်ထုတ်လုပ်မှု့၊ ဖြန့်ချီရေး (သို့) ကုန်သွယ်မှု့ နှင့် ကန့်သတ်ချက်ရှိသော ကုန်စည်များ နှင့် ၀န်ဆောင်မှု့များကို နယ်မြေတစ်ခုအတွင်း အမျိုးမျိုးသော ကိုယ်စားလှယ်တို့မှ သုံးစွဲမှု့ စသည်တို့ ပါ၀င်ပါသည်။ စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်များသည် သီးခြားရပ်တည်သူများ၊ စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများ (သို့) အစိုးရအဖွဲ့အစည်းများ စသည်တို့ ဖြစ်နိုင်ပါသည်။ ထိုဖလှယ်မှု့လုပ်ငန်းသည် ပါ၀င်သူနှစ်ဦးက ဖလှယ်မည့်ကုန်ပစ္စည်း (သို့) ၀န်ဆောင်မှု့၏ သတ်မှတ်ငွေကြေးစနစ်ဖြင့် ဖော်ပြထားသော တန်ဖိုး သို့ ဈေးနှုန်းတစ်ခုကို သဘောတူညီမှု့ရရှိလျှင် ဖြစ်ပေါ်သည်။
 
ယခင်အခါက စီးပွားရေးဆိုင်ရာ ဆောင်ရွက်မှု့များသည် သဘာ၀သယံဇာတများ၊ လုပ်သားများ နှင့် ရင်းနှီးမြှုပ်နှံမှု့များ စသည်တို့ဖြင့် စုပေါင်းထားသည်ဟု ယူဆခဲ့ကြသည်။ ထိုအမြင်သည် အတတ်ပညာ၏ရလဒ်ဖြစ်သော နည်းပညာ၏တန်ဖိုး (အလိုလျောက်လုပ်ဆောင်မှု့၊ လုပ်ငန်းဆောင်ရွက်မှု့ ကို မြန်ဆန်လာစေမှု့၊ ကုန်ကျစရိတ်လျော့ကျလာမှု့)၊ နှင့် ဆန်းသစ်ပြောင်းလဲမှု့ (ကုန်စည်အသစ်များ၊ ၀န်ဆောင်မှု့များ၊ လုပ်ငန်းဆောင်ရွက်မှု့များ၊ ဈေးကွက်အသစ်များ၊ ဈေးကွက်ချဲ့ထွင်မှု့များ၊ ဈေးကွက် ကွဲပြားခြားနားမှု့များ၊ ဈေးကွက်ထိုးဖောက်မှု့များ၊ အမြတ်ငွေတိုးပွားမှု့နည်းအသစ်များ) စသည်တို့ကို လျစ်လျူရှု့ထားလျက် ရှိသည်။
 
စီးပွားရေးစနစ်တစ်ခုသည် ယဉ်ကျေးမှု့၊ တန်ဖိုးထားမှု့၊ ပညာရေး၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှု့၊ သမိုင်းကြောင်း၊ လူမှု့အဖွဲ့အစည်း၊ နိုင်ငံရေး ဖွဲ့စည်းပုံ နှင့် ဥပဒေစနစ်၊ ထိုနိုင်ငံ၏ မြေမျက်နှာသွင်ပြင်အနေအထား၊ သဘာ၀အရင်းမြစ်တည်ရှိမှု့၊ ဂေဟစနစ် စသည့် အဓိကအခြေခံအကြောင်းအရာတို့၏ ဆောင်ရွက်မှု့ လုပ်ငန်းစဉ်တို့၏ ရလဒ်ဖြစ်သည်။
 
=စီးပွားရေးတိုင်းတာချက်များ=
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကို တိုင်းတာနိုင်သော နည်းလမ်းများ အမြောက်အမြားရှိသည်။ ထိုကဲ့သို့ စီးပွားရေးကို တိုင်းတာနိုင်သော အချက်များတွင် အောက်ပါနည်းလမ်းများ ပါ၀င်သည်။
* စားသုံးသူ၏သုံးစွဲမှု့ (Consumer Spending)
* ငွေကြေးလှဲလှယ်နှုန်း (Exchange Rate)
* ရင်းနှီးမြှုပ်နှံမှု့တစ်ခု၏ ဂျီဒီပီ (GDP per capital)
* ဂျီအန်ပီ (GNP)
* စတော့ဈေးကွက် (Stock Market)
* အတိုးနှုန်း (Interest Rate)
* နိုင်ငံ၏အကြွေး(Government Debt)
* ငွေကြေးဖောင်းပွမှု့နှုန်း (Rate of Inflation)
* အလုပ်လက်မဲ့နှုန်း (Unemployment)
* ကုန်သွယ်မှု့ဟန်ချက် (Balance of Trade)
 
==ဂျီဒီပီ==
နိုင်ငံတစ်နိုင်ငံ၏ ဂျီဒီပီသည် ထိုနိုင်ငံ၏ စီးပွားရေး ပမာဏကို တိုင်းတာနိုင်သည်။
 
 
 
 
==ကိုးကားချက်==
https://en.wikipedia.org/wiki/Economy