"ထိုးမြဲလတ်မှတ်" ၏ တည်းဖြတ်မှု မူကွဲများ

၁၃၅ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၇ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
("လူ​တစ်​ဦး တစ်​..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်)
 
[[File:ThiPawmin Sing.jpg|temb|သီ​ပေါ​မင်း​၏ ထိုး​မြဲ​လက်မှတ်]]
 
လူ​တစ်​ဦး တစ်​ယောက်​အဖို့ သူ​၏ ထိုး​မြဲ​လက်မှတ်​သည် လူ​မှု​ရေး၊ စီးပွား​ရေး၊ နိုင်ငံ​ရေး​ပါ​မ​ကျန် တစ်​သက်​တာ​ပတ်လုံး သူ​၏​ကိုယ်စား​ဖြစ်​သည်​သာ​မက တစ်​ခါ​တစ်​ရံ အဖွဲ့​အစည်း​တစ်​ခု​မှ​သည် လူ​မျိုး​တစ်​မျိုး တိုင်း​ပြည်​တစ်​ပြည်​လုံး​အတွက် ကိုယ်စား​ပြု​ရ​သည်​အထိ တန်ဖိုး​ကြီးမား​နိုင်​ပါ​သည်။ ကမ္ဘာပေါ်​ရှိ ယဉ်ကျေး​သော​လူ​မျိုး​တွင် စာပေ​ဟူ၍ ဦး​စွာပေါ်​ပေါက်​ခဲ့​ပြီး​နောက် မိမိ​၏​အမည်​ကို ကမ္ပည်း​ရေး​ထိုး​ရာ​မှ
တစ်​ဆင့် လက်မှတ်​ရေး​ထိုး​ခြင်း အလေ့​အထ ပေါ်ပေါက်​လာ​ခဲ့​သည်။ အရေး​ပါ​အရာ​ရောက်​သော အကြောင်း​တစ်​ခု⁠ခု​ကို ခိုင်လုံ​တည်​မြဲ​စေ​ရန် ရေးမှတ်​ကြ​ရ​သည့်​အခါ (စာမ​တတ်​သူ​တို့​အဖို့ လက်မ​နှပ်​ခြင်း၊ ကြက်ခြေခတ်​ခြင်း​များ ပြု​ကြသော်​လည်း) စာတတ်​သူ​အဖို့ ထိုး​မြဲ​လက်မှတ်​ကို သူ​၏ ကိုယ်စား​အဖြစ် ရေး​ထိုး​ကြ​သည်။
==ရှားပါး​သော ထိုး​မြဲ​လက်မှတ်​ကို ဝယ်​ယူ​ခြင်း==
ကမ္ဘာ​လောက​တွင် စား​သောက်​ဖွယ်​ဖြစ်​စေ၊ အထည်အလိပ်​ဖြစ်​စေ၊ လူ​သုံး​ပစ္စည်း​ဖြစ်​စေ ရှားပါး​လာ​လျှင် တန်ဖိုး​ကြီးမား​လာ​သည်မှာ ဓမ္မတာ​ပင်​ဖြစ်​သည်။ ယခု​အခါ ကမ္ဘာ​အရပ်​ရပ်​မှ ရှေး​ဟောင်း​ရှားပါး​ပစ္စည်း စုဆောင်း​သူ​များ​သည် လက်ရာ​မြောက်​ပစ္စည်း​များ၊ အမှတ်တရ ပစ္စည်း​များ၊ သမိုင်း​ဝင်​ပစ္စည်း​များ​သာ​မက အော်​တို​များ​နှင့် ရှားပါး​သော ထိုး​မြဲ​လက်မှတ်​များ​ကို​ပါ ဝယ်​ယူ​စုဆောင်း နေ​ကြ​သည်။
ထင်ပေါ်ကျော်​ကြား​သော ပုဂ္ဂိုလ်​တို့​၏ ရှားပါး​သော ထိုး​မြဲ​လက်မှတ်​များ​သည် တန်ဖိုး​ကြီးမား​သည်​သာ​မက အချိန်​ကြာ​မြင့်​သည်​နှင့်​အမျှအချိန်​ကြာမြင့်​သည်​နှင့်​အမျှ ငွေ​ကြေး​များ​စွာ​ပေး​မှ ဝယ်​ယူ​ရ​ရှိ​နိုင်​မည့် အကြောင်း​ကို လမ်း​ညွှန် ပြသ​သွား​သူ​များ​အနက် ထင်ရှား​သူ​တစ်​ယောက်​မှာ နာ​မည်ကျော် [[ဂျိမ်းစ်​ဘွန်း]]ရုပ်​ရှင်​ဝတ္ထု​များ​ကို ရေးသား​ခဲ့​သော စာရေး​ဆရာ​ကြီး [[အိုင်​ယင်​ဖ​လင်း​မင်း]] ပင်​ဖြစ်​သည်။
<ref>သန်း​ဝင်း​လှိုင်​၏ စကားပြော​နေ​သော လက်ရေး​ကလေး​များ​နှင့် လက်မှတ်​ကို​ကြည့်​၍ လူကဲခတ်​ခြင်း စာအုပ်​မှ</ref>[[User:Mayor mt|Mayor mt]] ([[User talk:Mayor mt|talk]]) ၁၇၁​၇:၃၄၊၃​၄၊ ၂၈၂​၈ ဇွန်​ဇွန် ၂၀၁၄၂​၀​၁​၄ (UTC)
==ကိုး​ကား==
<references/>
၂၆၃၄၂

တည်းဖြတ်မှုများ