ကျိုက္ကဆံစေတီတော်: တည်းဖြတ်မှု မူကွဲများ

Undo revision 212914 by Mayor mt (talk)
အရေးမကြီးNo edit summary
စာကြောင်း ၈ -
| ကျော်​ကြား​မှု=
| ဘုရားပွဲတော်​နေ့=
}}
 
 
ကျိုက္က​ဆံ​စေ​တီတော်​မြတ်​ကြီး​သည် ဘုရား​ကိုး​ဆူ အဓိဋ္ဌာန်​ဝင် ဘုရား​တစ်​ဆူ​ဖြစ်​ပြီး ရန်ကုန်တိုင်း၊ သင်္ဃန်း​ကျွန်း မြို့​နယ် အတွင်း တန်ခိုးကြီး​စေ​တီတော်​အဖြစ် ထင်ရှား​လျက် ရှိ​သည်။
==ဘုရား​သမိုင်း==
Line ၂၇ ⟶ ၂၅:
ရဟန္တာ​အရှင်​မြတ်၊ သီ​ဟ​ဒီပ​မင်း​တို့​နှင့်​အတူ မင်း​မိဖုရား၊ အမှူး​ပြု​သည့်​မင်းညီမင်းသား၊ ပုဏ္ဏား၊ သူဌေး​သူကြွယ် များ​ကုန်သည်​လယ်ယာ​လုပ်​သူ​များ စ​သည့်​မင်း​ပရိသတ်​စုံညီ​စွာ​ဖြင့် ဆံတော်​ဓာတ်တော်​များ​အား​မင်း​ခင်း​မင်း​နား​ဖြင့် ပင့်ဆောင်​ခဲ့​၏။ ပထမ​ပတိ​က​ကုန်းတော်​သို့ ရောက်​လျှင် ဆံတော်​နှင့်​အတူ ဓာတ်တော်​များ​အား၊ ခု​နှစ်​ရက်​တိုင်​တိုင် ပူဇော်​ပွဲ​သဘင် ဆင်ယင်​ကျင်းပ​ခဲ့​၏။ ထို့​အတူ ထို​နှစ် တပို့တွဲ​လ​ပြည့် မင်္ဂလာ​အခါတော်​နေ့​၌ ရွှေ​အုတ်၊ ငွေ​အုတ်၊ ပတ္တမြား​အုတ် စ​သည့် ရတနာ အုတ်​ကျောက်​များ ဆောက်​လုပ်​အပ်​သည့် ဂန္ဓာ​ကု​ဋိ​တိုက် တော်​ဝယ် ဆံတော်(၆)ဆူ၊ ဓာတ်တော်(၁​၀)ဆူ​တို့​အား၊ ရွှေ ကြုတ်၊ ငွေ​ကြုတ်၊ ပတ္တမြား​ကြုတ်​စ​သည့်​ကြုတ်(၇)ထပ်​စီ​တန်း​လျှက် ဌာပနာ​ပြုတော်​မူ​ခဲ့​၏။ ယင်း​ကဲ့သို့​ပင် ရဟန္တာ​အရှင်​မြတ်​တို့ ရှိခိုးပူဇော်​ဟန် ရုပ်​ထု​အား လည်းကောင်း​သီ​ဟ​ဒီပ​မင်းကြီး​မှ ပူဇော်​နေ​ဟန် ရုပ်​ထုတော်​ကို​လည်းကောင်း ရွှေ​အတိ​ဖြင့်​သွန်းလောင်း​လျက် ဌာပနာတိုက်​အတွင်း​သို့ သွင်း​လျှက် စေ​တီတော်​ကြီး​အား တည်ထား​ကိုး​ကွယ်တော်​မူ​ခဲ့​၏။
[[File:ShinYaTha.jpg|thumb|ရှင်​ယသ သိမ်တော်]]
 
 
ကျိုက္က​ဆံ​စေ​တီတော်​နှင့် ရှင်​ယသ​သိမ်တော်​အား တည်ထား​သ​မုတ်တော်​မူ​ပြီး​နောက် ရဟန္တာ(၈)ပါး​၏ ဦးစီး ခေါင်းဆောင် ရှင်​ယသ​မထေရ်​မြတ် ပရိနိဗ္ဗာန်​စံတော်​မူ​ခဲ့​၏။
သာသနာပြု​လုပ်​ငန်း​စတင်​ချိန်​၌ ရှင်​ယသ ရဟန္တာ အရှင်​မြတ် ပရိနိဗ္ဗာန်​ပြု​ခဲ့​သည့်​အတွက် ကြေကွဲ​ဝမ်းနည်း​ခဲ့​ရ​၏။ ရဟန္တာ​အရှင်​မြတ်​၏ ရုပ်​အလောင်း​အား ခမ်းနား​ကြီးကျယ်​စွာ ပူဇော်​သ​ဂြိုဟ်​မှု​ပြု​ခဲ့​၏။ ရှင်​ယသ​၏ အရိုး​ဓာတ်တော်​အား ဌာပနာ​၍ စေတီ​တည်ထား​ကိုးကွယ်​ရာ ရှင်​ယသ​ဓာတု​စေတီ​ဟု တွင်​၏။ ရှင်​ယသ​ဓာတု​စေတီ​မှာ သမိုင်း​ဝင် ကျိုက္က​ဆံ စေ​တီတော်​၏ အနောက်တောင်​ဘက် ပေ (၁​၀⁠၀​၀) နီးပါး​ခန့်​အကွာ​၌ တည်​ရှိ နေ​၏။